Micromanagement ကို ဒီနေရာမှာ အရှင်းဆုံး အကျဉ်းပြောပြချင်ပါတယ်။ Micromanagement ဆိုတာ အသေးစိတ်စီမံခန့်ခွဲတာလို့ ပြောလို့ရသလို၊ အနီးကပ်စောင့်ကြည့်ပြီးထိန်းချုပ်စီမံတာမျိုးလည်းဖြစ်ပါတယ်။
Micromanager ဆိုတာကလည်း တစုံတဦးကို အသေးစိတ်စီမံခန့်ခွဲကြသူတွေဖြစ်ပါတယ်။သူတို့က လုပ်ငန်းဆောင်တာများကိုအနီးကပ် စောင့်ကြည့်ပြီးထိန်းချုပ်ပေးသူတွေဖြစ်ကြပါတယ်။ ဒီစီမံခန့်ခွဲမှုပုံစံမှာ မန်နေဂျာများကသူတို့ရဲ့ဝန်ထမ်းများကို အလွန်အကျွံ့ကြီးကြပ်ကြပြီး၊ အလွန်အကျွံ့ ထိန်းချုပ်စီမံကြပါတယ်။ဒါဆိုရင် Micromanager များရဲ့ လက္ခဏာတွေက ဘာတွေများဖြစ်မလဲ။ Micromanager များက အလုပ်များကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို ပြောပြပါတယ်။ဒီစီမံခန့်ခွဲမှုအမျိုးအစားက လေ့ကျင့်မှုလိုအပ်တဲ့ ဝန်ထမ်းအ သစ်အတွက် ကောင်းမွန်ပေမဲ့ကျွမ်းကျင်ပြီးသားဝန်ထမ်းတွေအတွက်တော့ ဝန်ထုပ်ဝန်ပိုးကိုဖြစ်စေပါတယ်။
ဒါ့အပြင် အသေးစိတ်စီမံခန့်ခွဲမှုလုပ်ခံထားရတဲ့ ဝန်ထမ်းတွေက သူတို့ရဲ့အလုပ်အကိုင်များနဲ့ဖွံ့ဖြိုးတိုးတက်ဖို့အခွင့်အလမ်းများက ရရှိဖို့အခွင့်အလမ်းနည်းပါးစေပါတယ်။ဝန်ထမ်းများကို အမြဲတမ်း အစဉ်တစိုက်ကြည့်ရှုပြီး စီမံခန့်ခွဲနေတဲ့ မန်နေဂျာများနဲ့ကြီးကြပ်ရေးမှူးများက လုပ်ငန်းခွင်မှာ ယုံကြည်မှုမတည်ဆောက်နိုင်ကြပါဘူး။ ထိရောက်တဲ့တုံ့ပြန်မှုများက တဆင့် သူတို့ရဲ့အဖွဲ့ကို ခွန်အားဖြစ်စေမယ့်အစား အကြီးအကဲများကလုပ်ငန်းခွင်ရဲ့ အစိတ်အပိုင်းတိုင်းမှာ သူတို့ရဲ့ ခြေရာလက်ရာများ မကင်းစေလိုကြပါဘူး။ဒါကြောင့် Micromanager များက အလုပ်တိုင်းမှာ ဝန်ထမ်းများကိုအပြည့်အဝလုပ်ခွင့်ပေးတာထက် အသေးစိတ်ကြည့်ရှုပြီး စီမံခန့်ခွဲနေတတ်ကြပါတယ်။
Micromanagers များရဲ့ နောက်ထပ်ထိခိုက်စေတဲ့ ခေါင်းဆောင်မှုစရိုက်ကတခြားအဖွဲ့ဝင်များကို အလုပ်အပ်ဖို့၊ ခွဲဝေပေးဖို့ ခက်ခဲကြတာပါ။ သူတို့က သူတို့ဝန်ထမ်းကိုဒီအလုပ်ကို အောင်မြင်အောင်လုပ်နိုင်မယ်လို့ မယုံကြည်ဘူး။ ဒီအချက်က လုပ်ငန်းခွင်မှာယုံကြည်မှုတည် ဆောက်ဖို့ ဒါမှမဟုတ် ဝန်ထမ်းများအနေနဲ့ တန်ဖိုးထားမှုခံစားရစေဖို့အတွက်အထောက်အကူမဖြစ်စေပါဘူး။
Micromanager တွေက ဝန်ထမ်းတွေကို ဘယ်လိုအကြောင်းပြချက်နဲ့မှ မယုံကြပါဘူး။ သူတို့ကထိန်းချုပ်မှုကို မစွန့်လွှတ်နိုင်ဘဲ ဝန်ထမ်းများကို အမြဲတမ်းစောင့်ကြည့်ပြီးဝေဖန်နေတတ်ပါတယ်။ သူတို့က ယုတ္တိမရှိလောက်အောင် မြင့်မားတဲ့ စံနှုန်းများကိုတဖက်မှာလည်းကိုင် စွဲထားတတ်ကြပါသေးတယ်။ ဒီအချက်က ဝန်ထမ်းတွေရဲ့အရည်အချင်းတွေကို သံသယဖြစ်စရာ အကြောင်းပြချက်တွေပေးနေတလည်း
ဖြစ်နိုင်ပါတယ်။
တကယ်လို့ သင်တို့ရဲ့အလုပ်မှာ ဒီလိုအချက်တွေကြုံနေရပြီဆိုရင်ဒီလိုအသေးစိတ်စီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ စိုးရိမ်မှုများကို ဖော်ထုတ်တာက ခက်ခဲတဲ့ စကားဝိုင်းတခုနဲ့စတင်ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုခေါင်းဆောင်မှုဆိုင်ရာ စိန်ခေါ်မှုကို ဖြေရှင်းတာကပိုမိုရေရှည်တည်တံ့တဲ့ ကုမ္ပဏီယဉ်ကျေးမှုကို ဖန်တီးပေးနိုင်ပါတယ်။
MYit
zawgyi
Micromanagement ကို ဒီေနရာမွာ အရွင္းဆုံး အက်ဥ္းေျပာျပခ်င္ပါတယ္။ Micromanagement ဆိုတာ အေသးစိတ္စီမံခန႔္ခြဲတာလို႔ ေျပာလို႔ရသလို၊ အနီးကပ္ေစာင့္ၾကည့္ၿပီးထိန္းခ်ဳပ္စီမံတာမ်ိဳးလည္းျဖစ္ပါတယ္။
Micromanager ဆိုတာကလည္း တစုံတဦးကို အေသးစိတ္စီမံခန႔္ခြဲၾကသူေတြျဖစ္ပါတယ္။သူတို႔က လုပ္ငန္းေဆာင္တာမ်ားကိုအနီးကပ္ ေစာင့္ၾကည့္ၿပီးထိန္းခ်ဳပ္ေပးသူေတြျဖစ္ၾကပါတယ္။ ဒီစီမံခန႔္ခြဲမႈပုံစံမွာ မန္ေနဂ်ာမ်ားကသူတို႔ရဲ႕ဝန္ထမ္းမ်ားကို အလြန္အကြၽံ႕ႀကီးၾကပ္ၾကၿပီး၊ အလြန္အကြၽံ႕ ထိန္းခ်ဳပ္စီမံၾကပါတယ္။ဒါဆိုရင္ Micromanager မ်ားရဲ႕ လကၡဏာေတြက ဘာေတြမ်ားျဖစ္မလဲ။ Micromanager မ်ားက အလုပ္မ်ားကို ဘယ္လိုလုပ္ေဆာင္ရမယ္ဆိုတာကို ေျပာျပပါတယ္။ဒီစီမံခန႔္ခြဲမႈအမ်ိဳးအစားက ေလ့က်င့္မႈလိုအပ္တဲ့ ဝန္ထမ္းအ သစ္အတြက္ ေကာင္းမြန္ေပမဲ့ကြၽမ္းက်င္ၿပီးသားဝန္ထမ္းေတြအတြက္ေတာ့ ဝန္ထုပ္ဝန္ပိုးကိုျဖစ္ေစပါတယ္။
ဒါ့အျပင္ အေသးစိတ္စီမံခန႔္ခြဲမႈလုပ္ခံထားရတဲ့ ဝန္ထမ္းေတြက သူတို႔ရဲ႕အလုပ္အကိုင္မ်ားနဲ႔ဖြံ႕ၿဖိဳးတိုးတက္ဖို႔အခြင့္အလမ္းမ်ားက ရရွိဖို႔အခြင့္အလမ္းနည္းပါးေစပါတယ္။ဝန္ထမ္းမ်ားကို အၿမဲတမ္း အစဥ္တစိုက္ၾကည့္ရႈၿပီး စီမံခန႔္ခြဲေနတဲ့ မန္ေနဂ်ာမ်ားနဲ႔ႀကီးၾကပ္ေရးမႉးမ်ားက လုပ္ငန္းခြင္မွာ ယုံၾကည္မႈမတည္ေဆာက္ႏိုင္ၾကပါဘူး။ ထိေရာက္တဲ့တုံ႔ျပန္မႈမ်ားက တဆင့္ သူတို႔ရဲ႕အဖြဲ႕ကို ခြန္အားျဖစ္ေစမယ့္အစား အႀကီးအကဲမ်ားကလုပ္ငန္းခြင္ရဲ႕ အစိတ္အပိုင္းတိုင္းမွာ သူတို႔ရဲ႕ ေျခရာလက္ရာမ်ား မကင္းေစလိုၾကပါဘူး။ဒါေၾကာင့္ Micromanager မ်ားက အလုပ္တိုင္းမွာ ဝန္ထမ္းမ်ားကိုအျပည့္အဝလုပ္ခြင့္ေပးတာထက္ အေသးစိတ္ၾကည့္ရႈၿပီး စီမံခန႔္ခြဲေနတတ္ၾကပါတယ္။
Micromanagers မ်ားရဲ႕ ေနာက္ထပ္ထိခိုက္ေစတဲ့ ေခါင္းေဆာင္မႈစ႐ိုက္ကတျခားအဖြဲ႕ဝင္မ်ားကို အလုပ္အပ္ဖို႔၊ ခြဲေဝေပးဖို႔ ခက္ခဲၾကတာပါ။ သူတို႔က သူတို႔ဝန္ထမ္းကိုဒီအလုပ္ကို ေအာင္ျမင္ေအာင္လုပ္ႏိုင္မယ္လို႔ မယုံၾကည္ဘူး။ ဒီအခ်က္က လုပ္ငန္းခြင္မွာယုံၾကည္မႈတည္ ေဆာက္ဖို႔ ဒါမွမဟုတ္ ဝန္ထမ္းမ်ားအေနနဲ႔ တန္ဖိုးထားမႈခံစားရေစဖို႔အတြက္အေထာက္အကူမျဖစ္ေစပါဘူး။
Micromanager ေတြက ဝန္ထမ္းေတြကို ဘယ္လိုအေၾကာင္းျပခ်က္နဲ႔မွ မယုံၾကပါဘူး။ သူတို႔ကထိန္းခ်ဳပ္မႈကို မစြန႔္လႊတ္ႏိုင္ဘဲ ဝန္ထမ္းမ်ားကို အၿမဲတမ္းေစာင့္ၾကည့္ၿပီးေဝဖန္ေနတတ္ပါတယ္။ သူတို႔က ယုတၱိမရွိေလာက္ေအာင္ ျမင့္မားတဲ့ စံႏႈန္းမ်ားကိုတဖက္မွာလည္းကိုင္ စြဲထားတတ္ၾကပါေသးတယ္။ ဒီအခ်က္က ဝန္ထမ္းေတြရဲ႕အရည္အခ်င္းေတြကို သံသယျဖစ္စရာ အေၾကာင္းျပခ်က္ေတြေပးေနတလည္း
ျဖစ္ႏိုင္ပါတယ္။
တကယ္လို႔ သင္တို႔ရဲ႕အလုပ္မွာ ဒီလိုအခ်က္ေတြႀကဳံေနရၿပီဆိုရင္ဒီလိုအေသးစိတ္စီမံခန႔္ခြဲမႈနဲ႔ဆိုင္တဲ့ စိုးရိမ္မႈမ်ားကို ေဖာ္ထုတ္တာက ခက္ခဲတဲ့ စကားဝိုင္းတခုနဲ႔စတင္ရႏိုင္ပါတယ္။ ဒါေပမဲ့ ဒီလိုေခါင္းေဆာင္မႈဆိုင္ရာ စိန္ေခၚမႈကို ေျဖရွင္းတာကပိုမိုေရရွည္တည္တံ့တဲ့ ကုမၸဏီယဥ္ေက်းမႈကို ဖန္တီးေပးႏိုင္ပါတယ္။
MYit
Leave a Reply