Twice က Chaeyoung နဲ့ အဆိုတော် Zion.T တို့ရဲ့ Dating သတင်းထွက်ပေါ်

ဒီနေ့မှာတော့ အနုပညာရှင်စုံတွဲတစ်တွဲကို ကိုရီးယားမီဒီယာတွေကနေ ထုတ်ဖော်လာပါတယ်။ Twice အဖွဲ့က Chaeyoung နဲ့ အဆိုရှင် Zion တို့ဟာ ချိန်းတွေ့နေပြီလို့ SWAY မီဒီယာကနေဖော်ပြခဲ့တာပါ။ သူတို့နှစ်ဦးဟာကြားခံမိတ်ဆွေတွေကတဆင့် ခင်မင်ခဲ့ကြပြီးသိပ်မ ကြာခင်မှာပဲချိန်းတွေ့ခဲ့ကြတာဖြစ်တယ်လို့ ရေးသားထားပါတယ်။ရည်းစားမဖြစ်ခင်ကလည်း သူတို့ဟာ စီနီယာ၊ဂျူနီယာလုပ်ဖော် ကိုင်ဖက်တွေဖြစ်ကြပြီးသူတို့ရဲ့အချစ်ရေးကို မိတ်ဆွေတွေကတော့သတိထားမိကြပြီးဖြစ်တယ်လို့ဆိုပါတယ်။ရည်းစားတွေအဖြစ်တွဲလာခဲ့တာ ၆ လခန့်ရှိပြီလို့ သတင်း‌ထွက်ပေါ်လာခဲ့တာပါ။

Chaeyoung ဟာ ၂၀၁၅ ခုနစ်မှာ Twice အဖွဲ့ဝင်တစ်ဦးအဖြစ်ပွဲဦးထွက်ခဲ့ပြီး ပရိသတ်အားပေးမှုများစွာရရှိထားသူဖြစ်ပါတယ်။ နာမည် ကြီး Brand တွေရဲ့ Brand Ambassador အဖြစ်လည်းလုပ်ကိုင်နေရသူပါ။ Zion.T ကတော့၂၀၁၁ ခုနစ်မှာ သူ့ရဲ့ Single Album ဖြစ်တဲ့ Click Me နဲ့ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့နာမည်ကြီးသီချင်းတွေကတော့ Yanghwa BRDG ၊ Eat နဲ့ The Song ဆိုတဲ့သီချင်းတွေဖြစ်ပါတယ်။ ကိုရီးယားအဆိုတော်တွေကြားမှာတော့ သူ့ရဲ့ထူးခြားတဲ့အသံကနာမည်ကြီးပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*