Jisoo နဲ့ Park Jung Min တို့ Zombie ဇာတ်လမ်းတွဲသစ်မှာပါဝင်နိုင်ခြေရှိ

Black Pink က Jisoo နဲ့ Park Jung Min တို့ဟာ Coupang Play ရဲ့ Zombie အက်ရှင်ဇာတ်လမ်းတွဲသစ်တစ်ခုမှာ ခေါင်းဆောင်ပါဝင်ဖို့ကမ်းလှမ်းခံထားရတယ်လို့ဆိုပါတယ်။ဒီဇာတ်လမ်းတွဲရဲ့နာမည်က Influenza ဖြစ်ပြီး စစ်သားတစ်ဦးနဲ့သူ့ရဲ့ချစ်သူကောင်မလေးတို့ဟာ Zombie အန္တရာယ်ကြီးမကျရောက်လာခင်လေးမှာ လမ်းခွဲပြတ်စဲခဲ့ကြတာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲရဲ့တွဲဖက်ဇာတ်ညွှန်းရေးသူက တော့ နာမည်ကြီးကိုရီးယားရုပ်ရှင် Parasite ရဲ့ဇာတ်ညွှန်းဆရာ Han Ji Won ဖြစ်တယ်လို့သိရပါတယ်။မင်းသား Park Jung Min အ နေနဲ့ ဒီဇာတ်လမ်းတွဲမှာ Jae Yoon ဆိုတဲ့ဇာတ်ကောင်နေရာကသရုပ်ဆောင်ရမှာဖြစ်ပြီး Jae Yoon ဟာ စစ်မှုထမ်းတာဝန်ထမ်းဆောင်ဖို့ကိုအမျိုးမျိုးရှောင်လွှဲနေခဲ့ပေမယ့် အသက် ၂၆ နှစ်နောက်ပိုင်းမှာမဖြစ်မနေစစ်မှုထမ်းရမယ့်အချိန်ကိုရောက်ရှိလာပြီး အနာဂတ်ကလည်းဝေဝါးနေတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ မသေချာတဲ့အနာဂတ်နဲ့မရေရာတဲ့အချစ်ရေးကြောင့်စိုးရိမ်စရာတွေနည်းအောင် ချစ်သူကောင်မလေးကိုလည်းလမ်းခွဲလိုက်ပါတယ်။

အဲဒီအချိန်မှာပဲအပြင်လောကမှာ Zombie တွေပေါ်လာပါတော့တယ်။ Jisoo ကတော့ Jae Yoon ရဲ့ကောင်မလေး Young Joo နေရာကပါဝင်ရမှာဖြစ်ပါတယ်။ Young Joo ဟာယုံကြည်မှုပျောက်ဆုံးနေတဲ့၊အားကိုးဖို့မဖြစ်နိုင်သေးတဲ့ ချစ်သူကောင်လေးကိုပိုင်ဆိုင်ထားရပြီးချစ်သူရဲ့လမ်းခွဲစကားကြားရပြီးနောက်ပိုင်းမှာ Zombie အန္တရာယ်ကြားချစ်သူကိုလိုက်ရှာတဲ့ကောင်မလေးဖြစ်ပါတယ်။သူတို့နှစ်ဦး ဒီဇာတ်လမ်းတွဲကိုလက်ခံရိုက်ကူးဖြစ်ဖို့ အားလုံးကမျှော်လင့်ထားကြပါတယ်။

Ju Ju

zawgyi

Black Pink က Jisoo နဲ႔ Park Jung Min တို႔ဟာ Coupang Play ရဲ႕ Zombie အက္ရွင္ဇာတ္လမ္းတြဲသစ္တစ္ခုမွာ ေခါင္းေဆာင္ပါဝင္ဖို႔ကမ္းလွမ္းခံထားရတယ္လို႔ဆိုပါတယ္။ဒီဇာတ္လမ္းတြဲရဲ႕နာမည္က Influenza ျဖစ္ၿပီး စစ္သားတစ္ဦးနဲ႔သူ႔ရဲ႕ခ်စ္သူေကာင္မေလးတို႔ဟာ Zombie အႏၲရာယ္ႀကီးမက်ေရာက္လာခင္ေလးမွာ လမ္းခြဲျပတ္စဲခဲ့ၾကတာျဖစ္ပါတယ္။ဒီဇာတ္လမ္းတြဲရဲ႕တြဲဖက္ဇာတ္ၫႊန္းေရးသူက ေတာ့ နာမည္ႀကီးကိုရီးယား႐ုပ္ရွင္ Parasite ရဲ႕ဇာတ္ၫႊန္းဆရာ Han Ji Won ျဖစ္တယ္လို႔သိရပါတယ္။မင္းသား Park Jung Min အ ေနနဲ႔ ဒီဇာတ္လမ္းတြဲမွာ Jae Yoon ဆိုတဲ့ဇာတ္ေကာင္ေနရာကသ႐ုပ္ေဆာင္ရမွာျဖစ္ၿပီး Jae Yoon ဟာ စစ္မႈထမ္းတာဝန္ထမ္းေဆာင္ဖို႔ကိုအမ်ိဳးမ်ိဳးေရွာင္လႊဲေနခဲ့ေပမယ့္ အသက္ ၂၆ ႏွစ္ေနာက္ပိုင္းမွာမျဖစ္မေနစစ္မႈထမ္းရမယ့္အခ်ိန္ကိုေရာက္ရွိလာၿပီး အနာဂတ္ကလည္းေဝဝါးေနတဲ့လူငယ္ေလးတစ္ေယာက္ျဖစ္ပါတယ္။ မေသခ်ာတဲ့အနာဂတ္နဲ႔မေရရာတဲ့အခ်စ္ေရးေၾကာင့္စိုးရိမ္စရာေတြနည္းေအာင္ ခ်စ္သူေကာင္မေလးကိုလည္းလမ္းခြဲလိုက္ပါတယ္။

အဲဒီအခ်ိန္မွာပဲအျပင္ေလာကမွာ Zombie ေတြေပၚလာပါေတာ့တယ္။ Jisoo ကေတာ့ Jae Yoon ရဲ႕ေကာင္မေလး Young Joo ေနရာကပါဝင္ရမွာျဖစ္ပါတယ္။ Young Joo ဟာယုံၾကည္မႈေပ်ာက္ဆုံးေနတဲ့၊အားကိုးဖို႔မျဖစ္ႏိုင္ေသးတဲ့ ခ်စ္သူေကာင္ေလးကိုပိုင္ဆိုင္ထားရၿပီးခ်စ္သူရဲ႕လမ္းခြဲစကားၾကားရၿပီးေနာက္ပိုင္းမွာ Zombie အႏၲရာယ္ၾကားခ်စ္သူကိုလိုက္ရွာတဲ့ေကာင္မေလးျဖစ္ပါတယ္။သူတို႔ႏွစ္ဦး ဒီဇာတ္လမ္းတြဲကိုလက္ခံ႐ိုက္ကူးျဖစ္ဖို႔ အားလုံးကေမွ်ာ္လင့္ထားၾကပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*