LinkedIn မှာကိုယ့်ရဲ့ Request ကိုလူတွေဘာကြောင့်လက်မခံတာလဲ

အလုပ်အတွက် Network ရှာကြတဲ့အခါမှာ LinkedIn ကအသုံးဝင်ဆုံး Social Media Platform တစ်ခုလို့ဆိုရမှာပါ။ ကိုယ့်အတွက်တန်ဖိုးရှိတဲ့အဆက်အသွယ်တွေ၊ လစာများတဲ့အလုပ်အကိုင်တွေ၊ကိုယ့်ကျွမ်းကျင်မှုနဲ့ထပ်တူကျတဲ့အလုပ်အကိုင်တွေကိုရနိုင်တဲ့နေရာမို့ LinkedInရဲ့သဘောသဘာဝနဲ့အသုံးပြုပုံကိုကျွမ်းကျင်ထားဖို့လိုပါတယ်။ဒီတစ်ခါမှာတော့ LinkedIn မှာ ကိုယ့်ရဲ့ Request ကိုလူတွေဘာကြောင့်လက်မခံတာလဲဆိုတဲ့အရာရဲ့ဖြစ်နိုင်ခြေ ၄ ခုကိုဖော်ပြပေးချင်ပါတယ်။

Message ဖြင့်မိတ်မဆက်ခြင်း
ကိုယ်ကလမ်းလျှောက်သွားရင်း လမ်းမှာတွေ့တဲ့တစ်စုံတစ်ယောက်ကို “ဟေး တွေ့ရတာဝမ်းသာပါတယ်။မင်းကတော့ငါ့ကိုမသိဘူးထင်တယ်။ ဒါပေမဲ့သူငယ်ချင်းလုပ်ကြရအောင်” လို့ပြောရင်နည်းနည်းကြောင်တောင်တောင်ဖြစ်နေမှာပါ။ ဒါမျိုးလုပ်လို့မရဘူးလားဆိုတော့ မဟုတ်ပါဘူးလုပ်လို့ရနိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်လူကကြောင်စီစီဖြစ်သွားနိုင်ပါတယ်။ LinkedIn မှာ တကယ် Connect ဖြစ်ချင်တယ်ဆိုရင် သီးသန့်မိတ်ဆက်တာမျိုးလုပ်ဖို့လိုပါတယ်။ တစ်ဖက်လူရဲ့ Profile ကိုမြင်ပြီးဒီအတိုင်းသွား Connect လိုက်တာထက် မက်ဆေ့ချ်ပို့၊မိတ်ဆက်စကားလေးပြောပြီးမှ Connect လုပ်တာက အများကြီးပြောင်းလဲသွားစေမှာဖြစ်ပါတယ်။

Professional Photo မတင်ထားခြင်း
ကိုယ့်ကိုယ်ကိုယ် Brand တစ်ခုတည်ဆောက်တဲ့အခါ ကိုယ့် Professional အလုပ်ကိုဖော်ပြနိုင်တဲ့ဓာတ်ပုံကောင်းကောင်းလေးတွေရှိဖို့လည်းလိုပါတယ်။ Profile မှာ လက်နှစ်ချောင်းထောင်တဲ့ပုံတွေ၊ပါတီတုန်းကပုံတွေတင်တာထက် ဓာတ်ပုံဆရာနဲ့သေသေချာချာရိုက်ထားတဲ့ပုံကောင်းလေးတစ်ပုံကိုတင်ဖို့လိုပါတယ်။ ဖြစ်သလိုပုံတွေတင်ထားတာ၊ ဒါမှမဟုတ်ပုံလုံးဝတင်မထားတာမျိုးဆိုရင် ကိုယ့် Request ကိုလက်ခံသူနည်းမှာပဲဖြစ်ပါတယ်။

ဆိုးရွားတဲ့ Headline တွေ
ကိုယ့် LinkedIn အကောင့်ရဲ့ဖော်ပြချက်မှာ Looking for opportunities ၊ Seeking new opportunities ဆိုတာမျိုးရေးတင်ထားတာက ပရိုမဆန်စေပါဘူး။ ဒါအပြင် စာလုံးပေါင်းမှားနေတာ၊ Grammar မှားနေတာ၊ စာလုံးအကြီးအသေး၊ ပုဒ်အထားအသိုလွဲနေတာမျိုးတွေကမဖြစ်သင့်တဲ့အရာတွေဖြစ်ပါတယ်။ Headline မှာ ကိုယ့်ရဲ့နယ်ပယ်၊ ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့အလုပ်သမားရှာဖွေသူတွေရှာတွေ့လွယ်စေမယ့် Keywords တွေထည့်ထားနိုင်ဖို့လိုပါတယ်။ ဒါအပြင် Summary ကိုသေသေချာချာရေးတာ၊ Experience နေရာမှာ စနစ်တကျဖြည့်စွက်တာ၊ Endorsements မှာ မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေကပါတတ်နိုင်သမျှ များများဖြည့်စွက်ပေးတာမျိုးလုပ်ဖို့လိုပါတယ်။

တစ်ခုခုရောင်းဖို့ကြိုးစားတာ
LinkedIn မှာက တကယ်လုပ်ငန်းခွင်ဝင်နေသူတွေ၊ နယ်ပယ်တစ်ခုမှာဇောက်ချလုပ်ကိုင်နေသူတွေချိတ်ဆက်ထားကြတဲ့နေရာမို့ ကိုယ်ကတစ်ခုခုရောင်းဖို့ကြိုးစားနေတာမျိုးဆိုရင်တော့ ကိုယ့် Request ကိုလျစ်လျူရှုကြမှာပဲဖြစ်ပါတယ်။ သူတို့ရဲ့အလုပ်အကိုင်နဲ့ဆက်နွယ်တဲ့ Product မျိုးကိုရောင်းမယ်ဆိုရင်တောင် အဲဒီကနေဝယ်ယူနိုင်ချေနည်းပါတယ်။ ဒါကြောင့် တစ်ခုခုရောင်းဖို့ Connect လုပ်တာမျိုးကို လုံးဝရှောင်သင့်ပါတယ်။ဒီအချက်တွေကိုပြင်ဆင်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ Request ကိုလူတွေသတိပြုလက်ခံလာမှာပါ။ LinkedIn ပေါ်က တချို့လူတွေအနေနဲ့ သူတို့မသိတဲ့သူတွေကိုလက်ခံဖို့ခက်ခဲတဲ့စိတ်ရှိနေတတ်ပြန်တာမို့ကိုယ့် Request ကိုမတုံ့ပြန်တိုင်း စိတ်ညစ်နေဖို့တော့မလိုပါဘူးနော်။

Ju Ju

zawgyi

အလုပ္အတြက္ Network ရွာၾကတဲ့အခါမွာ LinkedIn ကအသုံးဝင္ဆုံး Social Media Platform တစ္ခုလို႔ဆိုရမွာပါ။ ကိုယ့္အတြက္တန္ဖိုးရွိတဲ့အဆက္အသြယ္ေတြ၊ လစာမ်ားတဲ့အလုပ္အကိုင္ေတြ၊ကိုယ့္ကြၽမ္းက်င္မႈနဲ႔ထပ္တူက်တဲ့အလုပ္အကိုင္ေတြကိုရႏိုင္တဲ့ေနရာမို႔ LinkedInရဲ႕သေဘာသဘာဝနဲ႔အသုံးျပဳပုံကိုကြၽမ္းက်င္ထားဖို႔လိုပါတယ္။ဒီတစ္ခါမွာေတာ့ LinkedIn မွာ ကိုယ့္ရဲ႕ Request ကိုလူေတြဘာေၾကာင့္လက္မခံတာလဲဆိုတဲ့အရာရဲ႕ျဖစ္ႏိုင္ေျခ ၄ ခုကိုေဖာ္ျပေပးခ်င္ပါတယ္။

Message ျဖင့္မိတ္မဆက္ျခင္း
ကိုယ္ကလမ္းေလွ်ာက္သြားရင္း လမ္းမွာေတြ႕တဲ့တစ္စုံတစ္ေယာက္ကို “ေဟး ေတြ႕ရတာဝမ္းသာပါတယ္။မင္းကေတာ့ငါ့ကိုမသိဘူးထင္တယ္။ ဒါေပမဲ့သူငယ္ခ်င္းလုပ္ၾကရေအာင္” လို႔ေျပာရင္နည္းနည္းေၾကာင္ေတာင္ေတာင္ျဖစ္ေနမွာပါ။ ဒါမ်ိဳးလုပ္လို႔မရဘူးလားဆိုေတာ့ မဟုတ္ပါဘူးလုပ္လို႔ရႏိုင္ပါတယ္။ ဒါေပမဲ့ တစ္ဖက္လူကေၾကာင္စီစီျဖစ္သြားႏိုင္ပါတယ္။ LinkedIn မွာ တကယ္ Connect ျဖစ္ခ်င္တယ္ဆိုရင္ သီးသန႔္မိတ္ဆက္တာမ်ိဳးလုပ္ဖို႔လိုပါတယ္။ တစ္ဖက္လူရဲ႕ Profile ကိုျမင္ၿပီးဒီအတိုင္းသြား Connect လိုက္တာထက္ မက္ေဆ့ခ်္ပို႔၊မိတ္ဆက္စကားေလးေျပာၿပီးမွ Connect လုပ္တာက အမ်ားႀကီးေျပာင္းလဲသြားေစမွာျဖစ္ပါတယ္။

Professional Photo မတင္ထားျခင္း
ကိုယ့္ကိုယ္ကိုယ္ Brand တစ္ခုတည္ေဆာက္တဲ့အခါ ကိုယ့္ Professional အလုပ္ကိုေဖာ္ျပႏိုင္တဲ့ဓာတ္ပုံေကာင္းေကာင္းေလးေတြရွိဖို႔လည္းလိုပါတယ္။ Profile မွာ လက္ႏွစ္ေခ်ာင္းေထာင္တဲ့ပုံေတြ၊ပါတီတုန္းကပုံေတြတင္တာထက္ ဓာတ္ပုံဆရာနဲ႔ေသေသခ်ာခ်ာ႐ိုက္ထားတဲ့ပုံေကာင္းေလးတစ္ပုံကိုတင္ဖို႔လိုပါတယ္။ ျဖစ္သလိုပုံေတြတင္ထားတာ၊ ဒါမွမဟုတ္ပုံလုံးဝတင္မထားတာမ်ိဳးဆိုရင္ ကိုယ့္ Request ကိုလက္ခံသူနည္းမွာပဲျဖစ္ပါတယ္။

ဆိုး႐ြားတဲ့ Headline ေတြ
ကိုယ့္ LinkedIn အေကာင့္ရဲ႕ေဖာ္ျပခ်က္မွာ Looking for opportunities ၊ Seeking new opportunities ဆိုတာမ်ိဳးေရးတင္ထားတာက ပ႐ိုမဆန္ေစပါဘူး။ ဒါအျပင္ စာလုံးေပါင္းမွားေနတာ၊ Grammar မွားေနတာ၊ စာလုံးအႀကီးအေသး၊ ပုဒ္အထားအသိုလြဲေနတာမ်ိဳးေတြကမျဖစ္သင့္တဲ့အရာေတြျဖစ္ပါတယ္။ Headline မွာ ကိုယ့္ရဲ႕နယ္ပယ္၊ ကိုယ့္ရဲ႕ကြၽမ္းက်င္မႈနဲ႔အလုပ္သမားရွာေဖြသူေတြရွာေတြ႕လြယ္ေစမယ့္ Keywords ေတြထည့္ထားႏိုင္ဖို႔လိုပါတယ္။ ဒါအျပင္ Summary ကိုေသေသခ်ာခ်ာေရးတာ၊ Experience ေနရာမွာ စနစ္တက်ျဖည့္စြက္တာ၊ Endorsements မွာ မိသားစုနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြကပါတတ္ႏိုင္သမွ် မ်ားမ်ားျဖည့္စြက္ေပးတာမ်ိဳးလုပ္ဖို႔လိုပါတယ္။

တစ္ခုခုေရာင္းဖို႔ႀကိဳးစားတာ
LinkedIn မွာက တကယ္လုပ္ငန္းခြင္ဝင္ေနသူေတြ၊ နယ္ပယ္တစ္ခုမွာေဇာက္ခ်လုပ္ကိုင္ေနသူေတြခ်ိတ္ဆက္ထားၾကတဲ့ေနရာမို႔ ကိုယ္ကတစ္ခုခုေရာင္းဖို႔ႀကိဳးစားေနတာမ်ိဳးဆိုရင္ေတာ့ ကိုယ့္ Request ကိုလ်စ္လ်ဴရႈၾကမွာပဲျဖစ္ပါတယ္။ သူတို႔ရဲ႕အလုပ္အကိုင္နဲ႔ဆက္ႏြယ္တဲ့ Product မ်ိဳးကိုေရာင္းမယ္ဆိုရင္ေတာင္ အဲဒီကေနဝယ္ယူႏိုင္ေခ်နည္းပါတယ္။ ဒါေၾကာင့္ တစ္ခုခုေရာင္းဖို႔ Connect လုပ္တာမ်ိဳးကို လုံးဝေရွာင္သင့္ပါတယ္။ဒီအခ်က္ေတြကိုျပင္ဆင္လိုက္မယ္ဆိုရင္ ကိုယ့္ရဲ႕ Request ကိုလူေတြသတိျပဳလက္ခံလာမွာပါ။ LinkedIn ေပၚက တခ်ိဳ႕လူေတြအေနနဲ႔ သူတို႔မသိတဲ့သူေတြကိုလက္ခံဖို႔ခက္ခဲတဲ့စိတ္ရွိေနတတ္ျပန္တာမို႔ကိုယ့္ Request ကိုမတုံ႔ျပန္တိုင္း စိတ္ညစ္ေနဖို႔ေတာ့မလိုပါဘူးေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*