ပိတ်ရက်ရှည်တွေကြောင့် ကိုယ့်အလုပ်မထိခိုက်ရလေအောင်

Annual Leave Break Holiday Enjoyment Party Concept

ခရစ္စမတ်နဲ့ New Year ပိတ်ရက်တွေ၊ မြန်မာနှစ်သစ်ကူးပိတ်ရက်တွေလိုရက်ရှည်ပိတ်ရက်တွေကြုံလာတဲ့အခါ ကိုယ့်အလုပ်မထိခိုက်ရ အောင်၊အရင်လိုပဲအဆင်ပြေပြေချောချောမွေ့မွေ့ဆက်သွားနိုင်အောင် ဘာတွေလုပ်ဆောင်သင့်ပါသလဲ။သူသူကိုယ်ကိုယ်အားလုံးနားချင်ကြတဲ့ပိတ်ရက်ရှည်တွေမှာ ကိုယ့်ရဲ့လုပ်ငန်းကနားပစ်လိုက်လို့မရတဲ့အခါကြိုတင်ပြင်ဆင်တတ်ခြင်းက အရေးကြီးတဲ့နေရာကပါဝင်လာပါတယ်။ ဒါကြောင့်ဘာတွေလုပ်ဆောင်သင့်လဲဆိုတာကိုအတူတူ စဉ်းစားကြည့်ရအောင်။

စောစော Plan ချပါ
ပိတ်ရက်တွေအတွင်းမှာ ဝန်ထမ်းတွေကို အချိန်ဇယားဆွဲပေးတာ၊ အလုပ်တာဝန်တွေခွဲပေးတာကခပ်စောစောကတည်းကစတင်ရမယ့်အလုပ်ဖြစ်ပါတယ်။ ဝန်ထမ်းတွေအတွက်အချိန်နဲ့တာဝန်ညှိနှိုင်းတာကို စောစောဆောင်ရွက်နိုင်မှဝန်ထမ်းတွေကလည်းလုပ်ကိုင်ဖို့အဆင် ပြေမပြေသိနိုင်ပြီး ပိတ်ရက်တွေအတွက်အကောင်းဆုံးစီမံနိုင်မှာဖြစ်ပါတယ်။ ဒီအချိန်မှာ တစ်ဦးချင်းရဲ့နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုမဖြစ်မနေလိုအပ်ပါတယ်။

ပိတ်ရက်အတွက်သီးသန့်အလုပ်သမားရှာပါ
ပိတ်ရက်ကိုလုံးဝအလုပ်မလုပ်ပေးနိုင်သူတွေများနေရင်တော့ အချိန်ပိုင်းလုပ်ကိုင်နိုင်တဲ့အလုပ်သမားတွေကို ကြိုတင်ရှာဖွေကြည့်ထားဖို့လိုပါတယ်။ တချို့ဝန်ထမ်းတွေကတော့ပိုက်ဆံပိုရှာချင်တဲ့အတွက် ပိတ်ရက်မှာလည်း အလုပ်ဆင်းချင်သူတွေရှိကြပါတယ်။ဒီလိုဝန်ထမ်းမျိုးတွေရှိတယ်ဆိုရင်တော့ အချိန်ပိုအတွက် အခကြေးငွေကိုညှိနှိုင်းရုံပါပဲ။

ခရီးသွားရင်းအလုပ်လုပ်နိုင်ဖို့ ပြင်ဆင်ပါ
တချို့တွေက ခရီးသွားရင်း အချိန်တစ်နာရီ၊ နှစ်နာရီပေးပြီး အလုပ်လုပ်ရတာကို ကြိုက်ကြပါတယ်။ဒါကြောင့် ဒီလိုလုပ်နိုင်၊ မလုပ်နိုင်မေး မြန်းပြီး သင့်တော်တဲ့အလုပ်ပမာဏကို ညှိနှိုင်းခွဲဝေနိုင်ပါတယ်။ဒါက ဝန်ထမ်းအားလုံးအပေါ်ဝန်မပိစေဘဲ အလုပ်အတွက်လည်အဆင်ပြေစေပါတယ်။ ဒါကြောင့်အိမ်မှာနားရင်း ဒါမှမဟုတ် ခရီးသွားရင်း အလုပ်လုပ်နိုင်ဖို့ကိုထည့်သွင်းစဉ်းစားနိုင်ပါတယ်။

Training ကြိုပေးထားပါ
ကျွမ်းကျင်သူတစ်ယောက်မရှိလို့ အလုပ်တွေကမောက်ကမဖြစ်သွားတာမျိုးမဖြစ်ရအောင် ရုံးတွင်းမှာ Training ကြိုပေးနိုင်ပါတယ်။ ဒီလို Skills ကိုဖြည့်ပေးလိုက်တာက ပိတ်ရက်ရှည်နဲ့ကြုံလာတဲ့အခါမှာတစ်ဦးရဲ့လစ်ဟာမှုကို တစ်ဦးကဖြည့်ဆည်းရင်း အဆင်ပြေပြေဆက်လုပ်သွားနိုင်မှာပဲဖြစ်ပါတယ်။ပိတ်ရက်အားလုံးကို အပြည့်အဝနားမယ့်သူရှိရင် သူ့ရဲ့အလုပ်တွေကိုအဆင်ပြေပြေလုပ်ဆောင်နိုင်ဖို့
ဘယ်သူ့ကိုလွှဲထားခဲ့ရမယ်၊ ဘာတွေကိုအဓိကသင်ကြားခဲ့ရမယ်ဆိုတာကို ညှိနှိုင်းပြောဆိုဖို့လိုပါတယ်။ဒီအချက်တွေက ပိတ်ရက်ရှည်တွေကြုံလာတဲ့အခါမှာ ကိုယ့်အလုပ်လည်းမထိခိုက်ရအောင်၊ကျန်ရစ်ခဲ့မယ့်ဝန်ထမ်းတွေအပေါ်မှာလည်း ဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် ကြိုတင်လုပ်ဆောင်ထားသင့်တဲ့အရာတွေပဲဖြစ်ပါတယ်။

Ju Ju

zawgyi

ခရစၥမတ္နဲ႔ New Year ပိတ္ရက္ေတြ၊ ျမန္မာႏွစ္သစ္ကူးပိတ္ရက္ေတြလိုရက္ရွည္ပိတ္ရက္ေတြႀကဳံလာတဲ့အခါ ကိုယ့္အလုပ္မထိခိုက္ရ ေအာင္၊အရင္လိုပဲအဆင္ေျပေျပေခ်ာေခ်ာေမြ႕ေမြ႕ဆက္သြားႏိုင္ေအာင္ ဘာေတြလုပ္ေဆာင္သင့္ပါသလဲ။သူသူကိုယ္ကိုယ္အားလုံးနားခ်င္ၾကတဲ့ပိတ္ရက္ရွည္ေတြမွာ ကိုယ့္ရဲ႕လုပ္ငန္းကနားပစ္လိုက္လို႔မရတဲ့အခါႀကိဳတင္ျပင္ဆင္တတ္ျခင္းက အေရးႀကီးတဲ့ေနရာကပါဝင္လာပါတယ္။ ဒါေၾကာင့္ဘာေတြလုပ္ေဆာင္သင့္လဲဆိုတာကိုအတူတူ စဥ္းစားၾကည့္ရေအာင္။

ေစာေစာ Plan ခ်ပါ
ပိတ္ရက္ေတြအတြင္းမွာ ဝန္ထမ္းေတြကို အခ်ိန္ဇယားဆြဲေပးတာ၊ အလုပ္တာဝန္ေတြခြဲေပးတာကခပ္ေစာေစာကတည္းကစတင္ရမယ့္အလုပ္ျဖစ္ပါတယ္။ ဝန္ထမ္းေတြအတြက္အခ်ိန္နဲ႔တာဝန္ညႇိႏႈိင္းတာကို ေစာေစာေဆာင္႐ြက္ႏိုင္မွဝန္ထမ္းေတြကလည္းလုပ္ကိုင္ဖို႔အဆင္ ေျပမေျပသိႏိုင္ၿပီး ပိတ္ရက္ေတြအတြက္အေကာင္းဆုံးစီမံႏိုင္မွာျဖစ္ပါတယ္။ ဒီအခ်ိန္မွာ တစ္ဦးခ်င္းရဲ႕နားလည္မႈနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈကိုမျဖစ္မေနလိုအပ္ပါတယ္။

ပိတ္ရက္အတြက္သီးသန႔္အလုပ္သမားရွာပါ
ပိတ္ရက္ကိုလုံးဝအလုပ္မလုပ္ေပးႏိုင္သူေတြမ်ားေနရင္ေတာ့ အခ်ိန္ပိုင္းလုပ္ကိုင္ႏိုင္တဲ့အလုပ္သမားေတြကို ႀကိဳတင္ရွာေဖြၾကည့္ထားဖို႔လိုပါတယ္။ တခ်ိဳ႕ဝန္ထမ္းေတြကေတာ့ပိုက္ဆံပိုရွာခ်င္တဲ့အတြက္ ပိတ္ရက္မွာလည္း အလုပ္ဆင္းခ်င္သူေတြရွိၾကပါတယ္။ဒီလိုဝန္ထမ္းမ်ိဳးေတြရွိတယ္ဆိုရင္ေတာ့ အခ်ိန္ပိုအတြက္ အခေၾကးေငြကိုညႇိႏႈိင္း႐ုံပါပဲ။

ခရီးသြားရင္းအလုပ္လုပ္ႏိုင္ဖို႔ ျပင္ဆင္ပါ
တခ်ိဳ႕ေတြက ခရီးသြားရင္း အခ်ိန္တစ္နာရီ၊ ႏွစ္နာရီေပးၿပီး အလုပ္လုပ္ရတာကို ႀကိဳက္ၾကပါတယ္။ဒါေၾကာင့္ ဒီလိုလုပ္ႏိုင္၊ မလုပ္ႏိုင္ေမး ျမန္းၿပီး သင့္ေတာ္တဲ့အလုပ္ပမာဏကို ညႇိႏႈိင္းခြဲေဝႏိုင္ပါတယ္။ဒါက ဝန္ထမ္းအားလုံးအေပၚဝန္မပိေစဘဲ အလုပ္အတြက္လည္အဆင္ေျပေစပါတယ္။ ဒါေၾကာင့္အိမ္မွာနားရင္း ဒါမွမဟုတ္ ခရီးသြားရင္း အလုပ္လုပ္ႏိုင္ဖို႔ကိုထည့္သြင္းစဥ္းစားႏိုင္ပါတယ္။

Training ႀကိဳေပးထားပါ
ကြၽမ္းက်င္သူတစ္ေယာက္မရွိလို႔ အလုပ္ေတြကေမာက္ကမျဖစ္သြားတာမ်ိဳးမျဖစ္ရေအာင္ ႐ုံးတြင္းမွာ Training ႀကိဳေပးႏိုင္ပါတယ္။ ဒီလို Skills ကိုျဖည့္ေပးလိုက္တာက ပိတ္ရက္ရွည္နဲ႔ႀကဳံလာတဲ့အခါမွာတစ္ဦးရဲ႕လစ္ဟာမႈကို တစ္ဦးကျဖည့္ဆည္းရင္း အဆင္ေျပေျပဆက္လုပ္သြားႏိုင္မွာပဲျဖစ္ပါတယ္။ပိတ္ရက္အားလုံးကို အျပည့္အဝနားမယ့္သူရွိရင္ သူ႔ရဲ႕အလုပ္ေတြကိုအဆင္ေျပေျပလုပ္ေဆာင္ႏိုင္ဖို႔
ဘယ္သူ႔ကိုလႊဲထားခဲ့ရမယ္၊ ဘာေတြကိုအဓိကသင္ၾကားခဲ့ရမယ္ဆိုတာကို ညႇိႏႈိင္းေျပာဆိုဖို႔လိုပါတယ္။ဒီအခ်က္ေတြက ပိတ္ရက္ရွည္ေတြႀကဳံလာတဲ့အခါမွာ ကိုယ့္အလုပ္လည္းမထိခိုက္ရေအာင္၊က်န္ရစ္ခဲ့မယ့္ဝန္ထမ္းေတြအေပၚမွာလည္း ဝန္ထုပ္ဝန္ပိုးမျဖစ္ရေအာင္ ႀကိဳတင္လုပ္ေဆာင္ထားသင့္တဲ့အရာေတြပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*