Career နဲ့ပတ်သက်ရင်လူတွေနောင်တအရဆုံးအရာကဘာလဲ

လူတိုင်းဟာအလုပ်မှာ အမှားတွေလုပ်မိနိုင်ပါတယ်။ ဒီအမှားတွေဟာ သေးငယ်တဲ့အမှားတွေဆိုရင်နောက်နေ့မှာမေ့ပျောက်သွားတတ်ကြတာသဘာဝပါပဲ။ CNBC ရဲ့ဖော်ပြချက်အရအလုပ်လုပ်နေသူတွေရဲ့ 66% က သူတို့မှာ Career နဲ့ပတ်သက်တဲ့ကြီးမားတဲ့နောင်တရှိကြတယ်လို့ ဆိုပါတယ်။ ဒီရလဒ်ဟာ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ မှာရှိတဲ့ဝန်ထမ်းတစ်ထောင်ကျော်ဆီကနေ စစ်တမ်းကောက်ယူထားတာဖြစ်ပါတယ်။ Career နဲ့ပတ်သက်ပြီး နောင်တဖြစ်မိတဲ့ရာခိုင်နှုန်းတွေဟာ…

1. လုပ်ခလစာတိုးမတောင်းမိခြင်း(60%)
2. Work-life balance ဖြစ်ဖို့ဦးစားမပေးမိခြင်း (59%)
3. ကုမ္ပဏီတစ်ခုတည်းမှာအချိန်အကြာကြီးအလုပ်လုပ်မိခြင်း(58 %)
4. အလုပ်သစ်လျှောက်ချိန်လစာကိုသေသေချာချာမညှိနှိုင်းမိခြင်း (၅8%) တို့ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

ဒီလိုနောင်တရမှုတွေမှာ အဓိကက လုပ်သင့်တာကိုမလုပ်မိဘဲထိုင်နေမိတာကြောင့်ပဲဖြစ်ပါတယ်။ဘာ့ကြောင့်လဲဆိုတော့ အလုပ်ထွက်မိလို့နောင်တရပါတယ်ဆိုတဲ့ဝန်ထမ်းရာခိုင်နှုန်းက 38% ပဲရှိပြီးအလုပ်တစ်ခုမှာအကြာကြီးနေမိသွားလို့နောင်တရတဲ့ဝန်ထမ်းက 58% ရှိနေတယ်ဆိုတာတွေ့ရလို့ဖြစ်ပါတယ်။ဒါ့ကြောင့်အလုပ်တစ်ခုမှာဝင်လုပ်ပြီဆိုရင် အမြဲတမ်း 3 လစာ၊ 6 လစာ၊ တစ်နှစ်စာမိမိကိုယ်ကိုပြန်သုံး သပ်တာ၊ Career ကိုပြန်သုံးသပ်တာ၊ကုမ္ပဏီရဲ့အလားအလာကိုကြည့်တာကလုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီလိုသုံးသပ်နေသူတွေအဖို့
လုပ်သင့်တာကိုလုပ်မိတဲ့ရာခိုင်နှုန်းများပါတယ်။ ဒါ့ကြောင့်မလုပ်မိလေခြင်းဆိုတဲ့နောင်တလည်းနည်းစေပါတယ်။

တချို့တွေက အလုပ်တစ်ခုမှာ လစာမှန်မှန်ရ၊ အလုပ်သက်သာတာလေးကိုမက်မောပြီးရေစုန်မျောနေတတ်ကြပါတယ်။ တကယ်ရုန်းကန်ရတော့မယ့်အချိန် Career Development အတွက်လုပ်ဆောင်ရတော့မယ့်အချိန်မှာတော့သူများထက်နောက်ကောက်ကျပြီးပြတ်ကျန်နေခဲ့တတ်ပါတယ်။ဒါ့ကြောင့်လည်း ဘယ်နေရာရောက်ရောက် Personal Development နဲ့ Career Development အတွက်အမြဲကြိုး ပမ်းနေသူကနောင်တကင်းမှာဖြစ်ပါတယ်။များသောအားဖြင့် Career နဲ့ပတ်သက်ပြီးနောင်တရလေ့ရှိသူတွေဟာ Millennials(1981 မှ 1996 အတွင်းမွေးဖွားသူ) – 70 % နဲ့ Gen X (1965 – 1980 အတွင်းမွေးသူ) – 69 % တွေဖြစ်ကြတယ်လို့လေ့လာချက်မှာဖော်ပြထားပါတယ်။ 1955 မှ 1964 အချိန်တွေမှာ မွေးဖွားကြီးပြင်းတဲ့လူကြီးတွေကတော့ Career နဲ့ပတ်သက်တဲ့နောင်တရမှုနည်းကြတယ်လို့ သိရပါတယ်။ဒါ့ကြောင့်လည်းလူငယ်တွေအနေနဲ့ Career တစ်ခုကိုစတင်ပြီ၊ အလုပ်တစ်ခုစလုပ်ပြီဆိုကတည်းက Comfort Zone မှာနေပြီး တိုးတက်မှုနှောင့်နှေးတာမျိုးမဖြစ်ရလေအောင် အမြဲလို Personal Development နဲ့ Career Development အတွက်သုံးသပ်ဆင်ခြင်ပြင်ဆင်တာမျိုးမဖြစ်မနေလုပ်ဖို့လိုအပ်ပါတယ်နော်။

Ju Ju

zawgyi

လူတိုင္းဟာအလုပ္မွာ အမွားေတြလုပ္မိႏိုင္ပါတယ္။ ဒီအမွားေတြဟာ ေသးငယ္တဲ့အမွားေတြဆိုရင္ေနာက္ေန႔မွာေမ့ေပ်ာက္သြားတတ္ၾကတာသဘာဝပါပဲ။ CNBC ရဲ႕ေဖာ္ျပခ်က္အရအလုပ္လုပ္ေနသူေတြရဲ႕ 66% က သူတို႔မွာ Career နဲ႔ပတ္သက္တဲ့ႀကီးမားတဲ့ေနာင္တရွိၾကတယ္လို႔ ဆိုပါတယ္။ ဒီရလဒ္ဟာ အေမရိကန္၊ အဂၤလန္၊ ျပင္သစ္၊ ဂ်ာမနီ မွာရွိတဲ့ဝန္ထမ္းတစ္ေထာင္ေက်ာ္ဆီကေန စစ္တမ္းေကာက္ယူထားတာျဖစ္ပါတယ္။ Career နဲ႔ပတ္သက္ၿပီး ေနာင္တျဖစ္မိတဲ့ရာခိုင္ႏႈန္းေတြဟာ…

1. လုပ္ခလစာတိုးမေတာင္းမိျခင္း(60%)
2. Work-life balance ျဖစ္ဖို႔ဦးစားမေပးမိျခင္း (59%)
3. ကုမၸဏီတစ္ခုတည္းမွာအခ်ိန္အၾကာႀကီးအလုပ္လုပ္မိျခင္း(58 %)
4. အလုပ္သစ္ေလွ်ာက္ခ်ိန္လစာကိုေသေသခ်ာခ်ာမညႇိႏႈိင္းမိျခင္း (၅8%) တို႔ျဖစ္တယ္လို႔ ေဖာ္ျပၾကပါတယ္။

ဒီလိုေနာင္တရမႈေတြမွာ အဓိကက လုပ္သင့္တာကိုမလုပ္မိဘဲထိုင္ေနမိတာေၾကာင့္ပဲျဖစ္ပါတယ္။ဘာ့ေၾကာင့္လဲဆိုေတာ့ အလုပ္ထြက္မိလို႔ေနာင္တရပါတယ္ဆိုတဲ့ဝန္ထမ္းရာခိုင္ႏႈန္းက 38% ပဲရွိၿပီးအလုပ္တစ္ခုမွာအၾကာႀကီးေနမိသြားလို႔ေနာင္တရတဲ့ဝန္ထမ္းက 58% ရွိေနတယ္ဆိုတာေတြ႕ရလို႔ျဖစ္ပါတယ္။ဒါ့ေၾကာင့္အလုပ္တစ္ခုမွာဝင္လုပ္ၿပီဆိုရင္ အၿမဲတမ္း 3 လစာ၊ 6 လစာ၊ တစ္ႏွစ္စာမိမိကိုယ္ကိုျပန္သုံး သပ္တာ၊ Career ကိုျပန္သုံးသပ္တာ၊ကုမၸဏီရဲ႕အလားအလာကိုၾကည့္တာကလုပ္သင့္တဲ့ကိစၥျဖစ္ပါတယ္။ ဒီလိုသုံးသပ္ေနသူေတြအဖို႔
လုပ္သင့္တာကိုလုပ္မိတဲ့ရာခိုင္ႏႈန္းမ်ားပါတယ္။ ဒါ့ေၾကာင့္မလုပ္မိေလျခင္းဆိုတဲ့ေနာင္တလည္းနည္းေစပါတယ္။

တခ်ိဳ႕ေတြက အလုပ္တစ္ခုမွာ လစာမွန္မွန္ရ၊ အလုပ္သက္သာတာေလးကိုမက္ေမာၿပီးေရစုန္ေမ်ာေနတတ္ၾကပါတယ္။ တကယ္႐ုန္းကန္ရေတာ့မယ့္အခ်ိန္ Career Development အတြက္လုပ္ေဆာင္ရေတာ့မယ့္အခ်ိန္မွာေတာ့သူမ်ားထက္ေနာက္ေကာက္က်ၿပီးျပတ္က်န္ေနခဲ့တတ္ပါတယ္။ဒါ့ေၾကာင့္လည္း ဘယ္ေနရာေရာက္ေရာက္ Personal Development နဲ႔ Career Development အတြက္အၿမဲႀကိဳး ပမ္းေနသူကေနာင္တကင္းမွာျဖစ္ပါတယ္။မ်ားေသာအားျဖင့္ Career နဲ႔ပတ္သက္ၿပီးေနာင္တရေလ့ရွိသူေတြဟာ Millennials(1981 မွ 1996 အတြင္းေမြးဖြားသူ) – 70 % နဲ႔ Gen X (1965 – 1980 အတြင္းေမြးသူ) – 69 % ေတြျဖစ္ၾကတယ္လို႔ေလ့လာခ်က္မွာေဖာ္ျပထားပါတယ္။ 1955 မွ 1964 အခ်ိန္ေတြမွာ ေမြးဖြားႀကီးျပင္းတဲ့လူႀကီးေတြကေတာ့ Career နဲ႔ပတ္သက္တဲ့ေနာင္တရမႈနည္းၾကတယ္လို႔ သိရပါတယ္။ဒါ့ေၾကာင့္လည္းလူငယ္ေတြအေနနဲ႔ Career တစ္ခုကိုစတင္ၿပီ၊ အလုပ္တစ္ခုစလုပ္ၿပီဆိုကတည္းက Comfort Zone မွာေနၿပီး တိုးတက္မႈေႏွာင့္ေႏွးတာမ်ိဳးမျဖစ္ရေလေအာင္ အၿမဲလို Personal Development နဲ႔ Career Development အတြက္သုံးသပ္ဆင္ျခင္ျပင္ဆင္တာမ်ိဳးမျဖစ္မေနလုပ္ဖို႔လိုအပ္ပါတယ္ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*