ကိုယ်ဟာဟယ်လီကော်ပတာမန်နေဂျာဖြစ်နေပြီလားဆိုတာဆန်းစစ်နိုင်မယ့်အချက် (၅) ချက်

Confident businessman pointing at document while explaining his idea to his partner on background of their colleagues
 ကိုယ်ကဝန်ထမ်းတွေအပေါ်လွှမ်းမိုးလွန်းနေမိသလားဝန်ထမ်းတွေရဲ့အလုပ် Process ကိုအသေးစိတ်လိုက်ကြည့်ပြီးစီမံမိနေသလားဒါဆိုရင်တောကိုယ်ဟာဟယ်လီကော်ပတာမန်နေဂျာြဖစ်နေပြီလို့ဆိုရမှာပါ။
မန်နေဂျာတစ်ယောက်ကဝန်ထမ်းတွေကိုယုံကြည်စိတ်ချမှုမရှိဘဲလုပ်ဆောင်နေတာတွေမှန်၊မမှနတစ်ချိန်လုံးပြန်လှန်စစ်ဆေးချင်နေမိတာ၊ Micromanage လုပ်မိနေတာကဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကိုကျဆင်းစေတာအမှန်ပါ။ Helicopter Manager ဆိုတဲ့အသုံးအနှုန်းက ၁၉၆၉ မှာထွက်ပေါ်လာခဲ့တဲHelicopter Parents ဆိုတဲ့အသုံးအနှုန်းကိုတင်စားထားတာြဖစ်ပါတယHelicopter Parentsဆိုတာကသားသမီးကိုစိတ်ပူလွန်းအားကြီးပြီးတစ်ချိန်လုံးစောင့်ကြည့်ပြောဆိုစီမံနေတတ်တဲ့မိဘမျိုးကိုရည်ညွှန်းပါတယ်။
ဒီအချက် ၅ ချက်အတိုင်းဖြစ်ပေါ်နေပြီဆိုရင်တော့ကိုယ်ဟာဟယ်လီကော်ပတာမန်နေဂျာြဖစ်နေပြီဆိုတာကိုလက်ခံရတော့မှာဖြစ်ပါတယ်။
၁. ဒီအလုပ်ကိုငါ့ထက်ပိုကောင်းအောင်လုပ်နိုင်သူမရှိဘူး
မန်နေဂျာတစ်ယောက်အနေနဲဝန်ထမ်းအပေါ်ယုံကြည်ကိုးစားမှုမရှိဘဲဒီလိုထင်မြင်နေမိပြီဆိုရငဒီအတွေးတွေကိုအမြန်ရှင်းထုတ်ပစ်ပြီးဝန်ထမ်းတစ်ယောက်ချင်းစီနဲ့ Communicate လုပ်ဖို့ကြိုးစားကြည့်ပါ။
Project တစ်ခုလုံးစာမဟုတ်ဘဲအလုပ်သေးသေးလေးတွေကိုစိတ်ချလက်ချခိုင်းကြည့်လိုက်ရငဝန်ထမ်းတွေရဲ့လုပ်ကိုင်နိုင်စွမ်းဘယ်လောက်ရှိတယ်ဆိုတာကိုသိရှိလာမှာဖြစ်ပါတယ်။
ကိုယ့် Team အတွကတကယ်အရည်အချင်းရှိသူတွေကိုအလုပ်ခန့်နိုင်ဖို့ကြိုးစားသင့်ပါတယ်။ ကျွမ်းကျင်ဝန်ထမ်းတွေရလာပြီဆိုရငငါလုပ်မှပြည့်စုံမယ်ဆိုတဲ့စိတ်ပူပန်နေမှုတွေလျော့ပါးလာပြီးခေါင်းဆောင်မှုပိုင်းကိုပိုကောင်းအောငအာရုံစိုက်နိုင်လာပါလိမ့်မယ်။ငါကမန်နေဂျာပဲငါအားလုံးလုပ်နိုင်တယ်ဆိုတဲ့အတွေးကိုဖယ်ပြီးလူတစ်ဦးချင်းစီရဲ့ကျွမ်းကျင်မှုနဲ့ ဆန်းသစ်တဲ့အတွေးအခေါ်ရှိပုံချင်းမတူကြဘူးဆိုတာကိုလက်ခံပေးသင့်ပါတယ်။
၂. Projectတိုင်းရဲ့ထိပ်မှာကိုယ်ရှိနေတာ
မန်နေဂျာတစ်ယောက်အနေနဲလုပ်နေတဲProjectတွေဟာသူ့နှုန်းနဲ့သူလမ်းကြောင်းမှန်မှန်သွားနေရဲ့လားဆိုတာကိုစစ်ဆေးဖို့လိုတာအမှန်ပါ။
ဒါပေမဲ့အသေးစိတ်ကိုယ့်ကိုတင်ပြနေရတာနေ့စဉ် Report တင်နေရတာကဝန်ထမ်းတွေကိုစိတ်ဖိစီးမှုများစေပါတယ်။ Projectအတွက်ညဘက်နောက်ကျမှအိပ်ရတဲ့ဝန်ထမ်းကိုမနက် ၉ နာရီရုံးချိန်အမီမလာလို့ဆိုတဲ့ပြောဆိုမှုမျိုးကိုလည်းအသိစိတ်နဲ့ရှောင်ရှားတတ်ရမှာဖြစ်ပါတယ်။
၃. ကိုယ် Approve ပေးမှအလုပ်ဆက်လုပ်နိုင်တာ
ကိုယ်ကအဆင့်တိုင်းမှာပါဝင်ကွပ်ကဲနေပြီးတစ်ခုခုဆိုကိုယ့် Approveကိုစောင့်နေရတာကိုယ့်လက်မှတ်ကိုစောင့်နေရတာကအလုပ်လုပ်နေသူတွေကိုစိတ်ပင်ပန်းစေသလိုအလုပ်လည်းမတွင်ပါဘူး
မန်နေဂျာတစ်ယောက်အနေနဲProjectစတင်ချိန်နဲအရေးကြီးတဲ့အဆင့်တွေမှာမဖြစ်မနေပါဝင်ရမှာကသဘာဝပါ။ဒါပေမဲဝန်ထမ်းတွေနဲ့ပြီးရမယ့်အဆင့်တွေမှာတောသူတို့ကိုယုံကြည်စွာနဲဆုံးဖြတ်လုပ်ကိုင်ခွင့်ပေးနိုင်ရမှာဖြစ်ပါတယ်။
၄. ဘယ်တော့မှစိတ်တိုင်းမကျဘူး
ဝန်ထမ်းတွေအကောင်းဆုံးကြိုးစားထားပေမယ့် ကိုယ့်ဆီရောက်လာရငအမြဲတမ်းလိုလိုတစ်ခုမဟုတ်တစ်ခုပြန်ပြင်ချင်နေမိတာမျိုးကနှစ်ဖက်လုံးကိုပင်ပန်းစေပါတယ်။
ဒီလိုစိတ်တိုင်းမကျတတ်လွန်းတဲ့စိတ်ကိုဖယ်ပြီးProjectအတွက်လိုအပ်ချက်တွေပြည့်မီတယ်ဆိုရငရှေ့ဆက်သွားဖို့ခွင့်ပြုသင့်ပါတယ်။
၅. ကိုယ်ချည်းပဲထိုင်ပြောနေတဲ့ Meeting
Meeting လုပ်ချိန်မှာဝန်ထမ်းတွေရဲ့တင်ပြချက်၊ အလုပ်ပြီးစီးထားမှုအနေအထားတွေကိုအရင်မသုံးသပ်ဘဲကိုယ်လိုချင်တာတွေကိုစွတ်ပြောနေမိတာမျိုးဖြစ်ပါတယ်။ ဒီလိုစွတ်ပြောနေခြင်းက Productive လည်းမဖြစ်စေသလိုဝန်ထမ်းတွေကိုလည်းမပြောရဲမဆိုရဲဖြစ်စေပါတယ်။
ကိုယ်ကများများပြောတာထကသူတို့ကိုများများပြောဆိုဆွေးနွေးခိုင်းပြီးလိုအပ်တာကိုဖြည့်စွက်အကြံပေးတာကသာအကျိုးရှိတဲ့အစည်းအဝေးဖြစ်စေပါတယ်။ဒီအချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်ပြီးတစ်ခုမှမကိုက်ညီဘူးဆိုရင်တောကိုယ့်ကိုယ်ကိုယ်အရမ်းကိုတော်တဲမန်နေဂျာအဖြစ်ဂုဏ်ယူလိုက်ပါတော့နော်။
Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*