အလုပ်အင်တာဗျူးတိုင်းမှာလုံးဝမပြောသင့်တဲ့အချက် ၆ ချက်

အင်တာဗျူးဝင်နေစဉ်အတွင်းမှာ ကိုယ့်ရဲ့နံပါတ် ၁ အရေးအကြီးဆုံးအချက်ကတခြားသောလူတွေထက်ကိုယ်ကသာလွန်ပြီး အလုပ်နဲ့အသင့်တော်ဆုံးသူဖြစ်တယ်ဆိုတာကိုအင်တာဗျူးသူကသိသွားစေဖို့ပါပဲ။ကိုယ်နဲ့အင်တာဗျူးတဲ့သူက စကားပြောရတာအဆင်ပြေချောမွေ့နေပေမယ့်ကိုယ့်ဘက်ကသတိလွတ်ပြီးအမှားအယွင်းလေးတစ်ချက်ပါလိုက်ရင်အင်တာဗျူးချိန်တစ်လျှောက်လုံးတည်ဆောက်ထားသမျှ သဲထဲရေသွန်ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်အခုဖော်ပြပေးမယ့်အချက်တွေကိုတော့ လုံးမပြောမထွက်မိစေဖို့သတိထားသင့်ပါတယ်နော်။

၁. ပြင်ဆင်ချိန်သိပ်မရခဲ့ဘူး
အလုပ်လာလျှောက်တယ်ဆိုရင် ကိုယ်လျှောက်တဲ့ကုမ္ပဏီနဲ့အလုပ်တာဝန်အကြောင်းသေသေချာချာမသိဘဲ ဘယ်သူမှလာမလျှောက်ကြပါဘူး။ ဒါကိုကိုယ်ကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလို့ပဲဖြစ်ဖြစ်၊ စိတ်လှုပ်ရှားတာကြောင့်ပဲဖြစ်ဖြစ်ပြင်ဆင်ချိန်သိပ်မရခဲ့ဘူးဆိုတဲ့စကားမျိုးပြောမိတတ်ပါတယ်။ ဒီလိုအပြောမျိုးကိုလုံးဝရှောင်သင့်ပါတယ်။ ကိုယ်တိုင်ကလည်း ကိုယ်လျှောက်မယ့်အလုပ်နေရာအတွက်
ကုမ္ပဏီမှာလက်ရှိလုပ်နေတဲ့ဝန်ထမ်း ဒါမှမဟုတ် လုပ်ခဲ့ဖူးတဲ့ဝန်ထမ်းဆီကနေအလုပ်အကြောင်းတီးခေါက်ထားဖို့လိုသလို တကယ်အချိန်မရခဲ့ရင်တောင် အွန်လိုင်းကနေကုမ္ပဏီအကြောင်း၊ ကိုယ်လျှောက်မယ့်ရာထူးနေရာအကြောင်းလေ့လာထားရပါမယ်။

၂. အကုန်လုပ်နိုင်တယ်
ကျွန်တော်အကုန်လုပ်နိုင်ပါတယ်ဆိုတဲ့စကားမျိုးကအလုပ်ရှင်အတွက်သဘောကျစရာကောင်းသလိုလိုဖြစ်နေပေမယ့် တကယ်ကမဟုတ်ပါဘူး။အင်တာဗျူးသူတွေဟာ ကိုယ်ဒီရာထူးကိုဘယ်လောက်ထိစိတ်အားထက်သန်မှုရှိတယ်၊ဒီနေရာအတွက်ဘယ်လောက်ထိကျွမ်းကျင်မှုတည်ဆောက်ထားပြီလဲဆိုတာကိုသိချင်ကြတာဖြစ်ပါတယ်။ ကျွန်တော်ဒီမှာဘာပဲဖြစ်ဖြစ်လုပ်နိုင်ပါတယ်။ ဒီနေရာမဟုတ်ရင်ရော
တခြားလစ်လပ်နေရာတစ်ခုခုရှိသေးလားဆိုတဲ့အမေးမျိုးက ကိုယ့်ကိုပယ်ချခံရဖို့များနေတဲ့မေးခွန်းမျိုးဖြစ်ပါတယ်။

၃. အရင်အလုပ်ကလုံးဝမကောင်းဘူး
အလုပ်အင်တာဗျူးမှာ အရင်ကုမ္ပဏီအကြောင်းပြောတာကသတိထားရမယ့်အရာဖြစ်ပါတယ်။အရင်အလုပ်က လုံးဝမကောင်းဘူး၊ လုပ် ဖော်ကိုင်ဖက်တွေကလည်းဆိုးရွားတယ်၊စည်းကမ်းတွေကလည်းတင်းကျပ်လိုက်တာ စတဲ့အချက်တွေကိုပြောမယ်ဆိုရင်ကိုယ့်ကိုအလုပ် ခန့်ဖို့စဉ်းစားသွားနိုင်ပါတယ်။ဘာကြောင့်အရင်အလုပ်ကနေထွက်ချင်တာလဲဆိုတဲ့အမေးမျိုးကိုဖြေတဲ့အခါ ကိုယ်ကြိုးစားချင်တာတွေ၊
ရင်ဆိုင်ချင်တဲ့စိန်ခေါ်မှုတွေ၊ ဒီမှာသာအလုပ်ရရင် ဘာတွေထပ်တိုးလုပ်ဆောင်ချင်တယ်ဆိုတာတွေကိုပဲအလေးပေးပြီးဖြေဆိုနိုင်ပါတယ်။

၄. Resume ထဲမှာပြောထားပါတယ်
အင်တာဗျူးတဲ့သူက Resume ထဲမှာဖော်ပြထားပြီးသားအကြောင်းအချက်တစ်ခုခုကိုထပ်မေးတယ်ဆိုတာက သင့်ရဲ့ အပြောစွမ်းရည်ကိုစမ်းသပ်တာ၊သင်နဲ့စကားများများပြောကြည့်ချင်တာကြောင့်ဖြစ်ပါတယ်။ ဒါကို ကိုယ်က Resume ထဲကအတိုင်းပါပဲဆိုပြီး တုံးတိတိဖြေတာမျိုးက လုံးဝမလုပ်သင့်တဲ့အရာဖြစ်ပါတယ်။

၅. ကိုယ်ပိုင်လုပ်ငန်းလေးဖြစ်နိုင်သမျှမြန်မြန်စချင်လို့
စွန့်ဦးတီထွင်သမားတစ်ယောက်လို ပြင်းပြတဲ့ရည်မှန်းချက်တွေ၊ ဆန္ဒတွေရှိတာကကောင်းပေမယ့်အလုပ်အင်တာဗျူးဖြေနေချိန်မှာတော့ ဒါတွေကိုပြောဖို့မသင့်တော်ပါဘူး။အလုပ်ရှင်တွေကကိုယ့်အလုပ်မှာ ကြာကြာနေမယ့်သူ၊အလုပ်အပေါ်အပြည့်အဝအာရုံစိုက်ပေးသူကိုပဲလိုချင်ကြတာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်ကအလုပ်ရချင်လို့လျှောက်တာဆိုရင်တော့ ကိုယ်လျှောက်နေတဲ့အလုပ်သည်သာကိုယ့်အ တွက်အရေးအကြီးဆုံးဆိုတာမျိုးပြောသင့်ပါတယ်နော်။

၆. ကျေးဇူးပါ၊ ကျွန်တော့်ဘက်ကမေးခွန်းမရှိပါဘူး
အင်တာဗျူးသူကကိုယ့်ကို ဘာမေးစရာရှိသေးလဲလို့မေးတဲ့အခါ မေးခွန်းတစ်ခု၊နှစ်ခုတော့ရအောင်ပြန်မေးသင့်ပါတယ်။ ကိုယ့်ဘက်ကနေပြန်မေးစရာမေးခွန်းမရှိတော့ဘူးဆိုတာကအရမ်းကိုပြီးပြည့်စုံတဲ့အင်တာဗျူးဖြစ်နေလို့ဆိုတာထက် ဘာမေးရမှန်းမသိ အိုင်ဒီယာမရှိသလိုပုံစံမျိုး၊သူတို့ရဲ့အလုပ်ကိုစိတ်ဝင်စားမှုအားနည်းသလိုပုံစံမျိုး ယူဆသွားတတ်ကြပါတယ်။ ဒါကြောင့်ကိုယ့်ဘက်ကပြန်မေးချင်တဲ့မေးခွန်းကောင်းတွေကိုလည်း ကြိုတင်ပြင်ဆင်သွားဖို့လိုပါတယ်နော်။ဒီအချက်တွေကိုသတိထားရှောင်ရှားပြီး အလုပ်အင်တာဗျူးတိုင်းကိုအောင်မြင်နိုင်ကြပါစေ။

Ju Ju

zawgyi

အင္တာဗ်ဴးဝင္ေနစဥ္အတြင္းမွာ ကိုယ့္ရဲ႕နံပါတ္ ၁ အေရးအႀကီးဆုံးအခ်က္ကတျခားေသာလူေတြထက္ကိုယ္ကသာလြန္ၿပီး အလုပ္နဲ႔အသင့္ေတာ္ဆုံးသူျဖစ္တယ္ဆိုတာကိုအင္တာဗ်ဴးသူကသိသြားေစဖို႔ပါပဲ။ကိုယ္နဲ႔အင္တာဗ်ဴးတဲ့သူက စကားေျပာရတာအဆင္ေျပေခ်ာေမြ႕ေနေပမယ့္ကိုယ့္ဘက္ကသတိလြတ္ၿပီးအမွားအယြင္းေလးတစ္ခ်က္ပါလိုက္ရင္အင္တာဗ်ဴးခ်ိန္တစ္ေလွ်ာက္လုံးတည္ေဆာက္ထားသမွ် သဲထဲေရသြန္ျဖစ္သြားႏိုင္ပါတယ္။ဒါေၾကာင့္အခုေဖာ္ျပေပးမယ့္အခ်က္ေတြကိုေတာ့ လုံးမေျပာမထြက္မိေစဖို႔သတိထားသင့္ပါတယ္ေနာ္။

၁. ျပင္ဆင္ခ်ိန္သိပ္မရခဲ့ဘူး
အလုပ္လာေလွ်ာက္တယ္ဆိုရင္ ကိုယ္ေလွ်ာက္တဲ့ကုမၸဏီနဲ႔အလုပ္တာဝန္အေၾကာင္းေသေသခ်ာခ်ာမသိဘဲ ဘယ္သူမွလာမေလွ်ာက္ၾကပါဘူး။ ဒါကိုကိုယ္ကကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈနည္းလို႔ပဲျဖစ္ျဖစ္၊ စိတ္လႈပ္ရွားတာေၾကာင့္ပဲျဖစ္ျဖစ္ျပင္ဆင္ခ်ိန္သိပ္မရခဲ့ဘူးဆိုတဲ့စကားမ်ိဳးေျပာမိတတ္ပါတယ္။ ဒီလိုအေျပာမ်ိဳးကိုလုံးဝေရွာင္သင့္ပါတယ္။ ကိုယ္တိုင္ကလည္း ကိုယ္ေလွ်ာက္မယ့္အလုပ္ေနရာအတြက္
ကုမၸဏီမွာလက္ရွိလုပ္ေနတဲ့ဝန္ထမ္း ဒါမွမဟုတ္ လုပ္ခဲ့ဖူးတဲ့ဝန္ထမ္းဆီကေနအလုပ္အေၾကာင္းတီးေခါက္ထားဖို႔လိုသလို တကယ္အခ်ိန္မရခဲ့ရင္ေတာင္ အြန္လိုင္းကေနကုမၸဏီအေၾကာင္း၊ ကိုယ္ေလွ်ာက္မယ့္ရာထူးေနရာအေၾကာင္းေလ့လာထားရပါမယ္။

၂. အကုန္လုပ္ႏိုင္တယ္
ကြၽန္ေတာ္အကုန္လုပ္ႏိုင္ပါတယ္ဆိုတဲ့စကားမ်ိဳးကအလုပ္ရွင္အတြက္သေဘာက်စရာေကာင္းသလိုလိုျဖစ္ေနေပမယ့္ တကယ္ကမဟုတ္ပါဘူး။အင္တာဗ်ဴးသူေတြဟာ ကိုယ္ဒီရာထူးကိုဘယ္ေလာက္ထိစိတ္အားထက္သန္မႈရွိတယ္၊ဒီေနရာအတြက္ဘယ္ေလာက္ထိကြၽမ္းက်င္မႈတည္ေဆာက္ထားၿပီလဲဆိုတာကိုသိခ်င္ၾကတာျဖစ္ပါတယ္။ ကြၽန္ေတာ္ဒီမွာဘာပဲျဖစ္ျဖစ္လုပ္ႏိုင္ပါတယ္။ ဒီေနရာမဟုတ္ရင္ေရာ
တျခားလစ္လပ္ေနရာတစ္ခုခုရွိေသးလားဆိုတဲ့အေမးမ်ိဳးက ကိုယ့္ကိုပယ္ခ်ခံရဖို႔မ်ားေနတဲ့ေမးခြန္းမ်ိဳးျဖစ္ပါတယ္။

၃. အရင္အလုပ္ကလုံးဝမေကာင္းဘူး
အလုပ္အင္တာဗ်ဴးမွာ အရင္ကုမၸဏီအေၾကာင္းေျပာတာကသတိထားရမယ့္အရာျဖစ္ပါတယ္။အရင္အလုပ္က လုံးဝမေကာင္းဘူး၊ လုပ္ ေဖာ္ကိုင္ဖက္ေတြကလည္းဆိုး႐ြားတယ္၊စည္းကမ္းေတြကလည္းတင္းက်ပ္လိုက္တာ စတဲ့အခ်က္ေတြကိုေျပာမယ္ဆိုရင္ကိုယ့္ကိုအလုပ္ ခန႔္ဖို႔စဥ္းစားသြားႏိုင္ပါတယ္။ဘာေၾကာင့္အရင္အလုပ္ကေနထြက္ခ်င္တာလဲဆိုတဲ့အေမးမ်ိဳးကိုေျဖတဲ့အခါ ကိုယ္ႀကိဳးစားခ်င္တာေတြ၊
ရင္ဆိုင္ခ်င္တဲ့စိန္ေခၚမႈေတြ၊ ဒီမွာသာအလုပ္ရရင္ ဘာေတြထပ္တိုးလုပ္ေဆာင္ခ်င္တယ္ဆိုတာေတြကိုပဲအေလးေပးၿပီးေျဖဆိုႏိုင္ပါတယ္။

၄. Resume ထဲမွာေျပာထားပါတယ္
အင္တာဗ်ဴးတဲ့သူက Resume ထဲမွာေဖာ္ျပထားၿပီးသားအေၾကာင္းအခ်က္တစ္ခုခုကိုထပ္ေမးတယ္ဆိုတာက သင့္ရဲ႕ အေျပာစြမ္းရည္ကိုစမ္းသပ္တာ၊သင္နဲ႔စကားမ်ားမ်ားေျပာၾကည့္ခ်င္တာေၾကာင့္ျဖစ္ပါတယ္။ ဒါကို ကိုယ္က Resume ထဲကအတိုင္းပါပဲဆိုၿပီး တုံးတိတိေျဖတာမ်ိဳးက လုံးဝမလုပ္သင့္တဲ့အရာျဖစ္ပါတယ္။

၅. ကိုယ္ပိုင္လုပ္ငန္းေလးျဖစ္ႏိုင္သမွ်ျမန္ျမန္စခ်င္လို႔
စြန႔္ဦးတီထြင္သမားတစ္ေယာက္လို ျပင္းျပတဲ့ရည္မွန္းခ်က္ေတြ၊ ဆႏၵေတြရွိတာကေကာင္းေပမယ့္အလုပ္အင္တာဗ်ဴးေျဖေနခ်ိန္မွာေတာ့ ဒါေတြကိုေျပာဖို႔မသင့္ေတာ္ပါဘူး။အလုပ္ရွင္ေတြကကိုယ့္အလုပ္မွာ ၾကာၾကာေနမယ့္သူ၊အလုပ္အေပၚအျပည့္အဝအာ႐ုံစိုက္ေပးသူကိုပဲလိုခ်င္ၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္ကိုယ္ကအလုပ္ရခ်င္လို႔ေလွ်ာက္တာဆိုရင္ေတာ့ ကိုယ္ေလွ်ာက္ေနတဲ့အလုပ္သည္သာကိုယ့္အ တြက္အေရးအႀကီးဆုံးဆိုတာမ်ိဳးေျပာသင့္ပါတယ္ေနာ္။

၆. ေက်းဇူးပါ၊ ကြၽန္ေတာ့္ဘက္ကေမးခြန္းမရွိပါဘူး
အင္တာဗ်ဴးသူကကိုယ့္ကို ဘာေမးစရာရွိေသးလဲလို႔ေမးတဲ့အခါ ေမးခြန္းတစ္ခု၊ႏွစ္ခုေတာ့ရေအာင္ျပန္ေမးသင့္ပါတယ္။ ကိုယ့္ဘက္ကေနျပန္ေမးစရာေမးခြန္းမရွိေတာ့ဘူးဆိုတာကအရမ္းကိုၿပီးျပည့္စုံတဲ့အင္တာဗ်ဴးျဖစ္ေနလို႔ဆိုတာထက္ ဘာေမးရမွန္းမသိ အိုင္ဒီယာမရွိသလိုပုံစံမ်ိဳး၊သူတို႔ရဲ႕အလုပ္ကိုစိတ္ဝင္စားမႈအားနည္းသလိုပုံစံမ်ိဳး ယူဆသြားတတ္ၾကပါတယ္။ ဒါေၾကာင့္ကိုယ့္ဘက္ကျပန္ေမးခ်င္တဲ့ေမးခြန္းေကာင္းေတြကိုလည္း ႀကိဳတင္ျပင္ဆင္သြားဖို႔လိုပါတယ္ေနာ္။ဒီအခ်က္ေတြကိုသတိထားေရွာင္ရွားၿပီး အလုပ္အင္တာဗ်ဴးတိုင္းကိုေအာင္ျမင္ႏိုင္ၾကပါေစ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*