အခြေခံစီမံခန့်ခွဲမှု စွမ်းရည် (၁၁)မျိုး
စီမံခန့်ခွဲမှုမှာ မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေက ဘာတွေဖြစ်မလဲ။လုပ်ငန်းခွင်တခုမှာ ခေါင်းဆောင်ဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ စီမံခန်ခွဲမှုနဲ့ပတ်သက်ပြီးအခြေခံသဘောတရားတွေ၊ အခြေခံစွမ်းရည်တွေရှိထားသင့်ပါတယ်။ ဒီအချက်တွေကတော့စီမံခန့်ခွဲမှုအခြေခံစွမ်းရည်တွေပဲဖြစ်ပါတယ်။ ညှိနှိုင်းဆောင်ရွက်တာ မန်နေဂျာများရဲ့ အဓိက အခန်းကဏ္ဍကတော့ လုပ်ငန်းဆောင်တာများ၊စည်းလုံးညီညွတ်တဲ့အသင်းများဖြစ်ဖို့နဲ့ ဒါတွေဖွံ့ဖြိုးတိုးတက်စေဖို့ဖြစ်ပါတယ်။ ဒီအဖွဲ့များအမှီအခိုကင်းစွာနဲ့ အလုပ်လုပ်ကြပြီး မန်နေဂျာများကတော့ သူတို့ရဲ့ရည်မှန်းချက်များအောင်မြင်ဖို့အတွက် လို အပ်တဲ့ အရင်းအမြစ်များနဲ့ကျွမ်းကျင်မှုများရှိကြောင်း သေချာစေဖို့ဖြစ်ပါတယ်။ အဖွဲ့တခုမှာလိုအပ်တဲ့အရင်းအမြစ်ကိုမသိပါက ဒါမှ […]