အင်တာဗျုးချိန်းထားတာကို ပြန်ချိန်းဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် (၃) ခု

June 10, 2024 Aung Khant Mon 0

ကုမ္ပဏီတခုကနေ ကိုယ့်ဆီကိုအလုပ်အင်တာဗျူးအတွက် ဘယ်နေ့ဘယ်ရက်၊ဘယ်အချိန်မှာချိန်းထားတယ်ဆိုပါတော့။ အဲဒီချိန်ထားတာကို ကိုယ့်ရဲ့အခက်အခဲတခုကြောင့်ပြန်လည်ချိန်းဆိုပေးဖို့ တောင်းဆိုချင်တဲ့အခါမှာ ခိုင်လုံတဲ့အကြောင်းပြချက် ၃ချက်ရှိပါတယ်။ဒီအချက်တွေကြောင့်မဟုတ်ဘဲနဲ့တော့ အင်တာဗျူးချိန်းထားတာကို နောက်ရွေ့တာ၊အချိန်းပြောင်းတာ၊ ရက်ပြောင်းဖို့တောင်းဆိုတာတွေမလုပ်သင့်ပါဘူး။ဒီအချက်သုံးချက်ကတော့ အင်တာဗျူးချိန်းထားတာကို ပြန်ချိန်းဖို့အတွက်အကြောင်းပြချက်ကောင်းတွေပဲဖြစ်ပါတယ်။ ဖျားနာတာ ဖျားတာတာဆိုရင်တော့ သေချာပေါက်မသွားသင့်တော့ပါဘူး။ ကူးစက်ဖျားနာခြင်းတွေကကိုယ်တင်မကဘဲ တခြားသူတွေကိုပါ ဆိုးရွာစွာကူးစက်စေနိုင်တာကြောင့်ဒီလိုဖျားနာပြီဆိုရင်တော့ အင်တာဗျူးချိန်းထားတာကို အကျိုးအကြောင်းပြောပြပြီးပြန်ချိန်းသင့်ပါတယ်။ ပြီးတော့ ဖျားနာတဲ့အချိန်မှာ အင်တာဗျူးဖြေဆိုရတာလည်းအဆင်မပြေနိုင်ပါဘူး။ အာရုံစူးစိုက်နိုင်စွမ်းအားနည်းပြီး […]

မွေးဖွားနှုန်းကျလာတဲ့ ဂျပန်မှာ Dating App လုပ်ပြီး လူငယ်တွေလက်ထပ်ဖို့ အစိုးရကြိုးပမ်း

June 10, 2024 Aung Khant Mon 0

ဂျပန်နိုင်ငံရဲ့ မွေးဖွားမှုနှုန်းက စံချိန်သစ်တစ်ခုကို ကျဆင်းခဲ့ပြီးနောက် အစိုးရကချိန်းတွေ့တဲ့အက်ပ်ကို လုပ်ဆောင်ပြီး ဒီအက်ပ်ကပြောင်း လဲနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ဂျပန်မှာကလေးမွေးဖွားနှုန်းကျဆင်းလာပြီးနောက်မှာ ချိန်းတွေ့တဲ့အက်ပ်ကိုလုပ်ဆောင်ပြီးအစိုးရက လူတွေတွေလက်ထပ်ဖို့ ကြိုးပမ်းနေပါတယ်။ မိသားစုဘဝမြှင့်တင်ဖို့အတွက်ဂျပန်အစိုးရက အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာပဲ ကလေးမွေးဖွားနှုန်းကစံချိန်တင်လျော့ကျသွားခဲ့တာဖြစ်ပါတယ်။ကျန်းမာရေး၊အလုပ်သမားနဲ့လူမှုဖူလုံရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့အချက်အ လက်အသစ်တွေအရအရင်နှစ်က လူပေါင်း ၁၂၃ ဒသမ၉သန်းမှာ မွေးဖွားသူ ၇၂၇၂၇၇ သာရှိတယ်လို့ထုတ်ပြန်ပါတယ်။ အမျိုးသမီးတဦးရဲ့ တသက်တာမှရှိရမယ့် မျိုးပွားမှုနှုန်း […]

အသစ်စက်စက်လွှတ်တော်အမတ် ကန်ဂနားကို လေဆိပ်မှာ ပါးရိုက်လိုက်တဲ့ CISF ဝန်ထမ်း

June 10, 2024 Aung Khant Mon 0

သရုပ်ဆောင်လည်းဖြစ် နိုင်ငံရေးသမားလည်းဖြစ်လာတဲ့ ကန်ဂနားကို Central Industrial Security Force (CISF) က အမျိုးသမီးဝန် ထမ်းတစ်ဦးက Chandigarh လေဆိပ်မှာ ဇွန်လ ၆ရက်နေ့က ပါးရိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက HT ကိုပြောကြားခဲ့ပါတယ်။သ တင်းရင်းမြစ်ရဲ့အပြောအရ မန်ဒီမဲဆန္ဒနယ် ရွေးကောက်ခံအမတ်က လုံခြုံရေးစစ်ဆေးချိန်မှာမင်းသမီးက သူမရဲ့ဖုန်းကို ဗန်းထဲထည့်ဖို့ […]

ပျော်ရွှင်ရတဲ့ အလုပ်ခွင်ရဲ့ အကျိုးကျေးဇူးများ

June 7, 2024 Aung Khant Mon 0

လုပ်ငန်းခွင်ပျော်ရွှင်မှုက ဘယ်လောက်အရေးကြီးလဲဆိုတာ အားလုံးသိပြီးသားပါ။ တပတ်မှာနာရီလေးဆယ်လောက် အနည်းဆုံးကုန်ဆုံးရတဲ့ အလုပ်ပတ်ဝန်းကျင်မှာ ပျော်ရွှင်ရဖို့ကဘယ်လောက်အရေးပါပါသလဲ။ လုပ်ငန်းခွင်မှာ ပျော်ရွှင်ရတဲ့အခါ ရရှိလာတဲ့အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ။တင်းကျပ်တဲ့ လူမှုပတ်ဝန်းကျင်မှာ အလုပ်လုပ်တဲ့ သူတွေနဲ့ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်အလုပ်လုပ်ရတဲ့ လုပ် ငန်းခွင်ကသူတွေနဲ့ ကုန်ထုတ်လုပ်မှုချင်းကွာဟပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဖိစီးမှုကင်းကင်းအလုပ်လုပ်ရတဲ့သူတွေကကုန်ထုတ်စွမ်း အားပိုမိုမြင့်မားတာကိုတွေ့ရပါတယ်။ ပျော်ရွှင်ရတဲ့လုပ်ငန်းခွင်မှာ ကိုယ့်အတွက်အကျိုးကျေးဇူးတခုကတော့လူမှုဆက်ဆံရေးတိုးပွားလာတာပါပဲ။ အားလုံးနဲ့ချစ်ချစ်ခင်ခင်၊ ရင်းရင်းနှီးနှီးရှိတယ်ဆိုရင်လုပ်ငန်းခွင်က ပျော်ရွှင်စရာကောင်းမှာပါ။ […]

အိန္ဒိယပါလီမန်မှာ အမတ်ဖြစ်သွားကြတဲ့ ဘောလိဝုဒ်စတားများနဲ့ တောင်ပိုင်းသရုပ်ဆောင်များ

June 7, 2024 Aung Khant Mon 0

မကြာသေးမီက အိန္ဒိယမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အောင်နိုင်သူတွေပေါ်ထွက်လာခဲ့ပါတယ်။ ဒီရွေးကောက်ပွဲအောင်နိုင်သူတွေထဲမှာဘောလိဝုဒ်နာမည်ကျော်ကြယ်ပွင့်တွေအပါအဝင် တောင်ပိုင်းသရုပ်ဆောင်တွေလည်းပါဝင်နေခဲ့ပါတယ်။ရွေးကောက်ပွဲရ လဒ်က လက်ရှိဝန်ကြီးချုပ်ရဲ့ Bharatiya Janata Party (BJP)ပါတီအနိုင်ရခဲ့ပေမဲ့ သောင်ပြိုကမ်းပြိုအနိုင်ရတာတော့ မဟုတ်ခဲ့ပါဘူး။ အိန္ဒိယအမျိုးသားကွန်ဂရက်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ဒုတိယအကြီးဆုံးအတိုက်အခံပါတီဖြစ်လာခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ဘောလိဝုဒ်ကြယ်ပွင့်တွေထဲမှာ ကန်ဂနားလည်းပါဝင်ပါတယ်။ သူမက သူမရဲ့ဇာတိမြို့ မန်ဒီမှာ […]

ကိုယ့်ကိုယ်ကိုယ် ကုစားခြင်းမှာ သိသင့်တဲ့ အဆင့် (၆)ဆင့်

June 7, 2024 Aung Khant Mon 0

အားလုံးက နာကျင်မှုတခုခု၊ ရောဂါဝေဒနာတခုခု၊စိတ်ထိခိုက်စရာအခြေအနေတခုခုကြုံလာရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ကု စားဖို့အချိန်လိုပါတယ်။ ကုစားရာမှာ အဆင့်တွေလည်း လိုပါတယ်။ ဒီလိုရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာမှာ နာကျင်မှုတခုခုဖြစ်လာတဲ့အ ခါ ဘယ်လို healing လုပ်မလဲဆိုတဲ့အချက်ကအရေးကြီးလာပါတယ်။ကိုယ်ကိုယ်ကိုယ်ပြန်လည်ကုစားတဲ့ လုပ်ငန်းစဉ်က အရေးကြီးတဲ့ လုပ်ငန်းစဉ်တခုဖြစ်ပါတယ်။ လက်ခံလိုက်တာ ကိုယ့်ရဲ့ခံစားနေရတဲ့ စိတ်နာကျင်မှု၊ ရုပ်နာကျင်မှုကို လက်ခံလိုက်တာက ပထမဆုံးအဆင့်ကုစားတဲ့အချက်ပါပဲ။ ဒီနေရာမှာ စိတ်နာကျင်မှုဆိုတာကတော့ […]

“မင်းဖြစ်ချင်တာကို သိအောင်လုပ်ပြီး အဲဒါကိုဖြစ်အောင်လုပ်ပါ”ဆိုတဲ့ အဆိုတော်လီဆာ

June 6, 2024 Aung Khant Mon 0

Black Pink ရဲ့အဆိုတော်လီဆာပြောတဲ့စကားကို Reader’s Digest မဂ္ဂဇင်းရဲ့ ဧပြီလကနေ မေလထုတ်ရဲ့ Quotes ကော်လံမှာ ထင် ရှားစွာထည့်သွင်းထားပါတယ်။“မင်းဖြစ်ချင်တာကို သိအောင်လုပ်ပြီး အဲ့ဒါကိုဖြစ်အောင်လုပ်ပါ” ဆိုတဲ့ Quote ပဲဖြစ်ပါတယ်။ Netflix မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ "Blackpink: Light Up the Sky" ထဲကQuote […]

KAIST မှာ ဧည့်ပါမောက္ခအဖြစ် ခန့်အပ်ခံရတဲ့ G-Dragon

June 6, 2024 Aung Khant Mon 0

G-Dragon က Korea Advanced Institute of Science and Technology (KAIST) မှာဧည့်ပါမောက္ခအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ G-Dragon ကို ဇွန်လ ၅ရက်နေ့မှာ ဒယ်ဂျုံးရှိ KAIST ရုံးချုပ်မှာ ကျင်းပတဲ့ “Innovate Korea 2024” စကားဝိုင်းမှာ ပါဝင်ပြီးတဲ့နောက်မှာတော့ […]

တပတ်မှာ လေးရက်အလုပ်လုပ်ရတာရဲ့ အားသာချက်နဲ့ အားနည်းချက်များ

June 6, 2024 Aung Khant Mon 0

နိုင်ငံတကာလုပ်ငန်းခွင်တချို့မှာ တပတ်လေးရက်နဲ့ အလုပ်ခွင်တွေစတင်လာကြပါတယ်။အဲဒီတပတ်လေးရက်နဲ့ လုပ်ငန်းခွင်တွေရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကဘာတွေများဖြစ်မလဲ။ ဒီအချက်တွေကို ဒီနေ့မှာ မျှဝေပေးသွားချင်ပါတယ်။ အားသာချက်များ တပတ်လေးရက်အလုပ်လုပ်တာရဲ့ အားသာချက်တခုကတော့ ကုန်ထုတ်စွမ်းအားတိုးစေတာပါ။လူတယောက်က အလုပ်ကောင်းကောင်းလုပ်ဖို့အတွက်အားလပ်ရက်ကောင်းကောင်းရှိဖို့လိုပါတယ်။ အရင်က လုပ်ငန်းခွင်တွေကတပတ်ကိုတရက်နားရက်ပေးတာကနေ တပတ်ကိုနှစ်ရက် နားရက်ပေးပါတယ်။နောက်ဆုံးမှာတော့ တပတ်ကိုသုံးရက်နားရက်ပေးလာကြပါတယ်။အကြောင်းပြချက်တွေကတော့ ဝန် ထမ်းတွေရဲ့ ကုန်ထုတ်စွမ်းအားတွေ၊စိတ်အားတက်ကြွမှုတွေရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။နောက်တချက်ကတော့ Facility ကုန်ကျစရိတ်ကို […]

Toxic ဖြစ်နေတဲ့ လုပ်ငန်းခွင်ကို ကိုင်တွယ်ဖြေရှင်းဖို့နည်းလမ်း (၅)ခု

June 5, 2024 Aung Khant Mon 0

အလုပ်မှာ သင်ပျော်ရွှင်ရဲ့လား။ လုပ်ငန်းခွင်အကြောင်းတွေးလိုက်တာနဲ့ စိတ်ညစ်ညူးပြီးလုပ်ဖော်ကိုင်ဖက်နဲ့ အထက်လူကြီးကအစ အရာအားလုံးက သင့်အတွက်စိတ်ဖိစီးစရာ၊စိတ်ပျက်စရာလို့ ခံစားလာရပြီဆိုရင်တော့ သင်က Toxic ဖြစ်တဲ့ လုပ်ငန်းခွင်မှာ ရောက်နေပါပြီ။ ဒီလိုအခြေအနေမှာ သင့်အနေနဲ့ ဘယ်လိုမျိုးရှေ့ဆက်မလဲဆိုတဲ့အချက်ကစဉ်းစားစရာဖြစ်လာနေပါပြီ။ ဒီလိုအခြေအနေမှာ သင့်အနေနဲ့ လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ မတူကွဲပြားမှုနဲ့ပေါင်းစည်းခြင်းဆိုင်ရာမူဝါဒကို တောင်းဆိုပါ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံမှုတွေ၊ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေကို ဖြေရှင်းဖို့အတွက်မတူကွဲပြားမှုနဲ့ […]