မပျော်တဲ့အလုပ်မှာကိုယ့်ကိုယ်ကိုယ်တက်ကြွအောင်ဘယ်လိုနေထိုင်မလဲ

၂၀၁၁ ခုနစ်ကဖော်ပြခဲ့တဲ့ Business Insider ထဲကဆောင်းပါးတစ်ခုမှာဝန်ထမ်းတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကပဲ ကိုယ်လုပ်နေရတဲ့အလုပ်ကို ကျေနပ်မှုရှိတယ်လို့သိရပါတယ်။ ဝန်ထမ်းတွေဟာအလုပ်ကိုသံယောဇဉ်နည်းလာပြီး စိတ်ဝင်စားမှုမရှိလာတာနဲ့အမျှနေ့စဉ်လုပ်ဆောင်ရမယ့်အလုပ်တွေအပေါ်မှာလည်း တက်တက်ကြွကြွမရှိဘဲဖြစ်လာတတ်ပါတယ်။အလုပ်ကိုစိတ်ကုန်ပြီး တက်တက်ကြွကြွမရှိတာနဲ့အမျှ အလိုလိုအားကုန်ပြီးပင်ပန်းနေတတ်ပါတယ်။ကိုယ်လုပ်ချင်တဲ့အလုပ်ကိုမရသေးတဲ့ကာလအတွင်း လက်ရှိအလုပ်မှာတက် တက်ကြွကြွလုပ်ကိုင်နေနိုင်တာကလည်း အရည်အချင်းတစ်ရပ်ပဲဖြစ်ပါတယ်။လုပ်ချင်တာကိုလုပ်ခွင့်မရသေးချိန်မှာ လုပ်နေရတာကိုအကောင်းဆုံးလုပ်ပါဆိုတဲ့ ဆုံးမစကားလေးကကိုယ့်ရဲ့လုပ်ငန်းခွင်မပျော်ရွှင်မှုတွေကိုသက်သာစေနိုင်ပါတယ်။ ဒီလို ကိုယ်လုပ်နေရတာကို
အကောင်းဆုံးလုပ်ဆောင်ခြင်းက လုပ်ချင်တာကိုလုပ်နိုင်စေမယ့်အခွင့်အလမ်းတွေကိုလည်းဖန်တီးပေးနိုင်ပါတယ်။

ရည်ရွယ်ချက်ကိုပြန်သုံးသပ်ပါ
ကိုယ့် Career ပျောက်ဆုံးသလိုဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့အလုပ်လုပ်ရတဲ့ ရည်ရွယ်ချက်၊ရည်မှန်းချက်ကိုသုံးသပ်ရမယ့်အချိန်ရောက်လာပြီဖြစ်ပါတယ်။ဘာအတွက်ကြောင့်ဒီအလုပ်ကိုလုပ်နေရတာလဲဆိုတဲ့အကြောင်းပြချက် ပျောက်ဆုံးလာပြီဆိုရင်နေ့စဉ်လုပ်ရမယ့်အလုပ်မှာ ဘယ်လိုမှတက်တက်ကြွကြွရှိနိုင်မှာမဟုတ်ပါဘူး။အလုပ်လုပ်နေသူတွေထဲမှာ အိမ်ဝယ်ထားလို့၊ မိသားစုကိုထောက်ပံ့နေရလို့ စတဲ့ရည်ရွယ်ချက်တွေနဲ့အလုပ်လုပ်နေရသူတွေရှိနိုင်ပါတယ်။ အလုပ်လုပ်ခြင်းရဲ့ရည်ရွယ်ချက်ကိုစဉ်းစားရင်းဒီအလုပ်ကိုရွေးချယ်ခဲ့တယ်ဆိုတာ လခကောင်းလို့ ဒါမှမဟုတ်ကိုယ်စိတ်အားထက်သန်မှုရှိတဲ့အလုပ်မို့လုပ်ခဲ့တယ်စတဲ့ အဖြေတစ်ခုခုရှာတွေ့လာမှာဖြစ်ပါတယ်။ဒီလိုပြန်သုံးသပ်လိုက်ပြီဆိုရင် ဘာကြောင့်ငါဒီနေရာမှာရှိနေရတာလဲ၊ဘာ့ကြောင့်ဒါတွေလုပ်နေရတာလဲဆိုတဲ့အဖြေပေါ်လာမှာဖြစ်ပါတယ်။
ဒီလိုလေးပြန်ပြန်တွေးပေးမယ်ဆိုရင် အလုပ်နဲ့တစ်ဖန်ပြန်နီးစပ်လာပြီးတော့ ကိုယ်လုပ်နေရတဲ့အလုပ်မှာပြန်ပြီးစိတ်ပါလာမှာပဲဖြစ်ပါတယ်။

ကောင်းကွက်လေးတွေရှာပါ
ဘဝမှာဆိုးကွက်တွေကိုမြင်နိုင်ဖို့က အရမ်းကိုလွယ်ကူပြီးတော့ ကောင်းကွက်တွေကိုအလွယ်တကူမမြင်မိတတ်ကြပါဘူး။ကိုယ့်ရဲ့မပျော်ရွှင်စရာကိစ္စတွေကို ကောင်းတာလေးတွေနဲ့အစားထိုးမြင်ကြည့်ပါ။အလုပ်မှာလုပ်ရတဲ့တာဝန် ၅ ခုထဲက ကိုယ်နှစ်သက်တဲ့တစ်ခုကိုပဲများများတွေးပေးပါ။အလုပ်မှာမပျော်ဘူးဆိုပေမယ့် ပိတ်ရက်လေးတွေပုံမှန်ပေးတာမို့ မိသားစုတွေ၊သူငယ်ချင်းတွေနဲ့ဆုံနိုင်တဲ့အကြောင်းတွေကို တွေးကြည့်သင့်ပါတယ်။ကိုယ့်ကိုမပျော်ရွှင်၊မတက်ကြွစေတဲ့ကိစ္စရပ်လေးတွေက ဘာတွေလဲဆိုတာစာရင်းလုပ်ထားပြီးကောင်းတဲ့အတွေးတွေနဲ့လွှမ်းမိုးနိုင်ဖို့ကြိုးစားသင့်ပါတယ်။

ကိုယ့်ကိုတက်ကြွလာစေမယ့်ရည်မှန်းချက်တွေချမှတ်ပါ
ဒီအလုပ်တွေကိုပဲနေ့စဉ်လုပ်နေရလို့ငြီးငွေ့လာပြီဆိုရင် ငါဘာရည်မှန်းချက်အသစ်တွေချမှတ်နိုင်ဦးမလဲ ၊လက်ရှိအလုပ်နဲ့ဆက်နွယ်ပြီးငွေဝင်လာမယ့်လမ်းကြောင်းဘာတွေရှိလာဦးမလဲဆိုတာမျိုးစဉ်းစားသင့်ပါတယ်။အလုပ်မှာ ဖန်တီးနိုင်စွမ်းကောင်းကောင်းရှိအောင်လုပ်ပြီး ကိုယ့်အတွက်ရော၊လုပ်ဖော်ကိုင်ဖက်တွေအတွက်ပါ အကြံဉာဏ်တွေပေးရင်း အလုပ်မှာြပန်လည်ပျော်မွေ့နိုင်ပါတယ်။

Work-life balance ဖြစ်အောင်နေထိုင်ပါ
အလုပ်ချိန်များလွန်းပြီး ကိုယ်ပိုင်အချိန်မရှိဖြစ်နေရင်လည်း အလုပ်ကိုစိတ်ပျက်လာတတ်ပါတယ်။ဒါကြောင့် အလုပ်လောဘမကြီးပဲကိုယ်ပိုင်အချိန်ရအောင်ယူဖို့၊ ရုံးတက်ရက်မှန်ကြေးတွေကိုမမက်ဘဲခွင့်ယူပြီးအနားယူဖို့အကြံပြုချင်ပါတယ်။ ကိုယ်ပိုင်ဘဝမှာပျော်ရွှင်ရသူဟာအလုပ်မှာလည်းတော်ရုံနဲ့စိတ်မပျက်ဘဲ ပျော်ရွှင်နေတတ်ကြပါတယ်။

ကုသမှုခံယူပါ
အလုပ်ကိုစိတ်ပျက်လွန်းပြီး မနက်ခင်းတိုင်းကိုကြောက်နေမယ်၊ ဒီအလုပ်ကြောင့်ပဲနေ့တိုင်းမပျော်မရွှင်ဖြစ်နေမယ်ဆိုရင်တော့ တိုင်ပင်ဆွေးနွေးပေးနိုင်မယ့်သူကိုရှာပါ။သင့်တော်တဲ့ကုသမှုကိုခံယူပါ။ တစ်ခါတလေမှာသူငယ်ချင်းတွေနဲ့အတူ မုန့်ဆိုင်ထိုင်ရင်းသူ့အလုပ်ကအဆင်မပြေမှုတွေအကြောင်း၊ ကိုယ့်အလုပ်ကအဆင်မပြေမှုတွေအကြောင်းမျှဝေရင်းစိတ်သက်သာရာရလာတတ်ပါတယ်။ ဒီအလုပ်ကနေထွက်မယ်လိုကြံရွယ်ထားပြီးကိုယ်သွားချင်တဲ့နေရာအတွက် Skill တွေထပ်ဖြည့်နေမယ်ဆိုရင်လည်းလက်ရှိအလုပ်ကိုစိတ်ပျက်နေတာတွေ လျော့ပါးသွားနိုင်ပါတယ်။ ဒါကြောင့်ကိုယ့်တိုးတက်ရေးအတွက်ကြိုးစားပြင်ဆင်ကြည့်ပါနော်။ဘယ်လိုပဲမပျော်ရွှင်ရတဲ့အလုပ် ဖြစ်ပါစေ ကိုယ်လုပ်ပေးနိုင်တာကိုစေတနာထားပြီးအကောင်းဆုံးလုပ်ပေးလိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုနဲ့အတူစေတနာရောင် ပြန်ဟပ်လာမှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

၂၀၁၁ ခုနစ္ကေဖာ္ျပခဲ့တဲ့ Business Insider ထဲကေဆာင္းပါးတစ္ခုမွာဝန္ထမ္းေတြရဲ႕ ၂၀ ရာခိုင္ႏႈန္းေလာက္ကပဲ ကိုယ္လုပ္ေနရတဲ့အလုပ္ကို ေက်နပ္မႈရွိတယ္လို႔သိရပါတယ္။ ဝန္ထမ္းေတြဟာအလုပ္ကိုသံေယာဇဥ္နည္းလာၿပီး စိတ္ဝင္စားမႈမရွိလာတာနဲ႔အမွ်ေန႔စဥ္လုပ္ေဆာင္ရမယ့္အလုပ္ေတြအေပၚမွာလည္း တက္တက္ႂကြႂကြမရွိဘဲျဖစ္လာတတ္ပါတယ္။အလုပ္ကိုစိတ္ကုန္ၿပီး တက္တက္ႂကြႂကြမရွိတာနဲ႔အမွ် အလိုလိုအားကုန္ၿပီးပင္ပန္းေနတတ္ပါတယ္။ကိုယ္လုပ္ခ်င္တဲ့အလုပ္ကိုမရေသးတဲ့ကာလအတြင္း လက္ရွိအလုပ္မွာတက္ တက္ႂကြႂကြလုပ္ကိုင္ေနႏိုင္တာကလည္း အရည္အခ်င္းတစ္ရပ္ပဲျဖစ္ပါတယ္။လုပ္ခ်င္တာကိုလုပ္ခြင့္မရေသးခ်ိန္မွာ လုပ္ေနရတာကိုအေကာင္းဆုံးလုပ္ပါဆိုတဲ့ ဆုံးမစကားေလးကကိုယ့္ရဲ႕လုပ္ငန္းခြင္မေပ်ာ္႐ႊင္မႈေတြကိုသက္သာေစႏိုင္ပါတယ္။ ဒီလို ကိုယ္လုပ္ေနရတာကို
အေကာင္းဆုံးလုပ္ေဆာင္ျခင္းက လုပ္ခ်င္တာကိုလုပ္ႏိုင္ေစမယ့္အခြင့္အလမ္းေတြကိုလည္းဖန္တီးေပးႏိုင္ပါတယ္။

ရည္႐ြယ္ခ်က္ကိုျပန္သုံးသပ္ပါ
ကိုယ့္ Career ေပ်ာက္ဆုံးသလိုျဖစ္လာၿပီဆိုရင္ ကိုယ့္ရဲ႕အလုပ္လုပ္ရတဲ့ ရည္႐ြယ္ခ်က္၊ရည္မွန္းခ်က္ကိုသုံးသပ္ရမယ့္အခ်ိန္ေရာက္လာၿပီျဖစ္ပါတယ္။ဘာအတြက္ေၾကာင့္ဒီအလုပ္ကိုလုပ္ေနရတာလဲဆိုတဲ့အေၾကာင္းျပခ်က္ ေပ်ာက္ဆုံးလာၿပီဆိုရင္ေန႔စဥ္လုပ္ရမယ့္အလုပ္မွာ ဘယ္လိုမွတက္တက္ႂကြႂကြရွိႏိုင္မွာမဟုတ္ပါဘူး။အလုပ္လုပ္ေနသူေတြထဲမွာ အိမ္ဝယ္ထားလို႔၊ မိသားစုကိုေထာက္ပံ့ေနရလို႔ စတဲ့ရည္႐ြယ္ခ်က္ေတြနဲ႔အလုပ္လုပ္ေနရသူေတြရွိႏိုင္ပါတယ္။ အလုပ္လုပ္ျခင္းရဲ႕ရည္႐ြယ္ခ်က္ကိုစဥ္းစားရင္းဒီအလုပ္ကိုေ႐ြးခ်ယ္ခဲ့တယ္ဆိုတာ လခေကာင္းလို႔ ဒါမွမဟုတ္ကိုယ္စိတ္အားထက္သန္မႈရွိတဲ့အလုပ္မို႔လုပ္ခဲ့တယ္စတဲ့ အေျဖတစ္ခုခုရွာေတြ႕လာမွာျဖစ္ပါတယ္။ဒီလိုျပန္သုံးသပ္လိုက္ၿပီဆိုရင္ ဘာေၾကာင့္ငါဒီေနရာမွာရွိေနရတာလဲ၊ဘာ့ေၾကာင့္ဒါေတြလုပ္ေနရတာလဲဆိုတဲ့အေျဖေပၚလာမွာျဖစ္ပါတယ္။
ဒီလိုေလးျပန္ျပန္ေတြးေပးမယ္ဆိုရင္ အလုပ္နဲ႔တစ္ဖန္ျပန္နီးစပ္လာၿပီးေတာ့ ကိုယ္လုပ္ေနရတဲ့အလုပ္မွာျပန္ၿပီးစိတ္ပါလာမွာပဲျဖစ္ပါတယ္။

ေကာင္းကြက္ေလးေတြရွာပါ
ဘဝမွာဆိုးကြက္ေတြကိုျမင္ႏိုင္ဖို႔က အရမ္းကိုလြယ္ကူၿပီးေတာ့ ေကာင္းကြက္ေတြကိုအလြယ္တကူမျမင္မိတတ္ၾကပါဘူး။ကိုယ့္ရဲ႕မေပ်ာ္႐ႊင္စရာကိစၥေတြကို ေကာင္းတာေလးေတြနဲ႔အစားထိုးျမင္ၾကည့္ပါ။အလုပ္မွာလုပ္ရတဲ့တာဝန္ ၅ ခုထဲက ကိုယ္ႏွစ္သက္တဲ့တစ္ခုကိုပဲမ်ားမ်ားေတြးေပးပါ။အလုပ္မွာမေပ်ာ္ဘူးဆိုေပမယ့္ ပိတ္ရက္ေလးေတြပုံမွန္ေပးတာမို႔ မိသားစုေတြ၊သူငယ္ခ်င္းေတြနဲ႔ဆုံႏိုင္တဲ့အေၾကာင္းေတြကို ေတြးၾကည့္သင့္ပါတယ္။ကိုယ့္ကိုမေပ်ာ္႐ႊင္၊မတက္ႂကြေစတဲ့ကိစၥရပ္ေလးေတြက ဘာေတြလဲဆိုတာစာရင္းလုပ္ထားၿပီးေကာင္းတဲ့အေတြးေတြနဲ႔လႊမ္းမိုးႏိုင္ဖို႔ႀကိဳးစားသင့္ပါတယ္။

ကိုယ့္ကိုတက္ႂကြလာေစမယ့္ရည္မွန္းခ်က္ေတြခ်မွတ္ပါ
ဒီအလုပ္ေတြကိုပဲေန႔စဥ္လုပ္ေနရလို႔ၿငီးေငြ႕လာၿပီဆိုရင္ ငါဘာရည္မွန္းခ်က္အသစ္ေတြခ်မွတ္ႏိုင္ဦးမလဲ ၊လက္ရွိအလုပ္နဲ႔ဆက္ႏြယ္ၿပီးေငြဝင္လာမယ့္လမ္းေၾကာင္းဘာေတြရွိလာဦးမလဲဆိုတာမ်ိဳးစဥ္းစားသင့္ပါတယ္။အလုပ္မွာ ဖန္တီးႏိုင္စြမ္းေကာင္းေကာင္းရွိေအာင္လုပ္ၿပီး ကိုယ့္အတြက္ေရာ၊လုပ္ေဖာ္ကိုင္ဖက္ေတြအတြက္ပါ အႀကံဉာဏ္ေတြေပးရင္း အလုပ္မွာျပန္လည္ေပ်ာ္ေမြ႕ႏိုင္ပါတယ္။

Work-life balance ျဖစ္ေအာင္ေနထိုင္ပါ
အလုပ္ခ်ိန္မ်ားလြန္းၿပီး ကိုယ္ပိုင္အခ်ိန္မရွိျဖစ္ေနရင္လည္း အလုပ္ကိုစိတ္ပ်က္လာတတ္ပါတယ္။ဒါေၾကာင့္ အလုပ္ေလာဘမႀကီးပဲကိုယ္ပိုင္အခ်ိန္ရေအာင္ယူဖို႔၊ ႐ုံးတက္ရက္မွန္ေၾကးေတြကိုမမက္ဘဲခြင့္ယူၿပီးအနားယူဖို႔အႀကံျပဳခ်င္ပါတယ္။ ကိုယ္ပိုင္ဘဝမွာေပ်ာ္႐ႊင္ရသူဟာအလုပ္မွာလည္းေတာ္႐ုံနဲ႔စိတ္မပ်က္ဘဲ ေပ်ာ္႐ႊင္ေနတတ္ၾကပါတယ္။

ကုသမႈခံယူပါ
အလုပ္ကိုစိတ္ပ်က္လြန္းၿပီး မနက္ခင္းတိုင္းကိုေၾကာက္ေနမယ္၊ ဒီအလုပ္ေၾကာင့္ပဲေန႔တိုင္းမေပ်ာ္မ႐ႊင္ျဖစ္ေနမယ္ဆိုရင္ေတာ့ တိုင္ပင္ေဆြးေႏြးေပးႏိုင္မယ့္သူကိုရွာပါ။သင့္ေတာ္တဲ့ကုသမႈကိုခံယူပါ။ တစ္ခါတေလမွာသူငယ္ခ်င္းေတြနဲ႔အတူ မုန႔္ဆိုင္ထိုင္ရင္းသူ႔အလုပ္ကအဆင္မေျပမႈေတြအေၾကာင္း၊ ကိုယ့္အလုပ္ကအဆင္မေျပမႈေတြအေၾကာင္းမွ်ေဝရင္းစိတ္သက္သာရာရလာတတ္ပါတယ္။ ဒီအလုပ္ကေနထြက္မယ္လိုႀကံ႐ြယ္ထားၿပီးကိုယ္သြားခ်င္တဲ့ေနရာအတြက္ Skill ေတြထပ္ျဖည့္ေနမယ္ဆိုရင္လည္းလက္ရွိအလုပ္ကိုစိတ္ပ်က္ေနတာေတြ ေလ်ာ့ပါးသြားႏိုင္ပါတယ္။ ဒါေၾကာင့္ကိုယ့္တိုးတက္ေရးအတြက္ႀကိဳးစားျပင္ဆင္ၾကည့္ပါေနာ္။ဘယ္လိုပဲမေပ်ာ္႐ႊင္ရတဲ့အလုပ္ ျဖစ္ပါေစ ကိုယ္လုပ္ေပးႏိုင္တာကိုေစတနာထားၿပီးအေကာင္းဆုံးလုပ္ေပးလိုက္တဲ့အခါ ကိုယ့္ကိုယ္ကိုယ္ေက်နပ္မႈနဲ႔အတူေစတနာေရာင္ ျပန္ဟပ္လာမွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*