လုပ်ငန်းခွင်မှာ ဒေါသထိန်းဖို့ နည်းလမ်း (၉)ခု
လုပ်နင်းခွင်မှာ စိတ်ပျက်စရာ၊ ဒေါသဖြစ်စရာကြုံရတတ်တာက အဆန်းမဟုတ်ပါဘူး။အလုပ်ခွင်ထဲမှာ ဒေါသတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့အချက်ကသာ ပိုပြီးအရေးပါပတယ်။လုပ်ငန်းခွင်ဒေါသတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ထိရောက်တဲ့နည်းလမ်းတွေကို ရှာဖွေတာကစိန်ခေါ်မှုတခုလည်းဖြစ်ပါတယ်။ ဒီအချက်တွေကတော့ သင့်ရဲ့ဒေါသတွေကို ပြေလျော့ဖို့အထောက်အကူဖြစ်စေပါလိမ့်မယ်။ အသက်ပြင်းပြင်းရှူတာ အသက်ပြင်းပြင်းရှူတာက Parasympathetic အာရုံကြောစနစ်ကို အသက်ဝင်စေပြီး ခန္ဓာကိုယ်ရဲ့အကြောတွေကိုပြေလျော့စေပါတယ်။ သင့်နှလုံးခုန်နှုန်းကို နှေးကွေးစေပြီး သွေးပေါင်ချိန်ကိုလျော့ကျစေကာ ကြွက်သားတင်းမာမှုကို လျှော့ချပေးနိုင်တာကြောင့် စိတ်တည်ငြိမ်မှုကိုမြှင်တင်ပေးနိုင်ပါတယ်။ […]