ကိုယ့်မှာအလုပ်တာဝန်တွေများပြားပြီး Limit ကျော်နေတာတောင် အလုပ်တွေထပ်ခိုင်းချင်နေတဲ့ အထက်လူကြီးတွေနဲ့ ကြုံဖူးကြမှာပါ။
အလုပ်တစ်ခုမှာ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို ကျော်သွားတဲ့အခါ စိတ်ပင်ပန်းတာ စိတ်ဖိစီးတာ စိုးရိမ်တာတွေကြုံလာရမှာသဘာဝပါ။အထူးသ ဖြင့်အမျိုးသမီးတွေဆီမှာအလုပ်တာဝန်ပိုပိလေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေဟာ ရုံးအလုပ်အပြင် အိမ်အလုပ်တွေပါရှိနေသေးတာမို့ ပင်ပန်းတဲ့ဒဏ်ကိုပိုခံရပါတယ်။ ဒါကို မန်နေဂျာက အလုပ်တွေထပ်ထပ်ခိုင်းတဲ့အခါ ပိုပြီးစိတ်ဖိစီးမှုခံစားရပါတယ်။
ဒါ့ကြောင့်အလုပ်မှာအကန့်အသတ်ဘောင်လေးတွေဘယ်လိုထားမလဲ၊ ခိုင်းကောင်းလို့ ခိုင်းခံနေရတာမျိုးမဖြစ်ရအောင် ဘယ်လိုလုပ်သင့်လဲဆိုတာကို ပညာရှင်တွေရဲ့လမ်းညွှန်မှုလေးတွေကနေ သိရှိနိုင်ပါတယ်။အလုပ်တာဝန်ကျေပွန်ပြီး အပိုဖိအားတွေကြောင့်ပင်ပန်းရတာမျိုးမဖြစ်ရအောင် ပထမဆုံးလုပ်သင့်တာက Mindset ပြောင်းဖို့ပါ။ ကိုယ့်ဘောင်နဲ့ကိုယ်ကန့်သတ်ထားပြီး ခိုင်းတိုင်းမလုပ်ပေးတာက တစ်ကိုယ်ကောင်းဆန်တာမဟုတ်ပါဘူး။ ကိုယ့်တာဝန်ကိုယ်သိတာ၊ ကိုယ့်ကိုယ်ကိုယ်လေးစားမှုရှိတာ၊ ကိုယ့်အခွင့်အရေးနဲ့ တာဝန်ကိုကောင်းကောင်း သိနားလည်တာပဲဖြစ်ပါတယ်။
ကိုယ်ပိုင်ဘဝကိုဂရုစိုက်သူ၊ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်သူက အလုပ်ချိန်နဲ့ အလုပ်ရဲ့ဝန်ကိုလည်းဂရုစိုက်ကြပါတယ်။ အလုပ်ဖိအားများတာက ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေပြီး နောက်ဆုံးမှာအရာရာကိုလွှတ်ချပစ်ချင်စိတ်ပေါက်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်မနိုင်တဲ့တာဝန်တွေကို မထမ်းတာကောင်းပါတယ်။ကိုယ့်အနေနဲ့ စည်းဘောင်လေးတွေ၊ ကန့်သတ်ချက်လေးတွေရှိတယ်ဆိုရင် အ လုပ်စဝင်ကတည်းက ဒါတွေကိုဖော်ပြဖို့လိုပါတယ်။ ဥပမာ – “ည ၈ နာရီမှာတော့ ကျွန်မအီးမေးလ်မစစ်နိုင်ပါဘူး။ Reply မပြန်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးကိုအချိန်ပေးရလို့ပါ၊ ဒါမှမဟုတ် သင်တန်းရှိလို့ပါ” စသဖြင့် ပြောလို့ရပါတယ်။ ဒီလိုအစကတည်းက ပြောပြထားတယ်ဆိုရင် ခိုင်းမယ့်သူအတွက်ရောကိုယ့်အတွက်ရော နှစ်ဖက်စလုံးမှာ ပြဿနာဖြစ်နိုင်ချေနည်းသွားပါတယ်။
ငြင်းဆိုတတ်ဖို့ကိုလည်းလေ့ကျင့်ရပါမယ်။ အစရှိအနောင်နောင်ဖြစ်လာနိုင်တဲ့ ကိစ္စမျိုးလား၊ ဒါမှမဟုတ် လတ်တလောအတွက်ပဲတကယ်အရေးပေါ်လို့ခိုင်းတာလားဆိုတာကို ခွဲခြားပြီးငြင်းသင့်ရင်ငြင်းပစ်လိုက်ပါ။
“မရဘူး၊ မအားဘူး၊ကျွန်တော့်အလုပ်မဟုတ်ဘူးလေ”ဆိုတဲ့တုံးတိတိစကားလုံးတွေကို သုံးတာထက်အကြောင်းပြချက်လေးတွေပေးတာက ပိုအဆင်ပြေပါတယ်။
“ကျွန်တော် လာချင်ပါတယ်။ ဒါပေမဲ့ သမီးလေးမွေးနေ့ရှိလို့ပါ၊”
“ကျွန်တော်တခြား Appointment လုပ်ထားမိလို့ပါ၊ ဘယ်အချိန်ထပ်ကူညီလို့ရမလဲ ပြောပေးပါလား”
“ကျွန်တော်လုပ်ပေးချင်ပါတယ်၊ မန်နေဂျာက တခြားအလုပ်သစ်နှစ်ခုခိုင်းထားလို့ပါ”ဆိုတာမျိုးတွေပြောဆိုနိုင်ပါတယ်။
လုပ်ငန်းခွင်အတွင်းမှာ အခုလိုစည်းဘောင်လေးတွေသတ်မှတ်တာ၊ မတတ်နိုင်တဲ့ကိစ္စတွေကို ငြင်းဆန်တာက ဖြစ်သင့်တဲ့အရာဖြစ်ပါတယ်။ ဒါက ရေရှည်အတွက်လည်းကောင်းပါတယ်။ဒီလို စည်းဘောင်မသတ်မှတ်ထားချင်ဘူးဆိုရင်တော့ မင်းရဲ့ခွန်အားတွေဆုံးရှုံးရမှာပါ၊ ကန့်သတ်ချက်စည်းဘောင်ထားတယ်ဆိုတာက တခြားသူတွေ မင်းကိုဘယ်လိုဆက်ဆံရမလဲဆိုတာ သင်ကြားပေးလိုက်ခြင်းပဲဖြစ်ပါတယ်။
Ju Ju
zawgyi
ကိုယ့္မွာအလုပ္တာဝန္ေတြမ်ားျပားၿပီး Limit ေက်ာ္ေနတာေတာင္ အလုပ္ေတြထပ္ခိုင္းခ်င္ေနတဲ့ အထက္လူႀကီးေတြနဲ႔ ႀကဳံဖူးၾကမွာပါ။
အလုပ္တစ္ခုမွာ ကိုယ့္ရဲ႕လုပ္ႏိုင္စြမ္းကို ေက်ာ္သြားတဲ့အခါ စိတ္ပင္ပန္းတာ စိတ္ဖိစီးတာ စိုးရိမ္တာေတြႀကဳံလာရမွာသဘာဝပါ။အထူးသ ျဖင့္အမ်ိဳးသမီးေတြဆီမွာအလုပ္တာဝန္ပိုပိေလ့ရွိၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အမ်ိဳးသမီးေတြဟာ ႐ုံးအလုပ္အျပင္ အိမ္အလုပ္ေတြပါရွိေနေသးတာမို႔ ပင္ပန္းတဲ့ဒဏ္ကိုပိုခံရပါတယ္။ ဒါကို မန္ေနဂ်ာက အလုပ္ေတြထပ္ထပ္ခိုင္းတဲ့အခါ ပိုၿပီးစိတ္ဖိစီးမႈခံစားရပါတယ္။
ဒါ့ေၾကာင့္အလုပ္မွာအကန႔္အသတ္ေဘာင္ေလးေတြဘယ္လိုထားမလဲ၊ ခိုင္းေကာင္းလို႔ ခိုင္းခံေနရတာမ်ိဳးမျဖစ္ရေအာင္ ဘယ္လိုလုပ္သင့္လဲဆိုတာကို ပညာရွင္ေတြရဲ႕လမ္းၫႊန္မႈေလးေတြကေန သိရွိႏိုင္ပါတယ္။အလုပ္တာဝန္ေက်ပြန္ၿပီး အပိုဖိအားေတြေၾကာင့္ပင္ပန္းရတာမ်ိဳးမျဖစ္ရေအာင္ ပထမဆုံးလုပ္သင့္တာက Mindset ေျပာင္းဖို႔ပါ။ ကိုယ့္ေဘာင္နဲ႔ကိုယ္ကန႔္သတ္ထားၿပီး ခိုင္းတိုင္းမလုပ္ေပးတာက တစ္ကိုယ္ေကာင္းဆန္တာမဟုတ္ပါဘူး။ ကိုယ့္တာဝန္ကိုယ္သိတာ၊ ကိုယ့္ကိုယ္ကိုယ္ေလးစားမႈရွိတာ၊ ကိုယ့္အခြင့္အေရးနဲ႔ တာဝန္ကိုေကာင္းေကာင္း သိနားလည္တာပဲျဖစ္ပါတယ္။
ကိုယ္ပိုင္ဘဝကိုဂ႐ုစိုက္သူ၊ ကိုယ့္က်န္းမာေရးကို ဂ႐ုစိုက္သူက အလုပ္ခ်ိန္နဲ႔ အလုပ္ရဲ႕ဝန္ကိုလည္းဂ႐ုစိုက္ၾကပါတယ္။ အလုပ္ဖိအားမ်ားတာက က်န္းမာေရးကို အႀကီးအက်ယ္ထိခိုက္ေစၿပီး ေနာက္ဆုံးမွာအရာရာကိုလႊတ္ခ်ပစ္ခ်င္စိတ္ေပါက္သြားေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္မႏိုင္တဲ့တာဝန္ေတြကို မထမ္းတာေကာင္းပါတယ္။ကိုယ့္အေနနဲ႔ စည္းေဘာင္ေလးေတြ၊ ကန႔္သတ္ခ်က္ေလးေတြရွိတယ္ဆိုရင္ အ လုပ္စဝင္ကတည္းက ဒါေတြကိုေဖာ္ျပဖို႔လိုပါတယ္။ ဥပမာ – “ည ၈ နာရီမွာေတာ့ ကြၽန္မအီးေမးလ္မစစ္ႏိုင္ပါဘူး။ Reply မျပန္ေတာ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကေလးကိုအခ်ိန္ေပးရလို႔ပါ၊ ဒါမွမဟုတ္ သင္တန္းရွိလို႔ပါ” စသျဖင့္ ေျပာလို႔ရပါတယ္။ ဒီလိုအစကတည္းက ေျပာျပထားတယ္ဆိုရင္ ခိုင္းမယ့္သူအတြက္ေရာကိုယ့္အတြက္ေရာ ႏွစ္ဖက္စလုံးမွာ ျပႆနာျဖစ္ႏိုင္ေခ်နည္းသြားပါတယ္။
ျငင္းဆိုတတ္ဖို႔ကိုလည္းေလ့က်င့္ရပါမယ္။ အစရွိအေနာင္ေနာင္ျဖစ္လာႏိုင္တဲ့ ကိစၥမ်ိဳးလား၊ ဒါမွမဟုတ္ လတ္တေလာအတြက္ပဲတကယ္အေရးေပၚလို႔ခိုင္းတာလားဆိုတာကို ခြဲျခားၿပီးျငင္းသင့္ရင္ျငင္းပစ္လိုက္ပါ။
“မရဘူး၊ မအားဘူး၊ကြၽန္ေတာ့္အလုပ္မဟုတ္ဘူးေလ”ဆိုတဲ့တုံးတိတိစကားလုံးေတြကို သုံးတာထက္အေၾကာင္းျပခ်က္ေလးေတြေပးတာက ပိုအဆင္ေျပပါတယ္။
“ကြၽန္ေတာ္ လာခ်င္ပါတယ္။ ဒါေပမဲ့ သမီးေလးေမြးေန႔ရွိလို႔ပါ၊”
“ကြၽန္ေတာ္တျခား Appointment လုပ္ထားမိလို႔ပါ၊ ဘယ္အခ်ိန္ထပ္ကူညီလို႔ရမလဲ ေျပာေပးပါလား”
“ကြၽန္ေတာ္လုပ္ေပးခ်င္ပါတယ္၊ မန္ေနဂ်ာက တျခားအလုပ္သစ္ႏွစ္ခုခိုင္းထားလို႔ပါ”ဆိုတာမ်ိဳးေတြေျပာဆိုႏိုင္ပါတယ္။
လုပ္ငန္းခြင္အတြင္းမွာ အခုလိုစည္းေဘာင္ေလးေတြသတ္မွတ္တာ၊ မတတ္ႏိုင္တဲ့ကိစၥေတြကို ျငင္းဆန္တာက ျဖစ္သင့္တဲ့အရာျဖစ္ပါတယ္။ ဒါက ေရရွည္အတြက္လည္းေကာင္းပါတယ္။ဒီလို စည္းေဘာင္မသတ္မွတ္ထားခ်င္ဘူးဆိုရင္ေတာ့ မင္းရဲ႕ခြန္အားေတြဆုံးရႈံးရမွာပါ၊ ကန႔္သတ္ခ်က္စည္းေဘာင္ထားတယ္ဆိုတာက တျခားသူေတြ မင္းကိုဘယ္လိုဆက္ဆံရမလဲဆိုတာ သင္ၾကားေပးလိုက္ျခင္းပဲျဖစ္ပါတယ္။
Ju Ju
Leave a Reply