ဒီအချက်တွေကြောင့် အင်တာဗျူးမအောင်တာပါ

‘အင်တာဗျူးခဏခဏဝင်ပါတယ်။ ဒါပေမဲ့အလုပ်လည်းမရဘူး။ စိတ်ဓာတ်ကျလာပြီ’ဆိုတဲ့သူတွေဟာလိုအပ်ချက်ကြီးတစ်ခုခုတော့ ရှိနေပြီလို့သုံးသပ်ရမှာပါ။ ကိုယ်သတိမထားဘဲလုပ်မိတဲ့အရာတွေကအင်တာဗျူးနေသူရဲ့မျက်စိထဲ၊ အတွေးထဲမှာကန့်လန့်ဖြစ်နေလို့အင်တာ ဗျူးတိုင်းကိုကျရှုံးရတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အပြုအမူတွေကအခုဖော်ပြမယ့်အချက်တစ်ခုခုနဲ့ငြိနေလားဆိုတာ သုံးသပ်ကြည့်ပါဦးနော်။

– အင်တာဗျူးမယ့်သူက အင်တာဗျူးနေရာကို ၁၅ မိနစ်လောက်နောက်ကျပြီးမှလာတာဘာမှမဖြစ်ပေမယ့် အင်တာဗျူးဖြေမယ့်သူက ၅
မိနစ်လောက်တောင်နောက်ကျဖို့မသင့်ပါဘူးနော်။ အင်တာဗျူးချိန်းထားချိန်ထက် ၁၅မိနစ်ခန့်စောပြီးရောက်နေသင့်ပါတယ်။ အင်တာဗျူးဖြေဖို့နောက်ကျပြီးရောက်လာခဲ့တယ်ဆိုရင်ဒါကအမှတ်လျော့သွားနိုင်တဲ့အချက်ပါ။

– အလုပ်တစ်ခုရဖို့အတွက် အရည်အချင်းကအဓိက၊ ကိုယ့်သွင်ပြင်အတိုင်းပဲကိုယ်နေမယ်ဆိုတဲ့အယူအဆတွေရှိနိုင်ကြပါတယ်။ ဒါပေမဲ့ အင်တာဗျူးခန်းဝင်ချိန်မှာကိုယ့်ကိုယ်ကိုယ်သပ်သပ်ရပ်ရပ်ပြင်ဆင်သွားခြင်းက တစ်ဖက်လူကိုလည်းလေးစားရာရောက်ပါတယ်။သပ်ရပ်ကြည့်ကောင်းနေခြင်းကလည်း အင်တာဗျူးအောင်စေဖို့ရာခိုင်နှုန်းများစွာအရေးပါတယ်ဆိုတာငြင်းလို့မရပါဘူး။ အင်တာဗျူးကိုလမ်းကြုံလို့ဝင်ဖြေသလိုမျိုးကိုယ်ဝတ်ချင်သလိုဝတ်စားပြင်ဆင်သွားတာမျိုးကအင်တာဗျူးကျစေနိုင်တဲ့အချက်တစ်ချက်အဖြစ်ပါဝင်ပါတယ်။

– ကိုယ်ကအလုပ်လာလျှောက်ပါတယ်ဆိုမှ ကိုယ်လျှောက်တဲ့ကုမ္ပဏီအကြောင်းသေချာမသိရင်တော်တော်လေးအောက်ပါတယ်နော်။ သူများကသင့်တော်တယ်ပြောလို့အင်တာဗျူးလာဖြေကြည့်ပြီးကိုယ်လျှောက်မယ့်ရာထူးနဲ့တာဝန်အကြောင်းကိုသေချာမလေ့လာထားဘူး၊ကုမ္ပဏီအကြောင်းသေချာမလေ့လာထားဘူးဆိုရင်ကိုယ်ဘယ်လောက်ပဲတော်တော်အလုပ်ရနိုင်ဖို့မလွယ်ပါဘူး။

– အင်တာဗျူးဖြေနေချိန်မှာ စကားကိုနည်းနည်းပဲပြောတာ၊မေးတစ်ခွန်းဖြေတစ်ခွန်းသာသာပဲဖြေဆိုတတ်တာ ဒါမှမဟုတ်ဆိုင်ဆိုင်မဆိုင်ဆိုင်စကားတွေအများကြီးပြောလွန်းတာ စတဲ့အချက်တွေကလည်းအင်တာဗျူးသူကိုစိတ်ပျက်သွားစေတတ်ပါတယ်။ ဒီလို စကားနည်းလွန်းတာ၊စကားများလွန်းတာတွေကြောင့်လည်း အင်တာဗျူးကျနိုင်ပါတယ်။

– CV တွေ Cover Letter တွေကို ကိုယ်လျှောက်မယ့်အလုပ်နေရာအတွက်သီးသန့်ပြင်ဆင်ခြင်းမရှိတာကလည်း အင်တာဗျူးမှာထိခိုက်စေပါတယ်။ ကိုယ်ပို့ထားတဲ့ CV နဲ့ Cover Letter က လူအများရေးလေ့ရှိသလို ယေဘုယျသဘောပဲတင်ပြထားတာမျိုး၊နည်းနည်းလေးတောင်အားစိုက်မှုမထည့်ထားတာမျိုးဆိုရင်လည်း အင်တာဗျူးမအောင်နိုင်ပါဘူးနော်။

– အရင်အလုပ်နဲ့ အရင်ကလုပ်ဖော်ကိုင်ဖက်တွေအကြောင်း မကောင်းပြောတာကလည်းအင်တာဗျူးသူကို တွေးတွေးဆဆဖြစ်သွားစေနိုင်တဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ကိုယ်ကအရင်အလုပ်မကောင်းကြောင်းပြောနေတာကို အင်တာဗျူးသူကပြုံးပြုံးလေးထောက်ခံနားထောင်နေတယ်ဆိုပြီး စွတ်မပြောပါနဲ့နော်။ သူတို့ကကိုယ့်ကိုမကောင်းမြင်စိတ်ရှိသူလို့ယူဆမှာပါ။ ငါတို့အလုပ်ကအကြောင်းကိုရော
သူဒီလိုပဲပြန်ပြောတော့မလားဆိုတဲ့အမြင်နဲ့ အလုပ်မခန့်ကြတာများပါတယ်။

– တချို့သောလှည့်ပတ်ဖြေဆိုရမယ့်မေးခွန်းတွေကိုကိုယ်ကနည်းပရိယာယ်တွေနဲ့မဖြေတတ်ဘူးဆိုရင်လည်း အင်တာဗျူးကျနိုင်ပါတယ်။ ဥပမာ -အလုပ်မှာမင်းအတွက်အခက်ခဲဆုံးအချက်ကဘာလို့ထင်လဲ၊ အလုပ်မှာဘယ်အရာကိုနောင်တရမိလဲစတဲ့မေးခွန်းမျိုးတွေပါ။ ဒါတွေကိုမေးတဲ့အခါ ကိုယ်ကအားနည်းချက်မှန်သမျှကိုပွင့်လင်းစွာဖြေလိုက်ရင်လည်း အမှတ်လျော့စေပါတယ်။

– နောက်ဆုံးတစ်ချက်ကတော့ အင်တာဗျူးမအောင်တာဟာ ကိုယ်ညံ့လို့မဟုတ်ပါဘူး။ကိုယ့်ထက်ပိုအဆင်ပြေတဲ့သူရှိနေလို့လည်းဖြစ်နိုင်ပါတယ်။ အရည်အချင်းတူရင်တောင်လစာတောင်းတာနည်းသူ၊ ဒါမှမဟုတ် မိသားစုတာဝန်နည်းသူ၊ အလုပ်နဲ့နီးသူစတဲ့သူမျိုးတွေကိုရွေး ချယ်ပြီးခန့်လိုက်ကြတာများပါတယ်။ ဒါ့ကြောင့် ကိုယ့်ထက်သာသူရှိနေရင်လည်းအင်တာဗျူးကျနိုင်ပါတယ်နော်။

ဒါတွေကတော့ လူတွေကိုအင်တာဗျူးကနေဖယ်ထုတ်ပစ်စေနိုင်တဲ့အဓိကအချက်တွေပဲဖြစ်ပါတယ်။အလုပ်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကိုယ်လုပ်ရမယ့်အရာကိုအကောင်းဆုံးပြင်ဆင်ပြီးအစွမ်းကုန်ကြိုးစားလိုက်တာက ကိုယ့်ကိုယ်ကိုယ်လေးစားမှုပိုတိုးစေပါတယ်။ဒါ့အပြင်ကိုယ်ကကံမကောင်းလို့ ဒီတစ်ကြိမ်မှာအလုပ်မရခဲ့ရင်တောင်နောက်တစ်ကြိမ်ဝန်ထမ်းလစ်လပ်နေရာရှိလာတဲ့အခါ ကိုယ့်ကိုသတိတရဆက်သွယ်လာစေနိုင်ပါတယ်။ဒါကြောင့်အပေါ်မှာဖော်ပြထားတဲ့အချက်တွေကိုရှောင်ရှားပြီးမှ အင်တာဗျူးဖြေမယ်ဆိုရင်အလုပ်ရဖို့တစ်ဝက်သေချာနေပြီလို့ဆိုနိုင်ပါတယ်။

Ju Ju

zawgyi

‘အင္တာဗ်ဴးခဏခဏဝင္ပါတယ္။ ဒါေပမဲ့အလုပ္လည္းမရဘူး။ စိတ္ဓာတ္က်လာၿပီ’ဆိုတဲ့သူေတြဟာလိုအပ္ခ်က္ႀကီးတစ္ခုခုေတာ့ ရွိေနၿပီလို႔သုံးသပ္ရမွာပါ။ ကိုယ္သတိမထားဘဲလုပ္မိတဲ့အရာေတြကအင္တာဗ်ဴးေနသူရဲ႕မ်က္စိထဲ၊ အေတြးထဲမွာကန႔္လန႔္ျဖစ္ေနလို႔အင္တာ ဗ်ဴးတိုင္းကိုက်ရႈံးရတာျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕အျပဳအမူေတြကအခုေဖာ္ျပမယ့္အခ်က္တစ္ခုခုနဲ႔ၿငိေနလားဆိုတာ သုံးသပ္ၾကည့္ပါဦးေနာ္။

– အင္တာဗ်ဴးမယ့္သူက အင္တာဗ်ဴးေနရာကို ၁၅ မိနစ္ေလာက္ေနာက္က်ၿပီးမွလာတာဘာမွမျဖစ္ေပမယ့္ အင္တာဗ်ဴးေျဖမယ့္သူက ၅
မိနစ္ေလာက္ေတာင္ေနာက္က်ဖို႔မသင့္ပါဘူးေနာ္။ အင္တာဗ်ဴးခ်ိန္းထားခ်ိန္ထက္ ၁၅မိနစ္ခန႔္ေစာၿပီးေရာက္ေနသင့္ပါတယ္။ အင္တာဗ်ဴးေျဖဖို႔ေနာက္က်ၿပီးေရာက္လာခဲ့တယ္ဆိုရင္ဒါကအမွတ္ေလ်ာ့သြားႏိုင္တဲ့အခ်က္ပါ။

– အလုပ္တစ္ခုရဖို႔အတြက္ အရည္အခ်င္းကအဓိက၊ ကိုယ့္သြင္ျပင္အတိုင္းပဲကိုယ္ေနမယ္ဆိုတဲ့အယူအဆေတြရွိႏိုင္ၾကပါတယ္။ ဒါေပမဲ့ အင္တာဗ်ဴးခန္းဝင္ခ်ိန္မွာကိုယ့္ကိုယ္ကိုယ္သပ္သပ္ရပ္ရပ္ျပင္ဆင္သြားျခင္းက တစ္ဖက္လူကိုလည္းေလးစားရာေရာက္ပါတယ္။သပ္ရပ္ၾကည့္ေကာင္းေနျခင္းကလည္း အင္တာဗ်ဴးေအာင္ေစဖို႔ရာခိုင္ႏႈန္းမ်ားစြာအေရးပါတယ္ဆိုတာျငင္းလို႔မရပါဘူး။ အင္တာဗ်ဴးကိုလမ္းႀကဳံလို႔ဝင္ေျဖသလိုမ်ိဳးကိုယ္ဝတ္ခ်င္သလိုဝတ္စားျပင္ဆင္သြားတာမ်ိဳးကအင္တာဗ်ဴးက်ေစႏိုင္တဲ့အခ်က္တစ္ခ်က္အျဖစ္ပါဝင္ပါတယ္။

– ကိုယ္ကအလုပ္လာေလွ်ာက္ပါတယ္ဆိုမွ ကိုယ္ေလွ်ာက္တဲ့ကုမၸဏီအေၾကာင္းေသခ်ာမသိရင္ေတာ္ေတာ္ေလးေအာက္ပါတယ္ေနာ္။ သူမ်ားကသင့္ေတာ္တယ္ေျပာလို႔အင္တာဗ်ဴးလာေျဖၾကည့္ၿပီးကိုယ္ေလွ်ာက္မယ့္ရာထူးနဲ႔တာဝန္အေၾကာင္းကိုေသခ်ာမေလ့လာထားဘူး၊ကုမၸဏီအေၾကာင္းေသခ်ာမေလ့လာထားဘူးဆိုရင္ကိုယ္ဘယ္ေလာက္ပဲေတာ္ေတာ္အလုပ္ရႏိုင္ဖို႔မလြယ္ပါဘူး။

– အင္တာဗ်ဴးေျဖေနခ်ိန္မွာ စကားကိုနည္းနည္းပဲေျပာတာ၊ေမးတစ္ခြန္းေျဖတစ္ခြန္းသာသာပဲေျဖဆိုတတ္တာ ဒါမွမဟုတ္ဆိုင္ဆိုင္မဆိုင္ဆိုင္စကားေတြအမ်ားႀကီးေျပာလြန္းတာ စတဲ့အခ်က္ေတြကလည္းအင္တာဗ်ဴးသူကိုစိတ္ပ်က္သြားေစတတ္ပါတယ္။ ဒီလို စကားနည္းလြန္းတာ၊စကားမ်ားလြန္းတာေတြေၾကာင့္လည္း အင္တာဗ်ဴးက်ႏိုင္ပါတယ္။

– CV ေတြ Cover Letter ေတြကို ကိုယ္ေလွ်ာက္မယ့္အလုပ္ေနရာအတြက္သီးသန႔္ျပင္ဆင္ျခင္းမရွိတာကလည္း အင္တာဗ်ဴးမွာထိခိုက္ေစပါတယ္။ ကိုယ္ပို႔ထားတဲ့ CV နဲ႔ Cover Letter က လူအမ်ားေရးေလ့ရွိသလို ေယဘုယ်သေဘာပဲတင္ျပထားတာမ်ိဳး၊နည္းနည္းေလးေတာင္အားစိုက္မႈမထည့္ထားတာမ်ိဳးဆိုရင္လည္း အင္တာဗ်ဴးမေအာင္ႏိုင္ပါဘူးေနာ္။

– အရင္အလုပ္နဲ႔ အရင္ကလုပ္ေဖာ္ကိုင္ဖက္ေတြအေၾကာင္း မေကာင္းေျပာတာကလည္းအင္တာဗ်ဴးသူကို ေတြးေတြးဆဆျဖစ္သြားေစႏိုင္တဲ့ အေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။ကိုယ္ကအရင္အလုပ္မေကာင္းေၾကာင္းေျပာေနတာကို အင္တာဗ်ဴးသူကၿပဳံးၿပဳံးေလးေထာက္ခံနားေထာင္ေနတယ္ဆိုၿပီး စြတ္မေျပာပါနဲ႔ေနာ္။ သူတို႔ကကိုယ့္ကိုမေကာင္းျမင္စိတ္ရွိသူလို႔ယူဆမွာပါ။ ငါတို႔အလုပ္ကအေၾကာင္းကိုေရာ
သူဒီလိုပဲျပန္ေျပာေတာ့မလားဆိုတဲ့အျမင္နဲ႔ အလုပ္မခန႔္ၾကတာမ်ားပါတယ္။

– တခ်ိဳ႕ေသာလွည့္ပတ္ေျဖဆိုရမယ့္ေမးခြန္းေတြကိုကိုယ္ကနည္းပရိယာယ္ေတြနဲ႔မေျဖတတ္ဘူးဆိုရင္လည္း အင္တာဗ်ဴးက်ႏိုင္ပါတယ္။ ဥပမာ -အလုပ္မွာမင္းအတြက္အခက္ခဲဆုံးအခ်က္ကဘာလို႔ထင္လဲ၊ အလုပ္မွာဘယ္အရာကိုေနာင္တရမိလဲစတဲ့ေမးခြန္းမ်ိဳးေတြပါ။ ဒါေတြကိုေမးတဲ့အခါ ကိုယ္ကအားနည္းခ်က္မွန္သမွ်ကိုပြင့္လင္းစြာေျဖလိုက္ရင္လည္း အမွတ္ေလ်ာ့ေစပါတယ္။

– ေနာက္ဆုံးတစ္ခ်က္ကေတာ့ အင္တာဗ်ဴးမေအာင္တာဟာ ကိုယ္ညံ့လို႔မဟုတ္ပါဘူး။ကိုယ့္ထက္ပိုအဆင္ေျပတဲ့သူရွိေနလို႔လည္းျဖစ္ႏိုင္ပါတယ္။ အရည္အခ်င္းတူရင္ေတာင္လစာေတာင္းတာနည္းသူ၊ ဒါမွမဟုတ္ မိသားစုတာဝန္နည္းသူ၊ အလုပ္နဲ႔နီးသူစတဲ့သူမ်ိဳးေတြကိုေ႐ြး ခ်ယ္ၿပီးခန႔္လိုက္ၾကတာမ်ားပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္ထက္သာသူရွိေနရင္လည္းအင္တာဗ်ဴးက်ႏိုင္ပါတယ္ေနာ္။

ဒါေတြကေတာ့ လူေတြကိုအင္တာဗ်ဴးကေနဖယ္ထုတ္ပစ္ေစႏိုင္တဲ့အဓိကအခ်က္ေတြပဲျဖစ္ပါတယ္။အလုပ္ရသည္ျဖစ္ေစ မရသည္ျဖစ္ေစ ကိုယ္လုပ္ရမယ့္အရာကိုအေကာင္းဆုံးျပင္ဆင္ၿပီးအစြမ္းကုန္ႀကိဳးစားလိုက္တာက ကိုယ့္ကိုယ္ကိုယ္ေလးစားမႈပိုတိုးေစပါတယ္။ဒါ့အျပင္ကိုယ္ကကံမေကာင္းလို႔ ဒီတစ္ႀကိမ္မွာအလုပ္မရခဲ့ရင္ေတာင္ေနာက္တစ္ႀကိမ္ဝန္ထမ္းလစ္လပ္ေနရာရွိလာတဲ့အခါ ကိုယ့္ကိုသတိတရဆက္သြယ္လာေစႏိုင္ပါတယ္။ဒါေၾကာင့္အေပၚမွာေဖာ္ျပထားတဲ့အခ်က္ေတြကိုေရွာင္ရွားၿပီးမွ အင္တာဗ်ဴးေျဖမယ္ဆိုရင္အလုပ္ရဖို႔တစ္ဝက္ေသခ်ာေနၿပီလို႔ဆိုႏိုင္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*