ထိုင်းနိုင်ငံရဲ့နာမည်ကြီး ချာတူချက်ဈေးကြီးမီးလောင်လို့ တိရစ္ဆာန်ရာနဲ့ချီသေဆုံး
ထိုင်းနိုင်ငံရဲ နာမည်ကြီးဈေးကြီးတခုဖြစ်တဲ့ ချာတူချက်ဈေးကြီးမီးလောင်မှုမှာ လှောင်အိမ်ထဲကတိရစ္ဆာန်ရာနဲ့ချီသေဆုံးခဲ့ပါတယ်။ဇွန် လ ၁၁ရက်နေ့ နံနက်အစောပိုင်းမှာဖြစ်ပွားခဲ့တဲ့ အဆိုပါမီးလောင်မျုကြောင့်အိမ်မွေးတိရစ္ဆာန်ဆိုင်ပေါင်း ၁၀၀ ကျော် လျင်မြန်စွာ မီးလောင်ကျွမ်းခဲ့တယ်လို့ဘန်ကောက်အစိုးရက ပြောကြားခဲ့ပါတယ်။မီးထိန်းနိုင်ဖို့အတွက် တနာရီခန့်အချိန်ယူခဲ့ရပြီး လူအသေအပျောက်စာရင်းမသိရသေးပေမဲ့ခွေးပေါက်လေးများ၊ ငါးများ၊ မြွေများ၊ ငှက်များနဲ့ ယုန်များအပါအဝင် တိရစ္ဆာန်ရာနဲ့ချီပြီးလှောင်အိမ်ထဲမှာ သေဆုံးခဲ့ရပါတယ်။မီးလောင်ရတဲ့အကြောင်းအရင်းကို စစ်ဆေးနေကြောင်း ဘန်ကောက်မြို့အုပ်ချုပ်ရေးမှူးကပြောဆိုထားပြီး မီးလောင်ကျွမ်းတဲ့ ဈေး […]