မင်းသမီး ဟန်ဆိုဟီးအနေနဲ့သူနဲ့ မင်းသား Ryu Joon Yeol ရဲ့အချစ်ရေးအပေါ်အတည်ပြုလိုက်ပြီး Ryu Joon Yeol ရဲ့ချစ်သူဟောင်း Hyeri အပေါ်တောင်းပန်ကြောင်းရေးသားခဲ့တဲ့အပေါ်ကိုရီးယားနိုင်ငံကပရိသတ်တွေရော၊ နိုင်ငံတကာကပရိသတ်တွေကပါ စိတ်ဝင်တစားရှိခဲ့ကြပါတယ်။“လူတွေကမင်းကို Transit Love လို့ပြောကြတဲ့အပေါ်မင်းတုံ့ပြန်ဖြေရှင်းသင့်တယ်ဆိုတာနားလည်ပါတယ်။ ဒါပေမဲ့ခုက ဖြေရှင်းပုံလွဲနေတယ်။ခုနည်းလမ်းအတိုင်းမင်းသုံးနေရင်တော့ လူတွေကမင်းကိုထပ်ဝေဖန်ကြမှာပဲ။ ဒီကိစ္စပြီးရင်တော့မင်းဒီ့ထက်ပိုရင့်ကျက်လာဖို့မျှော်လင့်တယ်” လို့ရေးသားတဲ့အပေါ် ဟန်ဆိုဟီးက “ဟုတ်ပါတယ်။
ဒီတစ်ခေါက်ကိစ္စမှာ ကျွန်မမရင့်ကျက်သူလိုတုံ့ပြန်မိပါတယ်။ လက်ရှိအချစ်ရေးအပေါ်အပြုသဘောမဆောင်တဲ့မှတ်ချက်နဲ့ အသုံးအနှုန်းတွေဖြစ်လာတော့မယ်လို့ထင်မိတဲ့အတွက် ကျွန်မ Negative ဘက်ပိုပြီးပြောမိသွားတယ်” လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ဒီအဖြစ်ကသူမရဲ့ Image ကျစေတယ်လို့ရေးသားလာတဲ့အပေါ်သူမက “ငါ့ရဲ့ပုံရိပ်ကပရိသတ်တွေတည်ဆောက်ပေးထားတယ်ဆိုတာကိုသိပါတယ်။ ငါစိတ်မကောင်းပေမယ့်လည်းဒီအဖြစ်ကြောင့် မင်းတို့ကိုစိတ်ပျက်စေခဲ့တယ်၊ ပုံရိပ်ကိုထိခိုက်စေတယ်ဆိုရင်ငါနှိမ့်ချပြီးလက်ခံပါတယ်”ဆိုပြီး တုံ့ပြန်ခဲ့တာကိုတွေ့ရပါတယ်။ဒါအပြင် သူမကို “ဟန်ဆိုဟီးအတွက် စိတ်မကောင်းလိုက်တာ” “ဖုန်းကိုပိတ်ပြီး Comment မကြည့်တာကောင်းမယ်” “သူမကိုကြည့်ရတာ ရိုးသားပြီးထိခိုက်လွယ်တဲ့ပုံ၊သူမအများကြီးစိတ်မထိခိုက်ပါစေနဲ့” “Ryu Joon Yeol ကဘာလုပ်နေတာလဲ၊အခုသူမကိုကာကွယ်ပေးရမယ်လေ” “သူမအေဂျင်စီကရောဘာလုပ်နေလဲ” ဆိုတဲ့မှတ်ချက်တွေရေးသားလာကြတာတွေ့ရပါတယ်။
Ju Ju
zawgyi
မင္းသမီး ဟန္ဆိုဟီးအေနနဲ႔သူနဲ႔ မင္းသား Ryu Joon Yeol ရဲ႕အခ်စ္ေရးအေပၚအတည္ျပဳလိုက္ၿပီး Ryu Joon Yeol ရဲ႕ခ်စ္သူေဟာင္း Hyeri အေပၚေတာင္းပန္ေၾကာင္းေရးသားခဲ့တဲ့အေပၚကိုရီးယားႏိုင္ငံကပရိသတ္ေတြေရာ၊ ႏိုင္ငံတကာကပရိသတ္ေတြကပါ စိတ္ဝင္တစားရွိခဲ့ၾကပါတယ္။“လူေတြကမင္းကို Transit Love လို႔ေျပာၾကတဲ့အေပၚမင္းတုံ႔ျပန္ေျဖရွင္းသင့္တယ္ဆိုတာနားလည္ပါတယ္။ ဒါေပမဲ့ခုက ေျဖရွင္းပုံလြဲေနတယ္။ခုနည္းလမ္းအတိုင္းမင္းသုံးေနရင္ေတာ့ လူေတြကမင္းကိုထပ္ေဝဖန္ၾကမွာပဲ။ ဒီကိစၥၿပီးရင္ေတာ့မင္းဒီ့ထက္ပိုရင့္က်က္လာဖို႔ေမွ်ာ္လင့္တယ္” လို႔ေရးသားတဲ့အေပၚ ဟန္ဆိုဟီးက “ဟုတ္ပါတယ္။
ဒီတစ္ေခါက္ကိစၥမွာ ကြၽန္မမရင့္က်က္သူလိုတုံ႔ျပန္မိပါတယ္။ လက္ရွိအခ်စ္ေရးအေပၚအျပဳသေဘာမေဆာင္တဲ့မွတ္ခ်က္နဲ႔ အသုံးအႏႈန္းေတြျဖစ္လာေတာ့မယ္လို႔ထင္မိတဲ့အတြက္ ကြၽန္မ Negative ဘက္ပိုၿပီးေျပာမိသြားတယ္” လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။ဒီအျဖစ္ကသူမရဲ႕ Image က်ေစတယ္လို႔ေရးသားလာတဲ့အေပၚသူမက “ငါ့ရဲ႕ပုံရိပ္ကပရိသတ္ေတြတည္ေဆာက္ေပးထားတယ္ဆိုတာကိုသိပါတယ္။ ငါစိတ္မေကာင္းေပမယ့္လည္းဒီအျဖစ္ေၾကာင့္ မင္းတို႔ကိုစိတ္ပ်က္ေစခဲ့တယ္၊ ပုံရိပ္ကိုထိခိုက္ေစတယ္ဆိုရင္ငါႏွိမ့္ခ်ၿပီးလက္ခံပါတယ္”ဆိုၿပီး တုံ႔ျပန္ခဲ့တာကိုေတြ႕ရပါတယ္။ဒါအျပင္ သူမကို “ဟန္ဆိုဟီးအတြက္ စိတ္မေကာင္းလိုက္တာ” “ဖုန္းကိုပိတ္ၿပီး Comment မၾကည့္တာေကာင္းမယ္” “သူမကိုၾကည့္ရတာ ႐ိုးသားၿပီးထိခိုက္လြယ္တဲ့ပုံ၊သူမအမ်ားႀကီးစိတ္မထိခိုက္ပါေစနဲ႔” “Ryu Joon Yeol ကဘာလုပ္ေနတာလဲ၊အခုသူမကိုကာကြယ္ေပးရမယ္ေလ” “သူမေအဂ်င္စီကေရာဘာလုပ္ေနလဲ” ဆိုတဲ့မွတ္ခ်က္ေတြေရးသားလာၾကတာေတြ႕ရပါတယ္။
Ju Ju
Leave a Reply