
ရှေ့နေအကူအညီနဲ့ပြေလည်ခဲ့ကြတဲ့ အာနိုးနဲ့စတားလုံး
တစ်ခေတ်တည်းမှာလိုနာမည်ကြီးလာခဲ့တဲ့ အာနိုးနဲ့စတားလုံးဟာ တစ်ချိန်ကတစ်ယောက်ကိုတစ်ယောက်အမုန်းကြီးမုန်းခဲ့ဖူးတယ်လို့သိရပါတယ်။ အရင်အချိန်က သူတို့ရဲ့ပြိုင်ဆိုင်မှုဟာပြင်းထန်ခဲ့ပြီးခန္ဓာကိုယ်ပေါ်က ကြွက်သားအရွယ်အစားကအစ ငွေကြေးသုံးစွဲမှုအထိပြိုင် ဆိုင်ခဲ့ကြတာဖြစ်ပါတယ်။သူတို့နှစ်ဦးကိုပြေလည်သွားအောင်လုပ်ဆောင်ပေးနိုင်ခဲ့သူကတော့သူတို့ရဲ့အကျိုးဆောင်ကိုယ်စားလှယ်ရှေ့နေ Jake Bloom ပဲဖြစ်ပါတယ်။ စတားလုံးက Jake Bloom ရဲ့ Client ဖြစ်ခဲ့ပြီးနောက်ပိုင်း စတားလုံးကိုနာမည်ကြီးစားသောက်ဆိုင်ပိုင်ဆိုင်စေဖို့အတွက်ပါအကြံပေးလုပ်ဆောင်ပေးခဲ့တာမို့ အာနိုးကပိုပြီးဒေါသထွက်ခဲ့တယ်လို့ဆိုပါတယ်။ အကျိုးဆောင်ရှေ့နေ Jake Bloom ရဲ့ညှိနှိုင်းပြောဆိုမှုတွေကြောင့် အာနိုးနဲ့စတားလုံးဟာအရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြပြီး စီးပွားရေးအတူတူလုပ်တဲ့အထိပါအဆင် […]