အလုပ်မှာပျော်ရွှင်နေဖို့ လျှို့ဝှက်ချက်တွေအများကြီးရှိမနေပါဘူးတဲ့။ အလုပ်မှာပျော်ရွှင်ဖို့လျှို့ဝှက်ချက်က တခုထဲပါတဲ့။ အဲဒါကဘာများဖြစ်မလဲ။ ၂၀၂၀ခုနှစ် ၈လပိုင်းကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေအရ အလုပ်မှာမပျော်သူရာခိုင်နှုန်းက ကပ်ရောဂါမတိုင်မီကအခြေအနေနဲ့ ၉ရာခိုင်နှုန်းကနေ ၃၈ရာခိုင်နှုန်းအထိတိုးလာတယ်လို့ ဆိုပါတယ်။အဖက်ဖက်က ဖိအားတွေများနေချိန်မှာ အလုပ်မှာပျော်ရွှင်ဖို့ဆိုတာကလည်း စိန်ခေါ်မှုတခု၊အခက်အခဲတခုလိုဖြစ်လာနိုင်ပါတယ်။ ငွေရေးကြေးရေးအကြောင်းပြချက်တွေ၊လုပ်ငန်းခွင်အတွင်း စိန်ခေါ်မှုတွေ၊ အလုပ်အာမခံချက်မရှိနိုင်တဲ့အခြေအနေတွေ၊အသင်းအဖွဲ့နဲ့စုပေါင်းလုပ်ကိုင်ရတဲ့အခါကြုံရတဲ့ အခက်အခဲတွေအားလုံးကစိန်ခေါ်မှုတွေဖြစ်နိုင်ပါတယ်။အလုပ်က ကိုယ့်အတွက်စိတ်အားထက်သန်မှု၊ဝါသနာအပြည့်နဲ့ရွေးချယ်ထားတဲ့အလုပ်ဖြစ်နေပါစေဦးတော့ အဖက်ဖက်ကဖိအားတွေနဲ့ကြုံလာရတဲ့အခါမှာ ပျော်ရွှင်အောင်နေဖို့ဆိုတာ ခက်ခဲပါတယ်။ […]