အောင်မြင်မှုဆီတွန်းပို့ပေးမယ့် ၂ မိနစ်စည်းမျဉ်း

April 22, 2024 Aung Khant Mon 0

New York Times ရဲ့အရောင်းရဆုံးစာအုပ်ဖြစ်တဲ့ Atomic Habits ကိုရေးသားသူ James Clear ကအမူအကျင့်ပြောင်းလဲဖို့အတွက် အရေးကြီးတဲ့အချက်တစ်ခုကို ဟောပြောပွဲတစ်ခုမှာမျှဝေခဲ့ပါတယ်။ James Clear ဟာ ဟောပြောသူတစ်ယောက်၊ စာရေးဆရာတစ်ယောက်ဖြစ်တဲ့အပြင် သူရေးသားတဲ့ Atomic Habits စာအုပ်ဟာလည်း ၁၅ သန်းကျော် ပုံနှိပ်ရောင်းချခဲ့ရတာဖြစ်ပါတယ်။ Atomic […]

တစ်ကိုယ်တော်သီချင်းတွေနဲ့ပရိသတ်ဆီပြန်လာမယ့် Twice မှ Nayeon

April 11, 2024 Aung Khant Mon 0

Twice အဖွဲ့မှ Nayeon တစ်ယောက် ဇွန်လမှာတစ်ကိုယ်တော်သီချင်းတွေထွက်ရှိမယ်လို့ ဧပြီ 9 ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ 2022 ခုနစ်ကထွက်ရှိခဲ့တဲ့ ‘IM NAYEON’ Solo Album အပြီး 2 နှစ်အကြာမှ သီချင်းသစ်ထပ်မံထွက်ရှိလာမှာဖြစ်ပါတယ်။ သူမဟာ Twice အဖွဲ့ဝင်တွေထဲမှာပထမဆုံး Solo Album ထွက်ရှိနိုင်ခဲ့သူဖြစ်ပြီး […]

အသက် 70 ပြည့်သွားပြီဖြစ်တဲ့ဂျက်ကီချန်း

April 11, 2024 Aung Khant Mon 0

ဧပြီလ 7 ရက်နေ့မှာ အသက် 70 ပြည့်သွားပြီဖြစ်တဲ့ ဂျက်ကီချန်းက သူ့ရဲ့ငယ်စဥ်ကဓာတ်ပုံတွေကို Instagram မှာ မွေးနေ့အမှတ်တရအဖြစ်မျှဝေလာခဲ့တာပါ။“သိပ်မကြာခင်တုန်းက ကျွန်တော်အရမ်းအိုစာနေတဲ့ပုံတွေ၊ ဆံပင်တွေဖြူဖွေးနေတဲ့ပုံတွေကိုအင်တာနက်မှာတွေ့ရမှာပါ။ အဲဒီပုံတွေက ကျွန်တော်ဇာတ်ကားရိုက်ဖို့အတွက် ပြင်ဆင်ထားတဲ့ပုံတွေပါ။ Character တစ်ခုအတွက်ပုံတွေပါ။ ဆံပင်နဲ့မုတ် ဆိတ်တွေဖြူရမယ်၊အိုမင်းနေရမယ်ဆိုလို့ပြင်ထားရတာပါ။ ကျွန်တော်ကျန်းမာရေးကောင်းပါတယ်။ မစိုးရိမ်ကြပါနဲ့နော်”ဆိုပြီး ပရိသတ်တွေကိုအသိပေးလာခဲ့တာ ဖြစ်ပါတယ်။ “အသက်အရွယ်အိုမင်းလာတယ်ဆိုတာကလည်း […]

လုပ်ငန်းခွင်မှာစိတ်ထိန်းချုပ်နိုင်ဖို့ ဘယ်လိုပြင်ဆင်ကြမလဲ

April 11, 2024 Aung Khant Mon 0

အလုပ်မှာဒေါသကိုမထိန်းချုပ်နိုင်ဘဲပေါက်ကွဲမိတယ်ဆိုရင် ဒါကိုပရော်ဖက်ရှင်နယ်မဆန်တဲ့အပြုအမူလို့သတ်မှတ်ခံရဆဲ၊ ဝေဖန်ခံနေရဆဲပါ။ဒါပေမဲ့လည်းအလုပ်မှာ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုလုံးလုံးဖိနှိပ်ထားဖို့ဆိုတာကလည်းခက်ခဲနိုင်ပါတယ်။အလုပ်မှာကိုယ့်ရဲ့ခံစားချက်တွေကိုထိန်းသိမ်းတတ်ဖို့၊လိမ္မာပါးနပ်စွာထုတ်ဖော်ပြသတတ်ဖို့ဆိုတာကလည်း ပရော်ဖက်ရှင်နယ်တစ်ယောက်အတွက်မဖြစ်မနေတတ် မြောက်ထားသင့်တဲ့ပညာရပ်တစ်ခုပါ။ဒါ့ကြောင့်အလုပ်မှာကိုယ့်ရဲ့ Emotion တွေကို ဒီအဆင့်ငါးဆင့်အတိုင်း ထိန်းချုပ်ကြည့်နိုင်ပါတယ်။ Negative Emotion တွေစတင်ပြီဆိုတာနဲ့သိပါ စိတ်တိုလာပြီ၊ စိတ်အဆင်မပြေတော့ဘူးဆိုတာနဲ့ ဒါကိုသတိထားမိဖို့အလေ့အကျင့်လုပ်ထားသင့်ပါတယ်။ ပါးတွေနီမြန်းလာတယ်၊ ခေါင်းထဲမှာဆူဝေလာတယ်ဆိုရင်ဒေါသစိတ်ကရုပ်မှာထင်ရှားလာတာပါ။ ကိုယ်စိုးရိမ်တယ်၊ ကြောက်ရွံ့တယ်ဆိုရင်နဖူးနဲ့ပခုံးတွေမှာတင်းလာတတ်ပါတယ်။ ဒီလိုခံစားချက်တွေနဲ့အတူ ရုပ်မှာပြောင်းလဲလာတာကိုအရင်ဆုံးသတိထားမိဖို့အရေးကြီးပါတယ်။ သိပြီးလက်ခံပါ ကိုယ့်မှာလုပ်ပေးရမယ့်အလုပ်တွေအရမ်းများလာပြီ၊အလုပ်အပ်ရမယ့်ရက်နီးလာပြီစတဲ့အခြေအနေတွေမှာ လူတွေဟာစိတ်မရှည်တာ၊ […]

ငရုတ်ပွတောင့်ရနံ့ Tequila ထုတ်လုပ်ရောင်းချမယ့် Cindy Crawford

April 11, 2024 Aung Khant Mon 0

စူပါမော်ဒယ်လ် Cindy Crawford တစ်ယောက် Tequila အမှတ်တံဆိပ်သစ်တစ်ခုကိုထုတ်လုပ်‌ရောင်းချမှာဖြစ်ပါတယ်။Casamigos ကိုတွဲဖက်တည်ထောင်သူ Rande Gerber ဟာ သူမရဲ့ခင်ပွန်းဖြစ်တာမို့ Tequilaထုတ်လုပ်မှုကိုလည်း Casamigos ရဲ့လုပ်ငန်းခွဲတစ်ခုအနေနဲ့ လုပ်ဆောင်မှာဖြစ်ပြီးအမှတ်တံဆိပ်ကို Casamigos Jalapeno လို့နာမည်ပေးထားပါတယ်။သူမဟာ Casamigos Jalapeno ကိုထုတ်လုပ်ဖို့လွန်ခဲ့တဲ့ 6 နှစ်ကတည်းကစဥ်းစားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ နေဝင်ချိန်ကိုကြည့်ရင်း Jalapeno […]

မင်္ဂလာပွဲဆင်နွှဲတော့မယ့် မင်းသားကြီးမာဒုံဆော့

April 11, 2024 Aung Khant Mon 0

Train to Busan ထဲကချစ်စရာ မင်းသားကြီးမာဒုံဆော့တစ်ယောက် သူနဲ့နှစ်ရှည်လများတွဲလာခဲ့သူယယ်ဂျန်းဟွာနဲ့မကြာခင်မှာ မင်္ဂလာပွဲဆင်နွှဲတော့မယ်လို့သိရပါတယ်။ သူတို့နှစ်ဦးဟာ မင်္ဂလာပွဲကိုဆွေမျိုး၊ မိတ်ဆွေအနည်းစုနဲ့သာကျင်းပမှာဖြစ်လို့ ကျင်းပမယ့်ရက်ကို အတိ အကျထုတ်ဖော်ပြောတာမျိုးမရှိသေးပါဘူး။ဒါပေမဲ့အနုပညာအသိုင်းအဝိုင်းကပြောကြားချက်အရ သူတို့ဟာ မေလ 26 ရက်နေ့မှာမင်္ဂလာပွဲပြုလုပ်မှာဖြစ်ပြီး ဆိုးလ်မြို့မှာပဲပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။မင်းသားကြီးနဲ့ယယ်ဂျန်းဟွာရဲ့အေဂျင်စီဖြစ်တဲ့ Big Punch Entertainment ကဒီမင်္ဂလာသတင်းကိုအတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ 2016 ခုနစ်ကတည်းက […]

အလုပ်သစ်မရှာရသေးဘဲ အလုပ်ထွက်သင့်လား

April 11, 2024 Aung Khant Mon 0

အလုပ်တစ်ခုကနေထွက်ချင်တဲ့အခါ အကောင်းဆုံးအခြေအနေတွေရလာဖို့အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ လိုပါတယ်။ အ လုပ်တစ်ခုကနေထွက်ပြီးနောက်အလုပ်တစ်ခုကိုပြောင်းမယ်ဆိုရင် ဒါဟာကိုယ့်ရဲ့ Career Goals တွေကိုဖြည့်ဆည်းနိုင်မှာလား၊ချမှတ်ထားတဲ့ရည်မှန်းချက်အတိုင်းဖြစ်ရဲ့လားဆိုတာကိုတော့ တွေးဖို့လိုပါတယ်။အလုပ်ထွက်မယ်၊ အလုပ်သစ်ရှာမယ်ဆိုတဲ့အခါ အချိန်ယပြင်ဆင်တာကအမှားအနည်းဆုံးနဲ့အကောင်းဆုံးပါပဲ။ အလုပ်ထွက်မယ်ဆိုတဲ့အခါ လူတိုင်းမှာသေချာတဲ့အကြောင်းပြချက်တစ်ခုတော့ရှိနေမှာပဲဖြစ်ပါတယ်။ကိုယ်တကယ်လုပ်ချင်တဲ့အသက် မွေးဝမ်းကျောင်းအလုပ်မဟုတ်လို့၊ ကျန်းမာရေးပြဿနာရှိလို့၊ကိုယ်‌ရေးကိုယ်တာနဲ့မိသားစုကိစ္စတွေရှိလို့၊ မလုံခြုံတဲ့ ဒါမှမဟုတ် အဆင်မပြေတဲ့လုပ်ငန်းခွင်ဖြစ်နေလို့၊အလုပ်မှာစိတ်ညစ်စရာတွေရှိနေလို့ စတဲ့အကြောင်းပြချက်တွေရှိတတ်ကြပါတယ်။အလုပ်ထွက်တော့မယ်ဆိုတဲ့အတွေးဝင်လာတာနဲ့အတူ လူတွေအမြဲတမ်းစဥ်းစားလေ့ရှိတာကအလုပ်သစ်တစ်ခုရမှပဲ အလုပ်ထွက်သင့်လားဆိုတဲ့အချက်ပါ။ တော်တော်များများလက်ခံထားတဲ့အယူအဆကတော့ အလုပ်သစ်တစ်ခုရှာပြီးမှအလုပ်ထွက်တာကကောင်းတယ်ဆိုတဲ့အယူအဆပါ။ အ […]

ဒီနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဘယ်သူ့ဘက်ကိုမှ ရပ်တည်ပြတော့မှာမဟုတ်ဘူးလို့ပြောလိုက်တဲ့ The Rock

April 10, 2024 Aung Khant Mon 0

မင်းသားကြီး Dwayne ‘The Rock’ Johnson က Fox & Friends နဲ့အင်တာဗျူးမှာဒီနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာဘယ်သူ့ဘက်ကိုမှလူသိထင်ရှားထောက်ခံမှုပြုလုပ်မှာမဟုတ်ဘူးလို့ ဖြေကြားခဲ့ပါတယ်။ 2020 ခုနစ်ကတော့ The Rock ဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အတွက် လူထုသိအောင်ထောက်ခံအားပေးမှုလုပ်ခဲ့သူဖြစ်ပါတယ်။“အဲဒီအချိန်တုန်းကကျွန်တော်လုပ်ခဲ့တဲ့ဆုံးဖြတ်ချက်ဟာ အမှန်ကန်ဆုံးပဲလို့ ထင်ခဲ့တယ်။အခုပြန်တွေးကြည့်တော့လည်း အဲဒီအချိန်တုန်းကငါကကျော်ကြားသူ၊ လွှမ်းမိုးနိုင်သူတစ်ယောက်၊ ငါလုပ်ရမယ့်အလုပ်ပဲဆိုပြီး ထောက်ခံမှုလုပ်ခဲ့တာပါ။ ဒီနှစ်ကတော့ […]

Sky Castle နဲ့ Mr.Queen တို့မှာပါဝင်ခဲ့တဲ့မင်းသားကြီး ဆောင်မင်ယောင်ကွယ်လွန်

April 10, 2024 Aung Khant Mon 0

မင်းသားကြီးဆောင်မင်ယောင်ဟာ သည်းခြေအိတ်ကင်ဆာနဲ့ကွယ်လွန်သွားခဲ့ပြီလို့ ဧပြီလ 3 ရက်နေ့ကကိုရီးယားမီဒီယာတွေမှာ ဖော်ပြလာကြပါတယ်။သူဟာ အသည်းကင်ဆာကို လေးကြိမ်တိုင်တိုင်အနိုင်ရခဲ့တယ်လို့ အရင်တုန်းကပြောဆိုခဲ့ပေမယ့်လက်ရှိအချိန်မှာတော့ ရောဂါဝေဒနာကိုအရှုံးပေးလိုက်ရပြီဖြစ်ပါတယ်။မင်းသားကြီးဆောင်မင်ယောင်ဟာ 1966 ခုနစ်ကတည်းကကလေးသရုပ်ဆောင်အဖြစ်နဲ့အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့ပြီးနာမည်ကြီးဇာတ်လမ်းတွဲတွေဖြစ်တဲ့ Sky Castle ၊ Mr.Queen ၊ The Legend ၊ Hot Stove League တို့မှာပါဝင်ခဲ့သူဖြစ်ပါတယ်။ […]

အလုပ်အတွက် 3လအတွင်း အင်္ဂလိပ်စကားပြောတိုးတက်အောင်ဘယ်လိုလုပ်မလဲ

April 10, 2024 Aung Khant Mon 0

လူတိုင်းကတော့ ဘာသာစကားတွေအားလုံးကို Download လုပ်လိုက်တာနဲ့ကိုယ့်ဦးနှောက်ထဲရောက်လာရင်ကောင်းမယ်ဆိုတဲ့အတွေးမျိုးရှိတတ်ကြပါတယ်။ ဒီလိုနည်းပညာမျိုးကလက်ရှိအချိန်ထိမဖြစ်နိုင်သေးတာမို့ ဘာသာစကားလေ့လာမှုကိုအချိန်ပေးနေရဆဲ၊ကြိုးစားအားထုတ်မှုလုပ်နေရဆဲပဲဖြစ်ပါတယ်။အလုပ်အတွက် အင်္ဂလိပ်ဘာသာစကားကိုအမြန်လေ့လာချင်တယ်၊ထိရောက်တဲ့တိုးတက်မှုနှုန်းကိုမြင်ချင်တယ်ဆိုတဲ့သူတွေအတွက် တကယ်ထိရောက်တဲ့နည်းလမ်းတွေကိုမတူညီတဲ့ဘာသာစကားသုံးခုကိုသင်ယူခဲ့ဖူးတဲ့တက္ကသိုလ်ကျောင်းသားတစ်ဦးကမျှဝေထားတာဖြစ်ပါတယ်။ 3 လအတွင်းအင်္ဂလိပ်စကားပြော သိသိသာသာတိုးတက်နိုင်ပါ့မလား။ဒီအချက် 3 ချက်သာရှိရင် ဘယ်လိုဘာသာစကားမဆို 3 လအတွင်းမှာသိသိသာသာတိုးတက်လာစေနိုင်ပါတယ်။ အဲဒါတွေက… – လက်တွေ့မှာလိုက်လုပ်နိုင်ပြီး ရလဒ်ကိုတိုင်းတာလို့ရတဲ့ရည်မှန်းချက်တွေရှိရမယ် – ရေတို၊ရေရှည် ရည်မှန်းချက်တွေရှိရမယ် – ကိုယ့်ကိုယ်ကိုယ်မညှာရဘူး […]