အလုပ်မှာ ဒေါသကို ထိန်းဖို့ နည်းလမ်း (၈) ခု

အလုပ်မှာတခါတလေဒေါသထွက်ရတာက ပုံမှန်ပါပဲ။ ဒါပေမဲ့ အဲဒီဒေါသကိုဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အချက်ကတော့ သင့်ရဲ့ပရော်ဖက်ရှင်နယ်ကိုစကားပြောသွားပါလိမ့်မယ်။ ဒီအချက်တွေကတော့ အလုပ်မှာ ဒေါသကိုထိန်းသိမ်းဖို့နည်းလမ်းတွေဖြစ်ပါတယ်။

အသက်ပြင်းပြင်းရှူပါ

အသက်ပြင်းပြင်းရှူတာက အာရုံကြောစနစ်ကို အသက်ဝင်စေပါတယ်။ အဲဒီကနေခန္ဓာကိုယ်ရဲ့ပြေလျော့စေတဲ့ တုံ့ပြန်မှုကို ဖြစ်စေပါတယ်။ အသက်ပြင်းပြင်းရှူတာကသင့်နှလုံးခုန်နှုန်းကိုနှေးကွေးစေပြီး ကြွက်သားများတင်းမာမှုကိုလျှော့ချပေးတာကြောင့်စိတ်တည်ငြိမ်မှုကိုမြှင့်တင်ပေးပြီး စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စေရန် ကူညီပေးပါတယ်။

သတိပဋ္ဌာန်ကို ကျင့်ပါ

သတိပဋ္ဌာန်တရားက ပစ္စပ္ပုန်အခိုက်အတန့်ကို အာရုံပြုခြင်းဖြစ်ပါတယ်။သင့်ဒေါသထွက်ပေါ်လာချိန်မှာသတိပြုမိလာစေရန်၊ စိတ်မြန်လက်မြန်မတုံ့ပြန်ဘဲသင့်အတွေးများနဲ့ စိတ်ခံစားချက်ကို စောင့်ကြည့်လေ့လာပြီး ပိုမိုအပြုသဘောဆောင်တဲ့တုံ့ပြန်မှုကိုရွေးချယ်ပါ။

အစပျိုးမှုများကို ဖော်ထုတ်ပါ

သင့်ရဲ့ ဒေါသအစပျိုးမှုများကို နားလည်ခြင်းက သင့်ကိုဒေါသဖြစ်စေနိုင်တဲ့ အခြေအနေများကိုကြိုတင်ပြင်ဆင်စေနိုင်ပါတယ်။ ဒါကြောင့် ဖြစ်ပေါ်လာတဲ့အခြေအနေများကိုစီမံခန့်ခွဲဖို့၊ရှောင်ရှားဖို့ မဟာဗျူဟာများကို ပြုစုပျိုးထောင်နိုင်ပါတယ်။

အနားယူပါ

ဒေါသအရင်းအမြစ်ကနေ ဝေးရာသို့ ထွက်ခွာခြင်းက သင့်ကိုစိတ်ပြေပျောက်စေပြီးစိတ်အေးလက်အေးနဲ့ စိတ်ပိုင်းဆိုင်ရာဟန်ချက်ညီမှုကို ပြန်လည်ရရှိစေပါတယ်။လမ်းလျှောက်တာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုကလည်း စိတ်ဖိစီးမှုနဲ့ဒေါသကိုသက်သာစေပါတယ်။

စာနာမှုကို လေ့ကျင့်ပါ

တခြားလူတယောက်ကိုနားလည်နိုင်ဖို့ သူစီးတဲ့ဖိနပ်ကို စီးကြည့်မှပဲသူ့ကိုအပြည့်အဝနားလည်နိုင်မယ်တဲ့။ တခြားသူတွေရဲ့ ဖိနပ်ထဲမှာ ကိုယ့်ကိုယ်ကို ထားပြီးသူတို့ရဲ့ အမြင်နဲ့ ခံစားချက်တွေကို နားလည်ဖို့ ကြိုးစားပါ။ စာနာမှုက သင့်ကိုသနားကြင်နာမှုနဲ့စိတ်ရှည်မှုကို တိုး ပွားလာစေနိုင်ပြီး စိန်ခေါ်မှုရှိတဲ့ အခြေအနေများကိုပိုမိုနားလည်သဘောပေါက်လာပြီး ဒေါသနည်းအောင် တုံ့ပြန်စေနိုင်ပါတယ်။

ဟာသကိုသုံးပါ (ဂရုတစိုက်)

ဟာသက တင်းမာသောအခြေအနေများကို ချေဖျက်နိုင်ပြီး သင့်အမြင်ကိုပြောင်းလဲပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချကာ အကောင်းမြင်တဲ့ လေထုကိုမြှင့်တင်ပေးပါတယ်။ ဒါပေမဲ့ ဟာသကို ပါးပါးနပ်နပ်အသုံးပြုဖို့လိုပါတယ်။လေးနက်မှုကိုမထိခိုက်စေဖို့ ဒါမှမဟုတ် တ ခြားသူတွေကိုမထိခိုက်တာသေချာစေဖို့အရေးကြီးပါတယ်။

ပြဿနာဖြေရှင်းခြင်းကို လေ့ကျင့်ပါ

ပြဿနာကို အာရုံစိုက်နေမယ့်အစား ဖြေရှင်းနည်းတွေကို ရှာဖွေဖို့ အာရုံစိုက်လိုက်ပါ။ရှုပ်ထွေးသောပြဿနာများကို စီမံခန့်ခွဲနိုင်တဲ့အဆင့်များအဖြစ် ပိုင်းဖြတ်ကာအခြားရွေးချယ်စရာနည်းလမ်းများကို စိတ်ကူးယဉ်ပြီး တစ်ခုချင်းစီ၏ ဖြစ်နိုင်ချေရလဒ်များကိုထည့်သွင်းစဉ်းစားပါ။ ပြဿနာဖြေရှင်းခြင်းက သင့်စွမ်းအင်ကို အပြုသဘောဆောင်တဲ့လုပ်ရပ်များဆီကိုလမ်းညွှန်ပေးနိုင်ပါတယ်။

သင့်အတွေ့အကြုံများမှ ပြန်လည်သုံးသပ်ပြီး သင်ယူပါ

အလုပ်မှာ ဒေါသတွေ ကြုံလာတဲ့အခါ အခြေအနေနဲ့ ကိုယ့်ရဲ့ တုံ့ပြန်မှုကို ပြန်စဉ်းစားပါ။တခါတလေမှာ အရင်ကကြုံခဲ့ရတဲ့ အတွေ့အကြုံများကို ပြန်လည်သုံးသပ်ပြီး အဲဒီကနေမှကောင်းမွန်တဲ့နည်းလမ်းကို အသုံးချပါ။ဒီအချက်တွေကတော့ အလုပ်မှာ ဒေါသကို ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။

MYit

zawgyi

အလုပ္မွာတခါတေလေဒါသထြက္ရတာက ပုံမွန္ပါပဲ။ ဒါေပမဲ့ အဲဒီေဒါသကိုဘယ္လိုကိုင္တြယ္မလဲဆိုတဲ့ အခ်က္ကေတာ့ သင့္ရဲ႕ပေရာ္ဖက္ရွင္နယ္ကိုစကားေျပာသြားပါလိမ့္မယ္။ ဒီအခ်က္ေတြကေတာ့ အလုပ္မွာ ေဒါသကိုထိန္းသိမ္းဖို႔နည္းလမ္းေတြျဖစ္ပါတယ္။

အသက္ျပင္းျပင္းရႉပါ

အသက္ျပင္းျပင္းရႉတာက အာ႐ုံေၾကာစနစ္ကို အသက္ဝင္ေစပါတယ္။ အဲဒီကေနခႏၶာကိုယ္ရဲ႕ေျပေလ်ာ့ေစတဲ့ တုံ႔ျပန္မႈကို ျဖစ္ေစပါတယ္။ အသက္ျပင္းျပင္းရႉတာကသင့္ႏွလုံးခုန္ႏႈန္းကိုေႏွးေကြးေစၿပီး ႂကြက္သားမ်ားတင္းမာမႈကိုေလွ်ာ့ခ်ေပးတာေၾကာင့္စိတ္တည္ၿငိမ္မႈကိုျမႇင့္တင္ေပးၿပီး စိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္ႏိုင္ေစရန္ ကူညီေပးပါတယ္။

သတိပ႒ာန္ကို က်င့္ပါ

သတိပ႒ာန္တရားက ပစၥပၸဳန္အခိုက္အတန႔္ကို အာ႐ုံျပဳျခင္းျဖစ္ပါတယ္။သင့္ေဒါသထြက္ေပၚလာခ်ိန္မွာသတိျပဳမိလာေစရန္၊ စိတ္ျမန္လက္ျမန္မတုံ႔ျပန္ဘဲသင့္အေတြးမ်ားနဲ႔ စိတ္ခံစားခ်က္ကို ေစာင့္ၾကည့္ေလ့လာၿပီး ပိုမိုအျပဳသေဘာေဆာင္တဲ့တုံ႔ျပန္မႈကိုေ႐ြးခ်ယ္ပါ။

အစပ်ိဳးမႈမ်ားကို ေဖာ္ထုတ္ပါ

သင့္ရဲ႕ ေဒါသအစပ်ိဳးမႈမ်ားကို နားလည္ျခင္းက သင့္ကိုေဒါသျဖစ္ေစႏိုင္တဲ့ အေျခအေနမ်ားကိုႀကိဳတင္ျပင္ဆင္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ျဖစ္ေပၚလာတဲ့အေျခအေနမ်ားကိုစီမံခန႔္ခြဲဖို႔၊ေရွာင္ရွားဖို႔ မဟာဗ်ဴဟာမ်ားကို ျပဳစုပ်ိဳးေထာင္ႏိုင္ပါတယ္။

အနားယူပါ

ေဒါသအရင္းအျမစ္ကေန ေဝးရာသို႔ ထြက္ခြာျခင္းက သင့္ကိုစိတ္ေျပေပ်ာက္ေစၿပီးစိတ္ေအးလက္ေအးနဲ႔ စိတ္ပိုင္းဆိုင္ရာဟန္ခ်က္ညီမႈကို ျပန္လည္ရရွိေစပါတယ္။လမ္းေလွ်ာက္တာလိုမ်ိဳး ကိုယ္လက္လႈပ္ရွားမႈကလည္း စိတ္ဖိစီးမႈနဲ႔ေဒါသကိုသက္သာေစပါတယ္။

စာနာမႈကို ေလ့က်င့္ပါ

တျခားလူတေယာက္ကိုနားလည္ႏိုင္ဖို႔ သူစီးတဲ့ဖိနပ္ကို စီးၾကည့္မွပဲသူ႔ကိုအျပည့္အဝနားလည္ႏိုင္မယ္တဲ့။ တျခားသူေတြရဲ႕ ဖိနပ္ထဲမွာ ကိုယ့္ကိုယ္ကို ထားၿပီးသူတို႔ရဲ႕ အျမင္နဲ႔ ခံစားခ်က္ေတြကို နားလည္ဖို႔ ႀကိဳးစားပါ။ စာနာမႈက သင့္ကိုသနားၾကင္နာမႈနဲ႔စိတ္ရွည္မႈကို တိုး ပြားလာေစႏိုင္ၿပီး စိန္ေခၚမႈရွိတဲ့ အေျခအေနမ်ားကိုပိုမိုနားလည္သေဘာေပါက္လာၿပီး ေဒါသနည္းေအာင္ တုံ႔ျပန္ေစႏိုင္ပါတယ္။

ဟာသကိုသုံးပါ (ဂ႐ုတစိုက္)

ဟာသက တင္းမာေသာအေျခအေနမ်ားကို ေခ်ဖ်က္ႏိုင္ၿပီး သင့္အျမင္ကိုေျပာင္းလဲေပးႏိုင္ပါတယ္။ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ကာ အေကာင္းျမင္တဲ့ ေလထုကိုျမႇင့္တင္ေပးပါတယ္။ ဒါေပမဲ့ ဟာသကို ပါးပါးနပ္နပ္အသုံးျပဳဖို႔လိုပါတယ္။ေလးနက္မႈကိုမထိခိုက္ေစဖို႔ ဒါမွမဟုတ္ တ ျခားသူေတြကိုမထိခိုက္တာေသခ်ာေစဖို႔အေရးႀကီးပါတယ္။

ျပႆနာေျဖရွင္းျခင္းကို ေလ့က်င့္ပါ

ျပႆနာကို အာ႐ုံစိုက္ေနမယ့္အစား ေျဖရွင္းနည္းေတြကို ရွာေဖြဖို႔ အာ႐ုံစိုက္လိုက္ပါ။ရႈပ္ေထြးေသာျပႆနာမ်ားကို စီမံခန႔္ခြဲႏိုင္တဲ့အဆင့္မ်ားအျဖစ္ ပိုင္းျဖတ္ကာအျခားေ႐ြးခ်ယ္စရာနည္းလမ္းမ်ားကို စိတ္ကူးယဥ္ၿပီး တစ္ခုခ်င္းစီ၏ ျဖစ္ႏိုင္ေခ်ရလဒ္မ်ားကိုထည့္သြင္းစဥ္းစားပါ။ ျပႆနာေျဖရွင္းျခင္းက သင့္စြမ္းအင္ကို အျပဳသေဘာေဆာင္တဲ့လုပ္ရပ္မ်ားဆီကိုလမ္းၫႊန္ေပးႏိုင္ပါတယ္။

သင့္အေတြ႕အႀကဳံမ်ားမွ ျပန္လည္သုံးသပ္ၿပီး သင္ယူပါ

အလုပ္မွာ ေဒါသေတြ ႀကဳံလာတဲ့အခါ အေျခအေနနဲ႔ ကိုယ့္ရဲ႕ တုံ႔ျပန္မႈကို ျပန္စဥ္းစားပါ။တခါတေလမွာ အရင္ကႀကဳံခဲ့ရတဲ့ အေတြ႕အႀကဳံမ်ားကို ျပန္လည္သုံးသပ္ၿပီး အဲဒီကေနမွေကာင္းမြန္တဲ့နည္းလမ္းကို အသုံးခ်ပါ။ဒီအခ်က္ေတြကေတာ့ အလုပ္မွာ ေဒါသကို ကိုင္တြယ္ေျဖရွင္းတဲ့ နည္းလမ္းေတြပဲျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*