ဘက်ခမ်းရဲ့အချစ်ရေးကိစ္စတွေကိုသည်းခံခဲ့ကြောင်းပြောပြလာတဲ့ဗစ်တိုးရီးယားဘက်ခမ်း
ဒေးဗစ်ဘက်ခမ်းအကြောင်းရိုက်ကူးထားတဲ့ Documentary Series ‘Beckham’ ကို Netflix မှာပြသလျက်ရှိပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ထဲမှာတော့ ဒေးဗစ်နဲ့ဗစ်တိုးရီးယားဟာသူတို့နှုတ်ဆိတ်နေခဲ့တဲ့ အိမ်တွင်းရေးအရှုပ်အရှင်းတွေအကြောင်းကိုပွင့်ပွင့်လင်းလင်းထုတ်ဖော်လာခဲ့ပါတယ်။ဗစ်တိုးရီးယားက သူမခင်ပွန်းဟာဂျနီဖာလိုပက်ဇ်၊ ဘီယွန်ဆေးတို့နဲ့တွဲဖက်ရိုက်ကူးမှုတွေပြုတဲ့အခါအကြီးအကျယသဝန် တိုမိကြောင်းပြောပြပါတယ်။ ၂၀၀၄ ခုနစ်ဟာ သူတို့နှစ်ဦးအတွက်အဆိုးရွားဆုံးနှစ်အဖြစ် အမှတ်တရရှိနေခဲ့တယ်လို့ဆိုပါတယ်။ “၂၀၀၄ ခုနစ်ဟာကျွန်မတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးကိုအလှုပ်ခတ်နိုင်ဆုံးနှစ်ဖြစ်ခဲ့ပါတယ်။လူတွေကလည်းကျွန်မတို့ကိုပြောဆိုဝေဖန်နေကြတယ်။ကျွန်မတို့နှစ်ယောက်ကလည်းတစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်တွေဖြစ်နေကြတယ်။ကျွန်မတို့ကအမြဲလိုလိုတစ်ယောက်အတွက်တစ်ယောက် ရှိနေပေးခဲ့ကြတာပါ။သူစပိန်ကိုပြောင်းချိန်မှာတော့ အဲလိုမဟုတ်တော့ပါဘူး” လို့ ဗစ်တိုးရီးယားကဖွင့်ဟခဲ့ပါတယ်။ဒေးဗစ်ဘက်ခမ်းဟာ ရီးယဲလ်မက်ဒရစ်ကိုပြောင်းစဉ် […]