“ဘာလို့ရာထူးမတိုးသေးတာလဲ” ဆိုတဲ့မေးခွန်းကိုကိုယ်နဲ့ခင်မင်ရင်းနှီးတဲ့အထက်လူကြီးကိုမေးကြည့်တဲ့အခါ “မင်းကအဆင်ပြေနေတယ်ဆိုတာကလွဲလို့တခြား Feedback တွေသိပ်မရဘူး။ မင်းဆက်ကြိုးစားပါ။ နောက်တဆင့်အတွက်အဆင်သင့်ဖြစ်နေပြီဆိုတာကိုသက်သေ ပြပါ” ဆိုတဲ့စကားကိုရခဲ့ပါတယ်။လုပ်ငန်းခွင်တိုင်းမှာ ရည်မှန်းချက်ကြီးမားတဲ့၊ ထက်မြက်တဲ့ဝန်ထမ်းတွေအများကြီးရှိပေမယ့်သူတို့တွေဟာ နောက်တဆင့်တက်လှမ်းဖို့ တစ်နည်းပြောရရင်ရာထူးတိုးပေးဖို့ခက်တဲ့သူတွေဖြစ်နေတတ်ပါတယ်။သူတို့ကောင်းကောင်းလုပ်ဆောင်နေတာကိုမြင်နေရပေမယ့် သိသာထူးခြားတဲ့ပရောဂျက်တွေကိုတော့မမြင်ရပြန်ပါဘူး။
သူတို့တင်တဲ့ပရောဂျက်တွေကိုထူးထူးခြားခြားသတိမထားမိသလိုဖြစ်နေတတ်ပါတယ်။ တချို့ဝန်ထမ်းတွေဆို Client တွေကို စိတ်ကျေနပ်မှုအပြည့်အဝရစေဖို့ အချိန်ပိုပေးပြီးအားထုတ်ကြသလို အလုပ်အတွက်ကိုယ်ရေးကိုယ်တာအချိန်တွေကိုတောင်ဖဲ့ထုတ်ပေးတတ်ကြပါသေးတယ်။ ဒါပေမဲ့ကုမ္ပဏီတစ်ခုလုံးမှာတော့ နာမည်မကြီးဘဲလူကြီးတွေလည်းသတိမထားမိတာမျိုးဖြစ်တတ်ကြပါသေးတယ်။ ဒီလိုမျိုးကိုယ်တိုင်ကြုံနေရပြီဆိုရင်တော့ ကိုယ့်ကိုလူသိလာဖို့ဒီအဆင့်တွေကိုလုပ်ဆောင်ဖို့လိုအပ်နေပါပြီ။
-အရင်ဆုံး ကိုယ့် Brand ကိုတစ်ဖက်လူတွေဘယ်လိုမြင်လဲဆိုတာ သိအောင်လုပ်သင့်ပါတယ်။ကိုယ်နဲ့အခင်ဆုံး ၊အယုံကြည်ရဆုံး လုပ် ဖော်ကိုင်ဖက် 4 ဦး 5 ဦး ကို ကိုယ့်ရဲ့အကြောင်းကိုအမှန်အတိုင်းပြောခိုင်းပါ။ Brand Audit လုပ်ခိုင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။သူတို့ကိုယ့်အကြောင်းကိုဖော်ပြတဲ့အချိန်မှာ အကြိမ်ပေါင်းများစွာ သုံးနေတဲ့စကားလုံးတွေကိုမှတ်သားထားနိုင်ပါတယ်။ ငါ့ကိုတခြားသူတွေဒီလိုမြင်စေချင်တာဟုတ်ရဲ့လားဆိုပြီးကိုယ့်ကိုယ်ကိုယ်ပြန်မေးနိုင်ပါတယ်။
-နောက်တစ်ချက်က ကိုယ့်ရဲ့နာမည်နဲ့လုပ်ရည်ကိုင်ရည်ကို အဖွဲ့ထဲမှာရော အဖွဲ့ပြင်ပကလူတွေနဲ့လူကြီးတွေရောသတိထားမိရဲ့လားဆိုတာကို ဆန်းစစ်သင့်ပါတယ်။ဒီလိုနာမည်တစ်ခုထွက်တာမျိုးမရှိသေးရင်တော့လူတွေသတိထားမိလာအောင်ကြိုးစားရဦးမှာဖြစ်ပါတယ်။
-တတိယတစ်ချက်ကဗျူဟာမြောက်ဆုံးဖြတ်ချက်တွေချဖို့ပါ။ အထူးသဖြင့် ကိုယ့်အဖွဲ့နဲ့ကုမ္ပဏီအတွက်အကျိုးရှိစေမယ့်ဆုံးဖြတ်ချက်တွေကိုချနိုင်ရပါမယ်။ ကိုယ့်ရဲ့စွမ်းအင်ကိုနေ့တဒူဝလုပ်နေရတဲ့အလုပ်တွေအပေါ်မှာအသုံးပြုတာလျှော့ပြီး ဗျူဟာမြောက်ဆုံးဖြတ်ချက်တွေချဖို့၊နည်းဗျူဟာတွေချမှတ်ဖို့အာရုံစိုက်သင့်ပါတယ်။ အဖွဲ့သားတွေလုပ်နိုင်တဲ့အပိုင်းတွေကို ကိုယ်ကမလုပ်ဘဲနည်းဗျူဟာနဲ့ Plan တွေအပေါ်ပိုပြီးအာရုံစိုက်သင့်ပါတယ်။ ဒီလိုအကျင့်ကိုပြောင်းလဲလိုက်တာနဲ့ကြီးမားတဲ့ခြားနားမှုတွေဖြစ်လာနိုင်ပါတယ်။
-နောက်တစ်ချက်ကတော့ တဆင့်ခုန်ပြီးစွန့်စားဖို့ဖြစ်ပါတယ်။မြင်သာထင်သာရှိတဲ့ပရောဂျက်အကြီးကြီးတွေကိုလုပ်ဆောင်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ်အဆင်သင့်မဖြစ်သေးဘူးလို့ထင်တဲ့ပရောဂျက်ကိုလည်း ဦးဆောင်လုပ်ကိုင်ကြည့်ပါ။စွန့်စားမှုဖြစ်တဲ့အပြင် စိန်ခေါ်မှုတွေ၊ စိတ်ဖိစီးမှုတွေလည်းကြုံရမှာသေချာပါတယ်။တစ်ခုခုကိုအဆင်သင့်ဖြစ်ဖို့စောင့်ဆိုင်းနေတာက အချိန်ပိုကြာပြီးနောက်တဆင့်တက်ဖို့အတားအဆီးဖြစ်နေတတ်ပါတယ်။ ဒီအတားအဆီးကို စွမ်းဆောင်ကြည့်ခြင်း၊စွမ်းဆောင်နိုင်ခြင်းတွေနဲ့ဖြတ်ကျော်လိုက်မယ်ဆိုရင် မြန်မြန်ဆန်ဆန်အမြင့်ကို တက်သွားနိုင်ပါတယ်။လုပ်ငန်းခွင်အတွင်းမှာ နာမည်ကောင်းနဲ့ကျော်ကြားနိုင်ဖို့ကြိုးစားတာဟာ ဘာမှမှားယွင်းမနေပါဘူး။သွက်လက်ထက်မြက်သူတွေဟာ အခွင့်အလမ်းကောင်းတွေနဲ့ဘဝတိုးတက်မြင့်မားနိုင်ရေးကိုအမြဲတမ်းအာရုံစိုက်နေသူတွေမို့ပါပဲ။
Ju Ju
zawgyi
“ဘာလို႔ရာထူးမတိုးေသးတာလဲ” ဆိုတဲ့ေမးခြန္းကိုကိုယ္နဲ႔ခင္မင္ရင္းႏွီးတဲ့အထက္လူႀကီးကိုေမးၾကည့္တဲ့အခါ “မင္းကအဆင္ေျပေနတယ္ဆိုတာကလြဲလို႔တျခား Feedback ေတြသိပ္မရဘူး။ မင္းဆက္ႀကိဳးစားပါ။ ေနာက္တဆင့္အတြက္အဆင္သင့္ျဖစ္ေနၿပီဆိုတာကိုသက္ေသ ျပပါ” ဆိုတဲ့စကားကိုရခဲ့ပါတယ္။လုပ္ငန္းခြင္တိုင္းမွာ ရည္မွန္းခ်က္ႀကီးမားတဲ့၊ ထက္ျမက္တဲ့ဝန္ထမ္းေတြအမ်ားႀကီးရွိေပမယ့္သူတို႔ေတြဟာ ေနာက္တဆင့္တက္လွမ္းဖို႔ တစ္နည္းေျပာရရင္ရာထူးတိုးေပးဖို႔ခက္တဲ့သူေတြျဖစ္ေနတတ္ပါတယ္။သူတို႔ေကာင္းေကာင္းလုပ္ေဆာင္ေနတာကိုျမင္ေနရေပမယ့္ သိသာထူးျခားတဲ့ပေရာဂ်က္ေတြကိုေတာ့မျမင္ရျပန္ပါဘူး။
သူတို႔တင္တဲ့ပေရာဂ်က္ေတြကိုထူးထူးျခားျခားသတိမထားမိသလိုျဖစ္ေနတတ္ပါတယ္။ တခ်ိဳ႕ဝန္ထမ္းေတြဆို Client ေတြကို စိတ္ေက်နပ္မႈအျပည့္အဝရေစဖို႔ အခ်ိန္ပိုေပးၿပီးအားထုတ္ၾကသလို အလုပ္အတြက္ကိုယ္ေရးကိုယ္တာအခ်ိန္ေတြကိုေတာင္ဖဲ့ထုတ္ေပးတတ္ၾကပါေသးတယ္။ ဒါေပမဲ့ကုမၸဏီတစ္ခုလုံးမွာေတာ့ နာမည္မႀကီးဘဲလူႀကီးေတြလည္းသတိမထားမိတာမ်ိဳးျဖစ္တတ္ၾကပါေသးတယ္။ ဒီလိုမ်ိဳးကိုယ္တိုင္ႀကဳံေနရၿပီဆိုရင္ေတာ့ ကိုယ့္ကိုလူသိလာဖို႔ဒီအဆင့္ေတြကိုလုပ္ေဆာင္ဖို႔လိုအပ္ေနပါၿပီ။
-အရင္ဆုံး ကိုယ့္ Brand ကိုတစ္ဖက္လူေတြဘယ္လိုျမင္လဲဆိုတာ သိေအာင္လုပ္သင့္ပါတယ္။ကိုယ္နဲ႔အခင္ဆုံး ၊အယုံၾကည္ရဆုံး လုပ္ ေဖာ္ကိုင္ဖက္ 4 ဦး 5 ဦး ကို ကိုယ့္ရဲ႕အေၾကာင္းကိုအမွန္အတိုင္းေျပာခိုင္းပါ။ Brand Audit လုပ္ခိုင္းတယ္လို႔ဆိုရမွာျဖစ္ပါတယ္။သူတို႔ကိုယ့္အေၾကာင္းကိုေဖာ္ျပတဲ့အခ်ိန္မွာ အႀကိမ္ေပါင္းမ်ားစြာ သုံးေနတဲ့စကားလုံးေတြကိုမွတ္သားထားႏိုင္ပါတယ္။ ငါ့ကိုတျခားသူေတြဒီလိုျမင္ေစခ်င္တာဟုတ္ရဲ႕လားဆိုၿပီးကိုယ့္ကိုယ္ကိုယ္ျပန္ေမးႏိုင္ပါတယ္။
-ေနာက္တစ္ခ်က္က ကိုယ့္ရဲ႕နာမည္နဲ႔လုပ္ရည္ကိုင္ရည္ကို အဖြဲ႕ထဲမွာေရာ အဖြဲ႕ျပင္ပကလူေတြနဲ႔လူႀကီးေတြေရာသတိထားမိရဲ႕လားဆိုတာကို ဆန္းစစ္သင့္ပါတယ္။ဒီလိုနာမည္တစ္ခုထြက္တာမ်ိဳးမရွိေသးရင္ေတာ့လူေတြသတိထားမိလာေအာင္ႀကိဳးစားရဦးမွာျဖစ္ပါတယ္။
-တတိယတစ္ခ်က္ကဗ်ဴဟာေျမာက္ဆုံးျဖတ္ခ်က္ေတြခ်ဖို႔ပါ။ အထူးသျဖင့္ ကိုယ့္အဖြဲ႕နဲ႔ကုမၸဏီအတြက္အက်ိဳးရွိေစမယ့္ဆုံးျဖတ္ခ်က္ေတြကိုခ်ႏိုင္ရပါမယ္။ ကိုယ့္ရဲ႕စြမ္းအင္ကိုေန႔တဒူဝလုပ္ေနရတဲ့အလုပ္ေတြအေပၚမွာအသုံးျပဳတာေလွ်ာ့ၿပီး ဗ်ဴဟာေျမာက္ဆုံးျဖတ္ခ်က္ေတြခ်ဖို႔၊နည္းဗ်ဴဟာေတြခ်မွတ္ဖို႔အာ႐ုံစိုက္သင့္ပါတယ္။ အဖြဲ႕သားေတြလုပ္ႏိုင္တဲ့အပိုင္းေတြကို ကိုယ္ကမလုပ္ဘဲနည္းဗ်ဴဟာနဲ႔ Plan ေတြအေပၚပိုၿပီးအာ႐ုံစိုက္သင့္ပါတယ္။ ဒီလိုအက်င့္ကိုေျပာင္းလဲလိုက္တာနဲ႔ႀကီးမားတဲ့ျခားနားမႈေတြျဖစ္လာႏိုင္ပါတယ္။
-ေနာက္တစ္ခ်က္ကေတာ့ တဆင့္ခုန္ၿပီးစြန႔္စားဖို႔ျဖစ္ပါတယ္။ျမင္သာထင္သာရွိတဲ့ပေရာဂ်က္အႀကီးႀကီးေတြကိုလုပ္ေဆာင္ၾကည့္ပါ။ ကိုယ့္ကိုယ္ကိုယ္အဆင္သင့္မျဖစ္ေသးဘူးလို႔ထင္တဲ့ပေရာဂ်က္ကိုလည္း ဦးေဆာင္လုပ္ကိုင္ၾကည့္ပါ။စြန႔္စားမႈျဖစ္တဲ့အျပင္ စိန္ေခၚမႈေတြ၊ စိတ္ဖိစီးမႈေတြလည္းႀကဳံရမွာေသခ်ာပါတယ္။တစ္ခုခုကိုအဆင္သင့္ျဖစ္ဖို႔ေစာင့္ဆိုင္းေနတာက အခ်ိန္ပိုၾကာၿပီးေနာက္တဆင့္တက္ဖို႔အတားအဆီးျဖစ္ေနတတ္ပါတယ္။ ဒီအတားအဆီးကို စြမ္းေဆာင္ၾကည့္ျခင္း၊စြမ္းေဆာင္ႏိုင္ျခင္းေတြနဲ႔ျဖတ္ေက်ာ္လိုက္မယ္ဆိုရင္ ျမန္ျမန္ဆန္ဆန္အျမင့္ကို တက္သြားႏိုင္ပါတယ္။လုပ္ငန္းခြင္အတြင္းမွာ နာမည္ေကာင္းနဲ႔ေက်ာ္ၾကားႏိုင္ဖို႔ႀကိဳးစားတာဟာ ဘာမွမွားယြင္းမေနပါဘူး။သြက္လက္ထက္ျမက္သူေတြဟာ အခြင့္အလမ္းေကာင္းေတြနဲ႔ဘဝတိုးတက္ျမင့္မားႏိုင္ေရးကိုအၿမဲတမ္းအာ႐ုံစိုက္ေနသူေတြမို႔ပါပဲ။
Ju Ju
Leave a Reply