အလုပ်ပိလွန်းတဲ့အချိန်မျိုးမှာဝန်ထမ်းတွေစိတ်အားတက်ကြွနေအောင်ဘာတွေလုပ်ပေးမလဲ

လုပ်ငန်းတိုင်းမှာ အလုပ်ရှင်အတွက်ရော၊ အလုပ်သမားတွေအတွက်ပါ စိတ်ဖိစီးရတဲ့အချိန်၊အလုပ်ဖိစီးလွန်းတဲ့အချိန်ဆိုတာရှိကြစမြဲပါ။ ကိုယ်ကမန်နေဂျာ၊ ဒါမှမဟုတ်ခေါင်းဆောင်တစ်ဦးဖြစ်နေခဲ့မယ်ဆိုရင်ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ဝန်ထမ်းတွေကိုစိတ်အားတက်ကြွအောင်လုပ်ဆောင်ပေးနိုင်ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ပင်ပန်းတဲ့အပြင်စိတ်ဖိစီးမှုများလွန်းတဲ့ကာလမျိုးတွေမှာ ဒီအချက်တွေကိုမဖြစ်မနေလုပ်ဆောင်ပေးပြီး ဝန်ထမ်းတွေကို Motivate ဖြစ်စေနိုင်ပါတယ်။

ဆက်သွယ်ပြောဆိုမှုမြန်ဆန်ပါစေ၊ ပွင့်လင်းမြင်သာရှိပါစေ
စိတ်ဖိစီးမှုများတဲ့ကာလမှာ ကိုယ်ကဝန်ထမ်းတွေနဲ့များများစကားပြောပေးတာ၊ သွားရမယ့် Goal တွေကိုရှင်းရှင်းလင်းလင်းချမှတ်ပေးတာ၊ Feedback မြန်မြန်ဆန်ဆန်ပေးတာမျိုးတွေကဝန်ထမ်းတွေကိုစိတ်ကျေနပ်မှုပေးစွမ်းပါတယ်။ ဒီအချိန်မျိုးမှာရှေ့တဆင့်တိုးဖို့ခေါင်း ဆောင်ရဲ့ဆုံးဖြတ်ချက်ကို အကြာကြီးစောင့်နေရတာမျိုးကပိုပြီးစိတ်ဖိစီးမှုများစေနိုင်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့စိတ်ကူး စိတ်သန်းတွေ၊ထင်မြင်ချက်တွေကို ပေါ့ပေါ့ပါးပါးနဲ့အလွယ်တကူပြောဆိုနိုင်ဖို့လိုပါတယ်။ကိုယ်ကလည်းအလုပ်နဲ့ပတ်သက်သမျှကို ပွင့်လင်းမြင်သာမှုရှိစွာ၊ ရိုးသားစွာပြောပြနိုင်ရပါမယ်။

ပျော်စရာကောင်းတဲ့အလုပ်ခွင်လေးဖန်တီးပါ
ဝန်ထမ်းတွေအလုပ်ပိုလုပ်နိုင်ဖို့အတွက် အရာရာကိုတင်းကျပ်လွန်းတာမျိုးတွေရှောင်ပါ။ ကိုယ့်ရဲ့ကိုယ်အမူအရာ၊ စကားပြောဆိုမှုတွေကလည်းအရင်ထက်ပိုညင်သာဖို့လိုပါတယ်။ဝန်ထမ်းတွေခဏစိတ်အနားပေးနိုင်မယ့် နေရာလေးတွေဖန်တီးပေးပါ။ နေ့လယ်စာကျွေးတာ၊
ဂိမ်းလေးတွေပေးဆော့တာ၊ ခဏအိပ်စက်ခွင့်ပေးတာမျိုးတွေလုပ်ဆောင်နိုင်ပါတယ်။ပျော်စရာကောင်းတဲ့လုပ်ငန်းခွင်သတ်မှတ်ချက်ထဲမှာကိုယ်လုပ်ရမယ့်အလုပ်ကိုရှင်းရှင်းလင်းလင်းသိတာ၊ အဖွဲ့တစ်ခုလုံးရဲ့ရည်မှန်းချက်ကိုနားလည်တာ၊ဘယ်လိုသွားရမယ်ဆိုတာကိုသိနားလည်တာ စတဲ့အချက်တွေကလည်းအကျုံးဝင်နေပါတယ်။

လုံလောက်တဲ့ပံ့ပိုးမှုရှိပါစေ
စိတ်ခံစားချက်ထိရှလွယ်နေတဲ့ ကိုဗစ်ကာလလိုမျိုးနဲ့ အလုပ်အတွက်စိတ်ဖိစီးလွန်းတဲ့ကာလမျိုးတွေမှာအခြေခံလိုအပ်ချက်တွေကိုများများဖြည့်ဆည်းပေးနိုင်ရပါမယ်။ လိုအပ်တဲ့ Equipment ၊ Tools နဲ့ Software တွေအဆင်သင့်ရှိရမှာဖြစ်သလို ဝန်ထမ်းတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း သင်တန်းတွေ၊ Workshop တွေစီစဉ်ပေးသင့်ပါတယ်။ သူတို့ရဲ့ Productivity ကိုကြည့်ပြီးအလုပ်ချိန်ကိုညှိနှိုင်းပေးတာမျိုးလုပ်နိုင်ပါတယ်။

အောင်မြင်မှုတိုင်းကိုပွဲခံပါ
အလုပ်နဲ့ပတ်သက်တဲ့ အောင်မြင်မှုသေးသေးပဲဖြစ်ဖြစ်၊ ကြီးကြီးပဲဖြစ်ဖြစ်ဒီလိုအချိန်ကာလမျိုးမှာအားလုံးကို Celebrate လုပ်ပါ။ အောင် မြင်မှုတွေကိုများများပွဲခံခြင်းက စိတ်ဖိစီးမှုတွေကိုပြေလျော့စေပြီးအလုပ်လုပ်ချင်စိတ်ကိုဆက်လက်တိုးပွားစေပါတယ်။ ဝန်ထမ်းတွေကို လှိုက်လှိုက်လှဲလှဲချီးကျူးပေးပါ။အောင်မြင်မှုကို Celebrate လုပ်တဲ့နေရာမှာ ပွဲအကြီးကြီးလုပ်မှမဟုတ်ပါဘူး။ နေ့လယ်စာဝယ်ကျွေးတာ၊ဂိမ်းဆော့ပြီးဆုချတာ၊ Team-building activity လေးတွေလုပ်ဆောင်တာမျိုးတွေကဝန်ထမ်းတွေကိုပျော်ရွှင်တက်ကြွစေပါတယ်။
ဒီအချက်တွေကိုအသုံးချကြည့်မယ်ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းခွင်ကို ရလဒ်ကောင်းတွေလည်းရ၊ကျေနပ်စရာလည်းကောင်းတဲ့လုပ်ငန်းခွင်အဖြစ် ဆက်လက်တည်ရှိနေစေမှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

လုပ္ငန္းတိုင္းမွာ အလုပ္ရွင္အတြက္ေရာ၊ အလုပ္သမားေတြအတြက္ပါ စိတ္ဖိစီးရတဲ့အခ်ိန္၊အလုပ္ဖိစီးလြန္းတဲ့အခ်ိန္ဆိုတာရွိၾကစၿမဲပါ။ ကိုယ္ကမန္ေနဂ်ာ၊ ဒါမွမဟုတ္ေခါင္းေဆာင္တစ္ဦးျဖစ္ေနခဲ့မယ္ဆိုရင္ဘယ္လိုအေျခအေနမွာျဖစ္ျဖစ္ဝန္ထမ္းေတြကိုစိတ္အားတက္ႂကြေအာင္လုပ္ေဆာင္ေပးႏိုင္ရမွာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ အလုပ္ပင္ပန္းတဲ့အျပင္စိတ္ဖိစီးမႈမ်ားလြန္းတဲ့ကာလမ်ိဳးေတြမွာ ဒီအခ်က္ေတြကိုမျဖစ္မေနလုပ္ေဆာင္ေပးၿပီး ဝန္ထမ္းေတြကို Motivate ျဖစ္ေစႏိုင္ပါတယ္။

ဆက္သြယ္ေျပာဆိုမႈျမန္ဆန္ပါေစ၊ ပြင့္လင္းျမင္သာရွိပါေစ
စိတ္ဖိစီးမႈမ်ားတဲ့ကာလမွာ ကိုယ္ကဝန္ထမ္းေတြနဲ႔မ်ားမ်ားစကားေျပာေပးတာ၊ သြားရမယ့္ Goal ေတြကိုရွင္းရွင္းလင္းလင္းခ်မွတ္ေပးတာ၊ Feedback ျမန္ျမန္ဆန္ဆန္ေပးတာမ်ိဳးေတြကဝန္ထမ္းေတြကိုစိတ္ေက်နပ္မႈေပးစြမ္းပါတယ္။ ဒီအခ်ိန္မ်ိဳးမွာေရွ႕တဆင့္တိုးဖို႔ေခါင္း ေဆာင္ရဲ႕ဆုံးျဖတ္ခ်က္ကို အၾကာႀကီးေစာင့္ေနရတာမ်ိဳးကပိုၿပီးစိတ္ဖိစီးမႈမ်ားေစႏိုင္ပါတယ္။ ဝန္ထမ္းေတြအေနနဲ႔ သူတို႔ရဲ႕စိတ္ကူး စိတ္သန္းေတြ၊ထင္ျမင္ခ်က္ေတြကို ေပါ့ေပါ့ပါးပါးနဲ႔အလြယ္တကူေျပာဆိုႏိုင္ဖို႔လိုပါတယ္။ကိုယ္ကလည္းအလုပ္နဲ႔ပတ္သက္သမွ်ကို ပြင့္လင္းျမင္သာမႈရွိစြာ၊ ႐ိုးသားစြာေျပာျပႏိုင္ရပါမယ္။

ေပ်ာ္စရာေကာင္းတဲ့အလုပ္ခြင္ေလးဖန္တီးပါ
ဝန္ထမ္းေတြအလုပ္ပိုလုပ္ႏိုင္ဖို႔အတြက္ အရာရာကိုတင္းက်ပ္လြန္းတာမ်ိဳးေတြေရွာင္ပါ။ ကိုယ့္ရဲ႕ကိုယ္အမူအရာ၊ စကားေျပာဆိုမႈေတြကလည္းအရင္ထက္ပိုညင္သာဖို႔လိုပါတယ္။ဝန္ထမ္းေတြခဏစိတ္အနားေပးႏိုင္မယ့္ ေနရာေလးေတြဖန္တီးေပးပါ။ ေန႔လယ္စာေကြၽးတာ၊
ဂိမ္းေလးေတြေပးေဆာ့တာ၊ ခဏအိပ္စက္ခြင့္ေပးတာမ်ိဳးေတြလုပ္ေဆာင္ႏိုင္ပါတယ္။ေပ်ာ္စရာေကာင္းတဲ့လုပ္ငန္းခြင္သတ္မွတ္ခ်က္ထဲမွာကိုယ္လုပ္ရမယ့္အလုပ္ကိုရွင္းရွင္းလင္းလင္းသိတာ၊ အဖြဲ႕တစ္ခုလုံးရဲ႕ရည္မွန္းခ်က္ကိုနားလည္တာ၊ဘယ္လိုသြားရမယ္ဆိုတာကိုသိနားလည္တာ စတဲ့အခ်က္ေတြကလည္းအက်ဳံးဝင္ေနပါတယ္။

လုံေလာက္တဲ့ပံ့ပိုးမႈရွိပါေစ
စိတ္ခံစားခ်က္ထိရွလြယ္ေနတဲ့ ကိုဗစ္ကာလလိုမ်ိဳးနဲ႔ အလုပ္အတြက္စိတ္ဖိစီးလြန္းတဲ့ကာလမ်ိဳးေတြမွာအေျခခံလိုအပ္ခ်က္ေတြကိုမ်ားမ်ားျဖည့္ဆည္းေပးႏိုင္ရပါမယ္။ လိုအပ္တဲ့ Equipment ၊ Tools နဲ႔ Software ေတြအဆင္သင့္ရွိရမွာျဖစ္သလို ဝန္ထမ္းေတြရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္လည္း သင္တန္းေတြ၊ Workshop ေတြစီစဥ္ေပးသင့္ပါတယ္။ သူတို႔ရဲ႕ Productivity ကိုၾကည့္ၿပီးအလုပ္ခ်ိန္ကိုညႇိႏႈိင္းေပးတာမ်ိဳးလုပ္ႏိုင္ပါတယ္။

ေအာင္ျမင္မႈတိုင္းကိုပြဲခံပါ
အလုပ္နဲ႔ပတ္သက္တဲ့ ေအာင္ျမင္မႈေသးေသးပဲျဖစ္ျဖစ္၊ ႀကီးႀကီးပဲျဖစ္ျဖစ္ဒီလိုအခ်ိန္ကာလမ်ိဳးမွာအားလုံးကို Celebrate လုပ္ပါ။ ေအာင္ ျမင္မႈေတြကိုမ်ားမ်ားပြဲခံျခင္းက စိတ္ဖိစီးမႈေတြကိုေျပေလ်ာ့ေစၿပီးအလုပ္လုပ္ခ်င္စိတ္ကိုဆက္လက္တိုးပြားေစပါတယ္။ ဝန္ထမ္းေတြကို လႈိက္လႈိက္လွဲလွဲခ်ီးက်ဴးေပးပါ။ေအာင္ျမင္မႈကို Celebrate လုပ္တဲ့ေနရာမွာ ပြဲအႀကီးႀကီးလုပ္မွမဟုတ္ပါဘူး။ ေန႔လယ္စာဝယ္ေကြၽးတာ၊ဂိမ္းေဆာ့ၿပီးဆုခ်တာ၊ Team-building activity ေလးေတြလုပ္ေဆာင္တာမ်ိဳးေတြကဝန္ထမ္းေတြကိုေပ်ာ္႐ႊင္တက္ႂကြေစပါတယ္။
ဒီအခ်က္ေတြကိုအသုံးခ်ၾကည့္မယ္ဆိုရင္ ကိုယ့္ရဲ႕လုပ္ငန္းခြင္ကို ရလဒ္ေကာင္းေတြလည္းရ၊ေက်နပ္စရာလည္းေကာင္းတဲ့လုပ္ငန္းခြင္အျဖစ္ ဆက္လက္တည္ရွိေနေစမွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*