လစာကောင်းတဲ့အလုပ်ရအောင် ဘယ်လိုလုပ်ကြမလဲ

လူတိုင်းကလခကောင်းတဲ့အလုပ်တွေကိုလိုချင်ကြမှာပါ။ကိုယ်နဲ့ရွယ်တူတန်းတူသူငယ်ချင်းတွေချင်းယှဉ်တဲ့အခါ လစာနည်းခြင်းကကိုယ့်အတွက်အားငယ်စရာဖြစ်လာသလို စားဝတ်နေရေးအတွက်လုံလောက်ပြီးအပိုလေးတွေသုံးစွဲနိုင်မှလည်း ဘဝကနေပျော်စရာကောင်းနေမှာပါ။ဒါကြောင့်လစာကောင်းတဲ့အလုပ်ကိုလူတွေပိုပြီးစိတ်ဝင်စားတာ မက်မောတာဟာဖြစ်သင့်တဲ့အရာတစ်ခုပါ။ အလုပ်စလုပ်ပြီဆိုက တည်းက ကိုယ်ရွေးချယ်လိုက်တဲ့ Career မှာဆရာတစ်ဆူဖြစ်အောင်လုပ်ပြီး နောက်ဆုံးမှာ Financial Freedom ဖြစ်ဖို့ဆိုတာရည်မှန်း ချက်ကြီးသူတိုင်းစဉ်းစားထားတဲ့အရာဖြစ်ပါတယ်။အဲဒီလိုမဟုတ်ဘဲ နေသာသလိုနေမယ်၊ သက်သာသလိုနေမယ်၊ ဘာရည်မှန်းချက်မှမထားဘူးဆိုရင်တော့အသက်ကြီးလာပေမယ့် ရနေတဲ့ဝင်ငွေကလွန်ခဲ့တဲ့ ၅ နှစ်ကနဲ့သိပ်ကွာဟမှာမဟုတ်သလိုဘဝကလည်းပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဒါကြောင့် လစာကောင်းတဲ့အလုပ်ကိုလိုချင်သူတွေ၊ ကိုယ့် Career ကိုတဆင့်ပြီးတဆင့်မြှင့်ချင်သူတွေအတွက်လက် တွေ့ကျတဲ့နည်းလမ်းတွေကိုမျှဝေပေးချင်ပါတယ်။အခုမျှဝေထားတဲ့အချက်လေးတွေကို မှတ်စုစာအုပ်မှာချရေးပြီးတော့ပဲဖြစ်ဖြစ်တွေးဆအဖြေရှာတာကပိုပြီးကောင်းမွန်ပါတယ်။

– ကိုယ်ဘယ်လောက်ပမာဏထိလစာဝင်ငွေလိုချင်တာလဲ၊ဘာ့ကြောင့်လိုချင်ရတာလဲဆိုတာကိုစဉ်းစားအဖြေရှာပါ။

– အခုငါလုပ်နေတဲ့အလုပ်မှာရော ငါလိုချင်တဲ့ဝင်ငွေကိုရနိုင်ပါ့မလား၊ကုမ္ပဏီဘက်ကပေးနိုင်စွမ်းရှိလားဆိုတာကို လေ့လာသင့်ပါတယ်။

– တကယ်လို့ပေးနိုင်ခဲ့တယ်ဆိုရင် အဲဒီလိုလစာရဖို့မဖြစ်မနေငါဘာတွေလုပ်နိုင်သလဲဆိုတာကိုစဉ်းစားသင့်ပါတယ်။ အလုပ်လုပ်ရတာချင်းတူ ရာထူးချင်းတူရင်တောင်ပိုတော်တဲ့ဝန်ထမ်းကလစာပိုသာနေတတ်တာသဘာဝပါ။

– ဒီလိုသိလာပြီဆိုရင် ကိုယ်လုပ်ရမယ့် Goal တွေချမှတ်ပါ။ ရှိရင်းစွဲအလုပ်မှာ Performance ပိုကောင်းအောင်ကြိုးစားသင့်ပါတယ်။

– ကိုယ့်အလုပ်နဲ့ဆက်နွယ်တဲ့တခြားသော Skills တွေပိုဖြည့်တင်းပါ။ ဥပမာ – Content Writer ချင်းတူရင်တောင် Photoshop နဲ့ Design ပိုင်းနည်းနည်းရသူကအလုပ်မှာပိုမျက်နှာရပြီးလစာပိုများနေတတ်ပါတယ်။ တချို့သော Content တွေအတွက်ပုံလိုအပ်လာတဲ့အခါ သူကပိုပြီးအဆင်ပြေအောင်လုပ်ဆောင်နိုင်လို့ဖြစ်ပါတယ်။

– လစာကောင်းချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ Leadership Skill ၊ Communication Skill ကိုအမြဲမြှင့်တင်နေဖို့လိုပါတယ်။

– ကိုယ့်အလုပ်မှာကြိုးစားရင်ကြိုးစားသလို လစာတိုးနိုင်တဲ့အခွင့်အရေးတွေရှိတယ်၊တဆင့်ပြီးတဆင့်တက်သွားနိုင်တဲ့အခြေအနေမျိုးရှိတယ်ဆိုရင် ကိစ္စမရှိပေမယ့်အဲဒီလိုအနေအထားမျိုးမရှိဘူးဆိုရင်တော့ လစာကောင်းကောင်းပေးနိုင်တဲ့နေရာကိုမဖြစ်မနေစဉ်းစားရတော့မှာပါ။

– အလုပ်တာဝန်ချင်းအတူတူ လစာများများပေးနိုင်တဲ့ကုမ္ပဏီဆီရောက်နိုင်ဖို့ပြင်ဆင်ပါ။အလုပ်သွားလျှောက်ကြည့်ပါ။ လိုအပ်တာတွေထပ်ဖြည့်တင်းရင်း ကုမ္ပဏီတစ်ခုမရရင်နောက်တစ်ခုကိုထပ်လျှောက်ဖို့လုပ်ဆောင်ရမှာဖြစ်ပါတယ်။

– ကိုယ့်ရဲ့ အင်တာဗျူး Skill၊ ကိုယ့်ရဲ့ Network နဲ့ Social Media ကကိုယ့်ပုံရိပ်ကိုတော့အမြဲတမ်းမြှင့်တင်နေရမှာဖြစ်ပါတယ်။ဒီအချက်တွေအတိုင်းပြင်ဆင်ကြည့်မယ်ဆိုရင် တစ်ချိန်ချိန်မှာတော့လစာကောင်းတဲ့ကုမ္ပဏီကြီးတစ်ခုကိုရောက်ရှိသွားနိုင်မှာပါ။ ရပ်နေသူထက် သွားနေသူက တစ်ချိန်မှာပန်းတိုင်ရောက်မှာအသေအချာပါပဲနော်။

Ju Ju

zawgyi











Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*