လုပ်ငန်းခွင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာ ဝန်ထမ်းတဦးတယောက်ချင်းဆီအလိုက်သူတို့ယူထားတဲ့ အလုပ်တာဝန်အပေါ်မှာ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ပေးတာကို ဆိုလိုပါတယ်။ဒီအချက်တွေကတော့ လုပ်ငန်းခွင်မှာ လက်တွေ့ကျင့်သုံးကြတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ပတ်သက်ပြီးရှင်းလင်းတဲ့ ဥပမာတချို့ဖြစ်ပါတယ်။
ဝန်ထမ်းများကို သူတို့ရဲ့ ကိုယ်ပိုင်အချိန်ဇယားသတ်မှတ်ခွင့်ပြုတာ
လုပ်ငန်းခွင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မှာ အထင်ရှားဆုံးနဲ့ အရိုးရှင်းဆုံး ဥပမာတခုကတော့ဝန်ထမ်းများကို သူတို့ရဲ့ကိုယ်ပိုင်အလုပ်အချိန်ဇ ယားများ ဖန်တီးခွင့်ပေးတာပါပဲ။ ဒါကယုံကြည်မှု၊ လွတ်လပ်စွာဆုံးဖြတ်ချက်များချနိုင်မှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြစ်မှုကို ပြသပါတယ်။
ဝန်ထမ်းများကို Deadline များသတ်မှတ်ခွင့်ပြုတာ
Deadline က အရေးကြီးပေမဲ့ ဒီအချက်ကို ခေါင်းဆောင်တွေကအမြဲတမ်းသတ်မှတ်ဖို့မလိုအပ်ပါဘူး။ အလုပ်တခုရဲ့အရေးပါမှုကိုနား လည်ပြီးသူတို့ရဲ့နောက်ဆုံးရက်ကိုဆုံးဖြတ်နိုင်တဲ့ ဝန်ထမ်းကို အခွင့်အာဏာ ပေးထားသင့်ပါတယ်။ကိုယ့်ပခုံးပေါ်မှာ တာဝန်ယူပြီး ချမှတ်ထားတဲ့ ပန်းတိုင်ကို အရောက်လှမ်းဖို့အတွက်ဝန်ထမ်းတွေမှာ တာဝန်ရှိပါတယ်။ အဲဒါကိုသူတို့ကိုယ်တိုင်လုပ်ခွင့်ပြုလိုက်ပါ။
ဝန်ထမ်းများကို သူတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းစဉ်များကို ဒီဇိုင်းထုတ်ခွင့်ပေးတာ
အလုပ်များနဲ့ ရည်မှန်းချက်များ ချမှတ်ပြီးနောက်မှာ ဝန်ထမ်းတဦးက သူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းစဉ်များကို အောင်မြင်စေဖို့ ဒီဇိုင်းဆွဲသင့်ပါတယ်။ ဒီအချက်က သူတို့လိုချင်တဲ့စိန်ခေါ်မှုနဲ့ ပန်းတိုင်ကို ချဉ်းကပ်နိုင်ပြီး သူတို့ရွေးချယ်သလို တီထွင်ဖန်တီးနိုင်သလိုလွတ်လပ်စွာတွေး ခေါ်စေနိုင်ပါတယ်။
ဝန်ထမ်းများကို ဘယ်နေရာမှာ အလုပ်လုပ်ရမယ်ကို ဆုံးဖြတ်ခွင့်ပေးတာ
အခြေခံအားဖြင့် အလုပ်သမားတစ်ဦး ရုံးခန်းထဲကို ဝင်လာဖို့ တောင်းဆိုနေတဲ့ခေါင်းဆောင်တဦးက မူလတန်းကျောင်းရဲ့ တွေးခေါ်ပုံကို တွန်းအားပေးနေပါတယ်။ အိမ်ကနေအလုပ်လုပ်တာက အရင်ကထက် ပိုအဆင်ပြေတယ်ဆိုရင် သူတို့ကို အိမ်ကနေလုပ်ခွင့်ပြုသင့်ပါတယ်။ ဘယ်မှာအလုပ်လုပ်မလဲဆိုတာကို သူတို့ကိုဆုံးဖြတ်ပိုင်ခွင့်ပေးလိုက်ပါ။ ဒီနေရာမှာ တခုရှိတာက ကိုယ်ယူထားတဲ့အလုပ်တာဝန်ပေါ်လိုက်ပြီး ရုံးမသွားဘဲ အိမ်ကနေလုပ်လို့ရတဲ့အလုပ်နဲ့၊ရုံးကိုမဖြစ်မနေသွားရမယ့်အလုပ်ဆိုတာရှိနိုင်ပါတယ်။ အဲဒီအလုပ်ပေါ်မှာမူတည်ပြီးအပြောင်းအလဲတော့ ရှိနိုင်ပါတယ်။
ဝန်ထမ်းများကို သူတို့ရဲ့ ခံစားခွင့်များကို ရွေးချယ်ခွင့်ပေးတာ
ဒါကတော့ အားလုံးပူပေါင်းပါဝင်တဲ့ ပေါ်လစီမျိုးရေးဆွဲတာမျိုးကို တချို့ရုံးတွေမှာလုပ်ကိုင်လာကြပါတယ်။ ဆုံးဖြတ်စရာကိစ္စတွေ၊ အ ကျိုးခွင့်ခံစားတွေ၊ ရုံးပိတ်ရက်တွေ၊အလုပ်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေစတဲ့အချက်တွေကိုရုံးသူရုံးသားအားလုံးစုပေါင်းပြီး ဝိုင်းဝန်းဆွေးနွေးတဲ့ရလဒ်ကို အတည်ပြုတာမျိုးပါ။ဒီအချက်က ဝန်ထမ်းတွေကို အရေးပါတဲ့လူတယောက်လို ခံစားရစေပါတယ်။တခုခု ဆိုရင်လည်း သူတို့ကိုယ်တိုင် သဘောတူဆွေးနွေးထားတဲ့စည်းမျဉ်းစည်းကမ်းဖြစ်တာကြောင့် ဖောက်ဖျက်ဖို့ မစဉ်းစားကြတော့ပါဘူး။ ဒီအချက်ကတော့ဝန်ထမ်းတွေကို စုစည်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတယ်လို့ ခံစားရစေတဲ့အရေးကြီးတဲ့အချက်တခုဖြစ်ပါတယ်။
MYit
zawgyi
MYit
Leave a Reply