ဂျနီဖာလိုပက်ဇ်ရဲ့ Show ထင်သလောက်လက်မှတ်မရောင်းရ

ဂျနီဖာလိုပက်ဇ်ဟာ လတ်တလောမှာ သူ့ရဲ့ This is Me …. Now The Tour ရဲ့လက်မှတ်တွေကိုစတင်ရောင်းချနေပြီး လက်မှတ်‌တွေဟာမှန်းထားသလောက်မရောင်းရဘူးလို့သတင်းတွေမှာဖော်ပြကြပါတယ်။ဒါ့ကြောင့်လည်း သူ့ရဲ့ Show နာမည်ကို This is Me….Live | The Greatest Hits လို့ပြောင်းလဲခဲ့ပြီး 2014 ခုနစ်မှစပြီး လက်ရှိအချိန်ထိအအောင်မြင်ခဲ့ဆုံးသီချင်းတွေကို ဖျော်ဖြေမှာဖြစ်ပါတယ်။

ဒီနာမည်ကို Website မှာပြောင်းလဲထားတာမျိုးမတွေ့ရဘဲ Boost ထားတဲ့ Facebook Ads တွေမှာတော့နာမည်ပြောင်းထားတာတွေ့ရပါတယ်။သူမဟာ Nashville ၊ Raleigh ၊ Atlanta ၊ Tampa ၊ New Orleans ၊ Cleveland ၊ Houston တွေမှာပြုလုပ်မယ့် Tour Date တွေကို ဖျက်သိမ်းလိုက်တာတွေ့ရပါတယ်။ဂျေလိုရဲ့ Show ပေါင်း ၃၀ ဟာ လက်မှတ်ရောင်းမထွက်ဘဲကျန်နေသေးတာဖြစ်ပါတယ်။
This is Me Live| The Greatest Hits ဟာ ၅ နှစ်အကြာမှပြုလုပ်တဲ့ ဂျေလိုရဲ့ပထမဆုံး World Tour ဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*