Nang Nak ဇာတ်ကားထဲကသရုပ်ဆောင်မင်းသား Winai ကွယ်လွန်

နာမည်ကြီးသရဲကားဖြစ်တဲ့ Nang Nak ရဲ့သရုပ်ဆောင်မင်းသား Winai Kraibutr ဟာ မတ်လ 20 ရက်နေ့မှာ ဗန်ကောက်ကနေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီလို့သိရပါတယ်။သူပါဝင်သရုပ်ဆောင်ထားတဲ့ Nang Nak နဲ့ Bang Rajan ရုပ်ရှင်တွေဟာ စံချိန်တင်ဝင်ငွေရရှိခဲ့တဲ့
နာမည်ကြီးဇာတ်ကားတွေဖြစ်ပါတယ်။ Nang Nak ရုပ်ရှင်မှာ သူဟာ ပီးမက်အဖြစ်ပါဝင်ခဲ့ပြီး The Angels 2 နဲ့ ထူးချွန်ဆုတွေပိုင်ဆိုင်နိုင်ခဲ့တဲ့သရုပ်ဆောင်တစ်ယောက်ပါ။

Winai Kraibutr ဟာ Bullous Pemphigoid လို့ခေါ်တဲ့အရေပြားရောဂါကိုခံစားနေရတာ 5 နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီရောဂါကြောင့်ကိုယ်အလေးချိန် သိသိသာသာလျော့ကျသွားပြီးအနုပညာလုပ်တွေ ရပ်နားခဲ့ရတယ်လို့ဆိုပါတယ်။သူ့ရဲ့အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲမှာ Nang Nak ၊ Bang Rajan Krai Thong ၊ Kuon puos keng kang ၊ Immortal Enemy ၊ Plon naya ၊ Queens of langkasuka နဲ့ Yamada: The Samuri of Ayothaya စတဲ့ဇာတ်ကားတွေလည်းပါဝင်ပါတယ်။သူဟာကွယ်လွန်ချိန်မှာ အသက် 54 နှစ်ရှိပြီဖြစ်ပါတယ်။

Ju Ju

zawgyi

နာမည္ႀကီးသရဲကားျဖစ္တဲ့ Nang Nak ရဲ႕သ႐ုပ္ေဆာင္မင္းသား Winai Kraibutr ဟာ မတ္လ 20 ရက္ေန႔မွာ ဗန္ေကာက္ကေနအိမ္မွာ ကြယ္လြန္သြားခဲ့ၿပီလို႔သိရပါတယ္။သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Nang Nak နဲ႔ Bang Rajan ႐ုပ္ရွင္ေတြဟာ စံခ်ိန္တင္ဝင္ေငြရရွိခဲ့တဲ့
နာမည္ႀကီးဇာတ္ကားေတြျဖစ္ပါတယ္။ Nang Nak ႐ုပ္ရွင္မွာ သူဟာ ပီးမက္အျဖစ္ပါဝင္ခဲ့ၿပီး The Angels 2 နဲ႔ ထူးခြၽန္ဆုေတြပိုင္ဆိုင္ႏိုင္ခဲ့တဲ့သ႐ုပ္ေဆာင္တစ္ေယာက္ပါ။

Winai Kraibutr ဟာ Bullous Pemphigoid လို႔ေခၚတဲ့အေရျပားေရာဂါကိုခံစားေနရတာ 5 ႏွစ္ရွိၿပီျဖစ္တယ္လို႔ သိရပါတယ္။ ဒီေရာဂါေၾကာင့္ကိုယ္အေလးခ်ိန္ သိသိသာသာေလ်ာ့က်သြားၿပီးအႏုပညာလုပ္ေတြ ရပ္နားခဲ့ရတယ္လို႔ဆိုပါတယ္။သူ႔ရဲ႕ေအာင္ျမင္ခဲ့တဲ့ဇာတ္ကားေတြထဲမွာ Nang Nak ၊ Bang Rajan Krai Thong ၊ Kuon puos keng kang ၊ Immortal Enemy ၊ Plon naya ၊ Queens of langkasuka နဲ႔ Yamada: The Samuri of Ayothaya စတဲ့ဇာတ္ကားေတြလည္းပါဝင္ပါတယ္။သူဟာကြယ္လြန္ခ်ိန္မွာ အသက္ 54 ႏွစ္ရွိၿပီျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*