ဘာကြောင့်ရှင်းလင်းပြတ်သားတဲ့မျှော်မှန်းချက်တွေက အလုပ်ခွင်အတွက်အရေးကြီးတာလဲ

သင့်စိတ်ထဲမှာ သင်နဲ့သင့်ရဲ့ Team ဟာ တစ်ခရီးတည်းသွားနေတယ်လို့ထင်ပါရဲ့လား။ လုပ်ငန်းခွင်ထဲမှာအဖွဲ့ဝင်တစ်ဦးချင်းစီဟာ ငါတို့တစ်ခရီးတည်းချီတက်နေတယ်ဆိုတဲ့ခံစားချက်ဖြစ်ပေါ်နေဖို့လိုပါတယ်။ဒီလိုဖြစ်ပေါ်ဖို့အတွက် ရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်နဲ့ ရှင်းလင်းတဲ့ဆက်သွယ်ချက်တွေကအဖွဲ့အစည်းအတွက်အဓိကကျတဲ့အရာတွေဖြစ်ပါတယ်။နှစ်ပေါင်းများစွာလုပ်ငန်းခွင်အမျိုးမျိုးမှာအလုပ်လုပ်လာတဲ့ ကျွမ်းကျင်သူတွေရဲ့အဆိုအရအဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းခွင်တစ်ခုမှာ ရှင်းလင်းတဲ့ရည်ရွယ်ချက်၊မျှော်မှန်းချက်တွေရှိနေဖို့ကအရေးအကြီးဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုရှင်းလင်းတဲ့မျှော်မှန်းချက်တွေရှိနေမှပဲအလုပ်ပြီးမြောက်နိုင်သလို ဝန်ထမ်းတွေအနေနဲ့လည်းမိမိကိုယ်ကိုစိတ်ကျေနပ်မှုဖြစ်လာနိုင်ပါတယ်။ဒါအပြင် နားလည်မှုလွဲတာတွေကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Healthy Team Culture ဖြစ်ဖို့ ရှင်းလင်းတဲ့မျှော်မှန်းချက်ရှိနေဖို့လိုပါတယ်။အလုပ်ခွင်အတွင်းမှာ ရှင်းလင်းတဲ့ရည်ရွယ်ချက်၊မျှော်မှန်းချက်ချမှတ်မထားဘူးဆိုရင်ဆက်သွယ်ပြောဆိုမှုအတွက်ရော၊ အလုပ်တာဝန်တွေအတွက်ပါနားလည်မှုလွဲတဲ့ပြဿနာကိုကြုံလာရမှာဖြစ်ပါတယ်။ဝန်ထမ်းအနေနဲ့ အလုပ်တာဝန်ကိုအပြည့်အဝနားမလည်ဘဲလုပ်ဆောင်နေရခြင်းက ထွက်လာတဲ့ရလဒ်မကောင်းနိုင်သလိုအလုပ် ရှင်အတွက်ရော၊ ဝန်ထမ်းအတွက်ပါစိတ်ပျက်စရာဖြစ်လာစေပါတယ်။ဝန်ထမ်းအနေနဲ့ ဘယ်အရာကိုဦးစားပေးရမယ်၊ ဘယ်အရာကို Focus ထားရမယ်ဆိုတာကိုမသိစေဘဲဝေဝါးစေပါတယ်။ ဝန်ထမ်းရဲ့ အလုပ်အပေါ်စိတ်ကျေနပ်မှု၊ကိုယ့်ကိုယ်ကိုယ်စိတ်ကျေနပ်မှုတွေလျော့ပါးလာစေတာမို့တဖြည်းဖြည်းနဲ့ပျော်ရွှင်တက်ကြွမှုကင်းမဲ့လာတတ်ပါတယ်။

အဖွဲ့တစ်ခုလုံးရဲ့ အောင်မြင်တဲ့ပူးပေါင်းဆောင်ရွက်မှုကိုမြင်ချင်ရင်ရှင်းလင်းတဲ့မျှော်မှန်းချက်တွေရှိမှဖြစ်နိုင်ပါလိမ့်မယ်။ အဖွဲ့ဝင်တွေဟာ ဘုံရည်မှန်းချက်တူနေပါမှ Teamwork နဲ့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွေကိုနားလည်လာမှာဖြစ်ပါတယ်။ဝန်ထမ်းတွေကိုအလုပ်မှာပျော်စေတဲ့အကြောင်းရင်းထဲမှာအလုပ်အပေါ်အပြည့်အဝအားစိုက်ထုတ်ခွင့်ရခြင်းနဲ့ထွက်လာတဲ့ရလဒ်ကိုကျေနပ်ခံစားခြင်းတို့ပါဝင်ပါတယ်။ ဒီလိုခံစားချက်တွေဖြစ်ပေါ်လာနိုင်ဖို့အလုပ်ရဲ့မျှော်မှန်းချက်ကရှင်းလင်းနေဖို့လိုပါတယ်။

အလုပ်မှာဝေဝါးနေရခြင်းက ဝန်ထမ်းတွေကိုစိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတွေကိုဖြစ်ပေါ်စေပြီးဒီပြဿနာကနေ ကျန်းမာရေးထိခိုက်တဲ့အထိဖြစ်စေနိုင်ပါတယ်။ဝန်ထမ်းတွေဆီကအကောင်းဆုံးလုပ်ဆောင်မှုတွေမတွေ့မြင်ရခြင်းဟာဝန်ထမ်းရဲ့ညံ့ဖျင်းမှုကြောင့်မဟုတ်ဘဲရှင်းလင်းတဲ့ရည်မှန်းချက်မရှိခြင်းနဲ့စီမံခန့်ခွဲမှုညံ့တဲ့အထက်လူကြီးကြောင့်ဖြစ်နိုင်ပါတယ်။ ဒီအနေအထားက ဝန်ထမ်းတစ်ယောက်ချင်းရဲ့အားသာချက်၊အားနည်းချက်တွေကိုလည်း တိုင်းတာဖို့ခက်ခဲစေပါတယ်။ရှင်းလင်းတဲ့ရည်မှန်းချက်၊မျှော်မှန်းချက်မရှိခြင်းက ဝန်ထမ်းတွေရဲ့ တာ ဝန်ယူမှု၊တာဝန်ခံမှုအပိုင်းကိုအားနည်းလာစေပါတယ်။ Workload တွေသာများနေပြီး ဘာမှမပြီးမြောက်ဘဲအချိန်ကိုစီမံခန့်ခွဲတတ်မှုစွမ်းရည်တွေလည်းဆုတ်ယုတ်သွားစေနိုင်ပါတယ်။ဒါကြောင့်အလုပ်တစ်ခုစလုပ်တဲ့အချိန်မှာ ရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်၊မျှော်မှန်းချက်တွေချမှတ်နိုင်ဖို့ကို အရင်ဦးဆုံးလုပ်ဆောင်သင့်တာဖြစ်ပါတယ်။

Ju Ju

zawgyi

သင့္စိတ္ထဲမွာ သင္နဲ႔သင့္ရဲ႕ Team ဟာ တစ္ခရီးတည္းသြားေနတယ္လို႔ထင္ပါရဲ႕လား။ လုပ္ငန္းခြင္ထဲမွာအဖြဲ႕ဝင္တစ္ဦးခ်င္းစီဟာ ငါတို႔တစ္ခရီးတည္းခ်ီတက္ေနတယ္ဆိုတဲ့ခံစားခ်က္ျဖစ္ေပၚေနဖို႔လိုပါတယ္။ဒီလိုျဖစ္ေပၚဖို႔အတြက္ ရွင္းလင္းျပတ္သားတဲ့ရည္မွန္းခ်က္နဲ႔ ရွင္းလင္းတဲ့ဆက္သြယ္ခ်က္ေတြကအဖြဲ႕အစည္းအတြက္အဓိကက်တဲ့အရာေတြျဖစ္ပါတယ္။ႏွစ္ေပါင္းမ်ားစြာလုပ္ငန္းခြင္အမ်ိဳးမ်ိဳးမွာအလုပ္လုပ္လာတဲ့ ကြၽမ္းက်င္သူေတြရဲ႕အဆိုအရအဖြဲ႕အစည္းတစ္ခု၊ လုပ္ငန္းခြင္တစ္ခုမွာ ရွင္းလင္းတဲ့ရည္႐ြယ္ခ်က္၊ေမွ်ာ္မွန္းခ်က္ေတြရွိေနဖို႔ကအေရးအႀကီးဆုံးျဖစ္တယ္လို႔ဆိုပါတယ္။ ဒီလိုရွင္းလင္းတဲ့ေမွ်ာ္မွန္းခ်က္ေတြရွိေနမွပဲအလုပ္ၿပီးေျမာက္ႏိုင္သလို ဝန္ထမ္းေတြအေနနဲ႔လည္းမိမိကိုယ္ကိုစိတ္ေက်နပ္မႈျဖစ္လာႏိုင္ပါတယ္။ဒါအျပင္ နားလည္မႈလြဲတာေတြကိုလည္း ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။

Healthy Team Culture ျဖစ္ဖို႔ ရွင္းလင္းတဲ့ေမွ်ာ္မွန္းခ်က္ရွိေနဖို႔လိုပါတယ္။အလုပ္ခြင္အတြင္းမွာ ရွင္းလင္းတဲ့ရည္႐ြယ္ခ်က္၊ေမွ်ာ္မွန္းခ်က္ခ်မွတ္မထားဘူးဆိုရင္ဆက္သြယ္ေျပာဆိုမႈအတြက္ေရာ၊ အလုပ္တာဝန္ေတြအတြက္ပါနားလည္မႈလြဲတဲ့ျပႆနာကိုႀကဳံလာရမွာျဖစ္ပါတယ္။ဝန္ထမ္းအေနနဲ႔ အလုပ္တာဝန္ကိုအျပည့္အဝနားမလည္ဘဲလုပ္ေဆာင္ေနရျခင္းက ထြက္လာတဲ့ရလဒ္မေကာင္းႏိုင္သလိုအလုပ္ ရွင္အတြက္ေရာ၊ ဝန္ထမ္းအတြက္ပါစိတ္ပ်က္စရာျဖစ္လာေစပါတယ္။ဝန္ထမ္းအေနနဲ႔ ဘယ္အရာကိုဦးစားေပးရမယ္၊ ဘယ္အရာကို Focus ထားရမယ္ဆိုတာကိုမသိေစဘဲေဝဝါးေစပါတယ္။ ဝန္ထမ္းရဲ႕ အလုပ္အေပၚစိတ္ေက်နပ္မႈ၊ကိုယ့္ကိုယ္ကိုယ္စိတ္ေက်နပ္မႈေတြေလ်ာ့ပါးလာေစတာမို႔တျဖည္းျဖည္းနဲ႔ေပ်ာ္႐ႊင္တက္ႂကြမႈကင္းမဲ့လာတတ္ပါတယ္။

အဖြဲ႕တစ္ခုလုံးရဲ႕ ေအာင္ျမင္တဲ့ပူးေပါင္းေဆာင္႐ြက္မႈကိုျမင္ခ်င္ရင္ရွင္းလင္းတဲ့ေမွ်ာ္မွန္းခ်က္ေတြရွိမွျဖစ္ႏိုင္ပါလိမ့္မယ္။ အဖြဲ႕ဝင္ေတြဟာ ဘုံရည္မွန္းခ်က္တူေနပါမွ Teamwork နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈအပိုင္းေတြကိုနားလည္လာမွာျဖစ္ပါတယ္။ဝန္ထမ္းေတြကိုအလုပ္မွာေပ်ာ္ေစတဲ့အေၾကာင္းရင္းထဲမွာအလုပ္အေပၚအျပည့္အဝအားစိုက္ထုတ္ခြင့္ရျခင္းနဲ႔ထြက္လာတဲ့ရလဒ္ကိုေက်နပ္ခံစားျခင္းတို႔ပါဝင္ပါတယ္။ ဒီလိုခံစားခ်က္ေတြျဖစ္ေပၚလာႏိုင္ဖို႔အလုပ္ရဲ႕ေမွ်ာ္မွန္းခ်က္ကရွင္းလင္းေနဖို႔လိုပါတယ္။

အလုပ္မွာေဝဝါးေနရျခင္းက ဝန္ထမ္းေတြကိုစိတ္ဖိစီးမႈနဲ႔ စိတ္ပင္ပန္းမႈေတြကိုျဖစ္ေပၚေစၿပီးဒီျပႆနာကေန က်န္းမာေရးထိခိုက္တဲ့အထိျဖစ္ေစႏိုင္ပါတယ္။ဝန္ထမ္းေတြဆီကအေကာင္းဆုံးလုပ္ေဆာင္မႈေတြမေတြ႕ျမင္ရျခင္းဟာဝန္ထမ္းရဲ႕ညံ့ဖ်င္းမႈေၾကာင့္မဟုတ္ဘဲရွင္းလင္းတဲ့ရည္မွန္းခ်က္မရွိျခင္းနဲ႔စီမံခန႔္ခြဲမႈညံ့တဲ့အထက္လူႀကီးေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ဒီအေနအထားက ဝန္ထမ္းတစ္ေယာက္ခ်င္းရဲ႕အားသာခ်က္၊အားနည္းခ်က္ေတြကိုလည္း တိုင္းတာဖို႔ခက္ခဲေစပါတယ္။ရွင္းလင္းတဲ့ရည္မွန္းခ်က္၊ေမွ်ာ္မွန္းခ်က္မရွိျခင္းက ဝန္ထမ္းေတြရဲ႕ တာ ဝန္ယူမႈ၊တာဝန္ခံမႈအပိုင္းကိုအားနည္းလာေစပါတယ္။ Workload ေတြသာမ်ားေနၿပီး ဘာမွမၿပီးေျမာက္ဘဲအခ်ိန္ကိုစီမံခန႔္ခြဲတတ္မႈစြမ္းရည္ေတြလည္းဆုတ္ယုတ္သြားေစႏိုင္ပါတယ္။ဒါေၾကာင့္အလုပ္တစ္ခုစလုပ္တဲ့အခ်ိန္မွာ ရွင္းလင္းျပတ္သားတဲ့ရည္မွန္းခ်က္၊ေမွ်ာ္မွန္းခ်က္ေတြခ်မွတ္ႏိုင္ဖို႔ကို အရင္ဦးဆုံးလုပ္ေဆာင္သင့္တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*