ရင်သွေးလေးဆုံးရှုံးဖူးကြောင်းကဗျာစာအုပ်ထဲမှာဖော်ပြခဲ့တဲ့ Megan Fox
ညှို့ဓာတ်ပြင်းတဲ့အလှကိုပိုင်ဆိုင်ထားနိုင်တဲ့မင်းသမီးတစ်ယောက်ဖြစ်တဲ့ Megan Fox ကသူမရဲ့ကိုယ်တိုင်ရေးကဗျာစာအုပ်ကိုထုတ်ဝေခဲ့တယ်လို့သိရပါတယ်။သူမရဲ့ကဗျာစာအုပ်ဟာ Pretty Boys Are Poisonous လို့နာမည်ရပြီးမကြာခင်ကထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာပါဝင်တဲ့ ကဗျာနှစ်ပုဒ်ဟာသူမအနေနဲ့သမီးလေးတစ်ယောက်ကိုဆုံးရှုံးခဲ့ရဖူးကြောင်း ရေးသားထားတာဖြစ်တယ်လို့သတင်းသမားတွေကထောက်ပြထားကြပါတယ်။ သမီးလေးကိုကိုယ်ဝန်လွယ်ခဲ့ရပြီး ၁၀ပတ်အကြာမှာပျက်ကြခဲ့တဲ့အကြောင်း သူမကဖော်ပြထားတယ်လို့ဆိုပါတယ်။ “ငါမင်းကိုထိတွေ့ချင်တယ်၊ မင်းရယ်သံလေးတွေကိုကြားချင်တယ်၊ ဒါပေမဲ့နောက်ဆုံးမှာတော့မင်းကိုနှုတ်ဆက်လိုက်ရပြီ” ဆိုတာမျိုးတွေ ရေးသားထားတာဖြစ်ပါတယ်။ Megan Fox ရဲ့သတို့သားလောင်းဖြစ်တဲ့ Machine Gun […]