Dua Lipa ရဲ့ Album အသစ် Radical Optimism ထွက်ရှိမယ်

Dua Lipa အနေနဲ့ သူမရဲ့တေးအယ်လ်ဘမ်အသစ်ကို Radical Optimism လို့နာမည်ပေးထားပြီးသူမရဲ့ဘဝအပေါ်မြင်တဲ့အမြင်သစ်အကြောင်းကို မှီငြမ်းရေးသားထားတယ်လို့သိရပါတယ်။သူမရဲ့အယ်လ်ဘမ်အသစ်မှာ သီချင်းအပုဒ်ရေ 11 ပုဒ်ပါဝင်မယ်လို့ဆိုပါတယ်။
ဒီအယ်လ်ဘမ်နဲ့ပတ်သက်ပြီး ငယ်ရွယ်ခြင်းနဲ့လွတ်လပ်ခြင်းရဲ့အနှစ်သာရနဲ့ပျော်စရာအချိန်တွေကိုမှတ်တမ်းတင်ထားချင်တယ်လို့ သူမကပြောခဲ့တာပါ။ ဒီအယ်လ်ဘမ်ရဲ့အကြိုမိတ်ဆက်သီချင်းအနေနဲ့ Houdini နဲ့ Training Season တို့ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။“လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်မသူငယ်ချင်းတစ်ယောက်က Radical Optimism ဆိုတဲ့အသုံးအနှုန်းကိုမိတ်ဆက်ပေးခဲ့တာပါ။ အဲဒီအယူအဆက ကျွန်မစိတ်ထဲထင်ကျန်ခဲ့ပြီး

ပိုပိုပြီးစူးစမ်းချင်စိတ်ဖြစ်လာမိတယ်။ ဘယ်လိုအခက်အခဲတွေပဲတွေ့တွေ့အပြုသဘောရှိတဲ့စိတ်နေစိတ်ထားနဲ့ ကျော်ဖြတ်မယ်ဆိုတဲ့သ ဘောမျိုးပေါ့။ တစ်ချိန်တည်းမှာပဲ psychedelia၊ trip hop ၊ Britpop ရဲ့ဂီတသမိုင်းကြောင်းတွေကိုလိုက်ရှာတယ်။ အကောင်းမြင်မှု၊
ရိုးသားမှုနဲ့ အဲဒီစိတ်နေစိတ်ထားက ကျွန်မစတူဒီယိုခန်းထဲအထိပါလာခဲ့တယ်” လို့သူမကအယ်လ်ဘမ်အသစ်နဲ့ပတ်သက်ပြီးပြောခဲ့တာဖြစ်ပါတယ်။ Radical Optimism အယ်လ်ဘမ်ထဲမှာ End Of An Era ၊ Houdini ၊ Training Season ၊ These Walls ၊ Whatcha Doing ၊ French Exit၊ Illusion ၊ Falling Forever ၊ Anything For Love ၊ Maria ၊ Happy For You စတဲ့သီချင်းတွေပါဝင်မှာဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ မေလ 3 ရက်နေ့မှာထွက်ရှိတော့မှာဖြစ်ပါတယ်။

Ju Ju

zawgyi

Dua Lipa အေနနဲ႔ သူမရဲ႕ေတးအယ္လ္ဘမ္အသစ္ကို Radical Optimism လို႔နာမည္ေပးထားၿပီးသူမရဲ႕ဘဝအေပၚျမင္တဲ့အျမင္သစ္အေၾကာင္းကို မွီျငမ္းေရးသားထားတယ္လို႔သိရပါတယ္။သူမရဲ႕အယ္လ္ဘမ္အသစ္မွာ သီခ်င္းအပုဒ္ေရ 11 ပုဒ္ပါဝင္မယ္လို႔ဆိုပါတယ္။
ဒီအယ္လ္ဘမ္နဲ႔ပတ္သက္ၿပီး ငယ္႐ြယ္ျခင္းနဲ႔လြတ္လပ္ျခင္းရဲ႕အႏွစ္သာရနဲ႔ေပ်ာ္စရာအခ်ိန္ေတြကိုမွတ္တမ္းတင္ထားခ်င္တယ္လို႔ သူမကေျပာခဲ့တာပါ။ ဒီအယ္လ္ဘမ္ရဲ႕အႀကိဳမိတ္ဆက္သီခ်င္းအေနနဲ႔ Houdini နဲ႔ Training Season တို႔ထြက္ရွိခဲ့ၿပီးျဖစ္ပါတယ္။“လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က ကြၽန္မသူငယ္ခ်င္းတစ္ေယာက္က Radical Optimism ဆိုတဲ့အသုံးအႏႈန္းကိုမိတ္ဆက္ေပးခဲ့တာပါ။ အဲဒီအယူအဆက ကြၽန္မစိတ္ထဲထင္က်န္ခဲ့ၿပီး

ပိုပိုၿပီးစူးစမ္းခ်င္စိတ္ျဖစ္လာမိတယ္။ ဘယ္လိုအခက္အခဲေတြပဲေတြ႕ေတြ႕အျပဳသေဘာရွိတဲ့စိတ္ေနစိတ္ထားနဲ႔ ေက်ာ္ျဖတ္မယ္ဆိုတဲ့သ ေဘာမ်ိဳးေပါ့။ တစ္ခ်ိန္တည္းမွာပဲ psychedelia၊ trip hop ၊ Britpop ရဲ႕ဂီတသမိုင္းေၾကာင္းေတြကိုလိုက္ရွာတယ္။ အေကာင္းျမင္မႈ၊
႐ိုးသားမႈနဲ႔ အဲဒီစိတ္ေနစိတ္ထားက ကြၽန္မစတူဒီယိုခန္းထဲအထိပါလာခဲ့တယ္” လို႔သူမကအယ္လ္ဘမ္အသစ္နဲ႔ပတ္သက္ၿပီးေျပာခဲ့တာျဖစ္ပါတယ္။ Radical Optimism အယ္လ္ဘမ္ထဲမွာ End Of An Era ၊ Houdini ၊ Training Season ၊ These Walls ၊ Whatcha Doing ၊ French Exit၊ Illusion ၊ Falling Forever ၊ Anything For Love ၊ Maria ၊ Happy For You စတဲ့သီခ်င္းေတြပါဝင္မွာျဖစ္ပါတယ္။ ဒီေတးအယ္လ္ဘမ္ဟာ ေမလ 3 ရက္ေန႔မွာထြက္ရွိေတာ့မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*