အိမ်ကနေအလုပ်လုပ်ရတဲ့သူတွေအတွက် ဆက်သွယ်ရေးအကြံပြုချက် (၅)ချက်
ဒါက Work from Home လုပ်ကိုင်နေရသူတွေအတွက် အကြံပြုချက်ပဲဖြစ်ပါတယ်။အိမ်ကအနေအလုပ်လုပ်ရတဲ့အခါ ဆက်သွယ်ရေးမှာ အားနည်းနေတယ်၊လစ်ဟာမှုတွေရှိနေတယ်လို့ ခံစားရနိုင်ပါတယ်။ ဥပမာ တယောက်နဲ့တယောက်အချိတ်အဆက်မမိတာ၊ အားနည်းတာတွေဖြစ်နိုင်ပါတယ်။ ဒီလိုတွေမဖြစ်ရအောင်ဒီအချက်တွေက အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်။ သင့်မန်နေဂျာများနဲ့ယုံကြည်မှုတည်ဆောက်တာ အဓိကအချက်ကတော့ ဝန်ထမ်းများနဲ့ မန်နေဂျာများကြားမှာ ယုံကြည်မှုတည်ဆောက်ထားဖို့လိုပါတယ်။ တဦးနဲ့တဦး ယုံကြည်မှုလျော့ နည်းလာလေ တင်းမာမှုတွေ၊လစ်ဟာမှုတွေ တိုးလာစေပါတယ်။ […]