ပရောက်ဖက်ရှင်နယ်များ လိုက်နာသင့်တဲ့ ကျင့်ဝတ်စံတန်ဖိုး (၆)ခု
ပရောက်ဖက်ရှင်နယ်တိုင်း လိုက်နာသင့်တဲ့ ကျင့်ဝတ်စံတန်ဖိုးတွေက ဘာတွေလဲ။ သင်ကကျင့်ဝတ်ပိုင်းဆိုင်ရာအနေနဲ့ စံနမူနာပြဖြစ်စေဖို့ ဒါမှမဟုတ် သင့်ရဲ့အဖွဲ့မှာကျင့်ဝတ်ဆိုင်ရာအလေ့အထများကို ထည့်သွင်းစဉ်းစားဖို့အတွက် လိုက်နာသင့်တဲ့ကျင့်ဝတ်တွေကို ဖော်ပြပေးချင်ပါတယ်။ ရိုးသားမှု ရိုးသားမှုက အခြေခံအကျဆုံး ကျင့်ဝတ်တခုဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်နဲ့ဖြစ်စေ၊ဖောက်သည်များနဲ့ဖြစ်စေ၊ စားသုံးသူများနဲ့ဖြစ်စေ၊ မိတ်ဆွေအပေါင်းအသင်းဆက်ဆံရေးမှာဖြစ်စေ မရှိမဖြစ်လိုအပ်တဲ့ ကျင့်ဝတ်တခုပါပဲ။သင်မတည်နိုင်တဲ့ကတိတွေကို ရှောင်ကြဉ်တာ၊ ကိုယ့်မှာရှိတဲ့စွမ်းရည်တွေကို၊အားနည်းချက်တွေကို စိတ်ရင်းမှန်နဲ့ ဖော်ပြတာတွေကလည်း ရိုးသားမှုပါပဲ။ […]