ကြည့်ရှုသူစံချိန်ချိုးနေတဲ့ Road House

Road House ဇာတ်ကားဟာ ပထမရက်သတ္တပတ် 2 ပတ်အတွင်း Prime Video မှာ ကြည့်ရှုသူ သန်း 50ကျော်ရရှိခဲ့တယ်လို့သိရပါတယ်။“ဒါက Road House တစ်ဖွဲ့သားလုံးရဲ့ကြိုးစားမှုကြောင့်ပါ။ ဒီဇာတ်ကားကိုမူရင်းကားကိုချစ်တဲ့ပရိသတ်တွေရော၊ ပရိသတ်အသစ်တွေရောအားပေးကြတာကျေနပ်စရာကောင်းပါတယ်၊ ဒီဇာတ်ကားကလူတိုင်းပါးစပ်ဖျားမှာရှိနေနိုင်တာ ဂုဏ်ယူလို့မဆုံးပါဘူး”လို့
Amazon MGM Studios ရဲ့အကြီးအကဲ Jennifer Salke ကပြောခဲ့တာဖြစ်ပါတယ်။

Road House ဟာ အက်ရှင်ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး 1989 ကထွက်ရှိခဲ့တဲ့ Road House ကိုပဲဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မတ်လ 22 မှ မတ်လ 28 ရက်နေ့ကြားမှာကြည့်ရှုချိန်မိနစ်ပေါင်း 1.7 သန်းနဲ့ ကြည့်ရှုမှုအများဆုံးရုပ်ရှင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ Road House (2024) ရဲ့ ဒါရိုက်တာက Doug Liman ဖြစ်ပြီး မင်းသား Jake Gyllenhaal ကခေါင်းဆောင်ပါဝင်ထားတာဖြစ်ပါတယ်။ ဒါရိုက်တာ Doug Liman ဒီကားကိုရုံတင်ပြသတာမျိုးမလုပ်တဲ့အတွက် စတူဒီယိုကိုအပြစ်တင်ပြောဆိုခဲ့ပါသေးတယ်။
Road House (1989) ကိုလည်း Prime Video မှာပြန်လည်ကြည့်ရှုူနိုင်တာတွေ့ရပါတယ်။

Ju Ju

zawgyi

Road House ဇာတ္ကားဟာ ပထမရက္သတၱပတ္ 2 ပတ္အတြင္း Prime Video မွာ ၾကည့္ရႈသူ သန္း 50ေက်ာ္ရရွိခဲ့တယ္လို႔သိရပါတယ္။“ဒါက Road House တစ္ဖြဲ႕သားလုံးရဲ႕ႀကိဳးစားမႈေၾကာင့္ပါ။ ဒီဇာတ္ကားကိုမူရင္းကားကိုခ်စ္တဲ့ပရိသတ္ေတြေရာ၊ ပရိသတ္အသစ္ေတြေရာအားေပးၾကတာေက်နပ္စရာေကာင္းပါတယ္၊ ဒီဇာတ္ကားကလူတိုင္းပါးစပ္ဖ်ားမွာရွိေနႏိုင္တာ ဂုဏ္ယူလို႔မဆုံးပါဘူး”လို႔
Amazon MGM Studios ရဲ႕အႀကီးအကဲ Jennifer Salke ကေျပာခဲ့တာျဖစ္ပါတယ္။

Road House ဟာ အက္ရွင္ဇာတ္လမ္းအမ်ိဳးအစားျဖစ္ၿပီး 1989 ကထြက္ရွိခဲ့တဲ့ Road House ကိုပဲဆန္းသစ္႐ိုက္ကူးထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ မတ္လ 22 မွ မတ္လ 28 ရက္ေန႔ၾကားမွာၾကည့္ရႈခ်ိန္မိနစ္ေပါင္း 1.7 သန္းနဲ႔ ၾကည့္ရႈမႈအမ်ားဆုံး႐ုပ္ရွင္ျဖစ္လာခဲ့တာျဖစ္ပါတယ္။ Road House (2024) ရဲ႕ ဒါ႐ိုက္တာက Doug Liman ျဖစ္ၿပီး မင္းသား Jake Gyllenhaal ကေခါင္းေဆာင္ပါဝင္ထားတာျဖစ္ပါတယ္။ ဒါ႐ိုက္တာ Doug Liman ဒီကားကို႐ုံတင္ျပသတာမ်ိဳးမလုပ္တဲ့အတြက္ စတူဒီယိုကိုအျပစ္တင္ေျပာဆိုခဲ့ပါေသးတယ္။
Road House (1989) ကိုလည္း Prime Video မွာျပန္လည္ၾကည့္ရႈူႏိုင္တာေတြ႕ရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*