အလုပ်ရှင်က သင့်ဆီကိုလာဖို့ လုပ်ရမယ့်အဆင့် (၃)ဆင့်

Businessman with binoculars. Job search concept background.

ကိုယ်ကအလုပ်ကိုရှာနေတာပဲမဟုတ်ဘဲ အလုပ်က ကိုယ့်ကိုလာရှာအောင်ကြိုးစားကြည့်ဖူးရဲ့လား။ ဒီအချက်တွေကတော့ သင့်ကိုအလုပ် ရှင်ကလွယ်လွယ်ကူကူတွေ့နိုင်ပြီး၊ သတိထားမိနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်အလုပ်ရှင်က ကိုယ့်ကိုချဉ်းကပ်လာပြီး အလုပ်ကမ်းလှမ်းတာမျိုး၊ အင်တာဗျူးဖြေဖို့ချိတ်ဆက်လာတာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် ရိုးရိုးရှင်းရှင်းပဲကိုယ်ကအလုပ်ကိုရှာနေတာအစား အလုပ်က ကိုယ့်ကိုအလွယ်တကူရှာဖွေတွေ့နိုင်အောင်ဒီအချက်လေးလုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

LinkedIn

သင်ကအလုပ်ရှာဖွေနေတယ်ဆိုရင် LinkedIn အကောင့်ရှိထားရဲ့လား။ဒီအကောင့်မရှိသေးဘူးဆိုရင်တော့ သင်က ဒစ်ဂျစ်တယ်ခေတ်မှာ
ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို အလုပ်ရှာဖွေဖို့ အသုံးမပြုဘူးဆိုတာ သိသာစေပါတယ်။တကယ်တော့ LinkedIn က အလုပ်ရှာဖွေရာမှာအများအားဖြင့် အသုံးပြုတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတခုဖြစ်ပါတယ်။ တော်တော်များများက အလုပ်တွေကိုခေါ်တာပဲဖြစ်ဖြစ်၊
ဝန်ထမ်းရှာတာပဲဖြစ်ဖြစ် LinkedIn ကနေကြည့်ပြီး ချိတ်ဆက်လာကြပါတယ်။ကုမ္ပဏီအသီးသီးက HR တာဝန်ရှိသူတွေလည်း သုံးကြတာကြောင့်ဒီအကောင့်ကိုလုပ်ထားသင့်ပါတယ်။ လုပ်တဲ့အခါမှာလည်း သေသေသပ်သပ်နဲ့ Professional Profile တခုဖြစ်အောင်ရယ်၊ ပရော်ဖက်ရှင်နယ် resume တခုဖြစ်အောင်ရယ်သေသေချာချာအချိန်ယူပြီးလုပ်ဖို့ အကြံပြုချင်ပါတယ်။ ကိုယ်ကျွမ်းကျင်တဲ့အရာ၊ကိုယ့် ရဲ့အလုပ်အတွေ့အကြုံ(ရှိရင်)၊ ကိုယ့်ရဲ့ပညာအရည်အချင်းနဲ့ကျွမ်းကျင်တဲ့ဘာသာစကားတွေကိုလည်းသေသေချာချာဖြည့်စွက်ပါ။ အဲဒီမှာ
ကိုယ်ကအလုပ်တခုကို ချက်ခြင်းလိုတယ်ဆိုရင်လည်း ဖြည့်ရမယ့်နေရာရှိပါတယ်။ ဒါမှမဟုတ်ချက်ခြင်းလိုတာမဟုတ်သေးဘဲ လော လောဆယ် လက်ရှိအလုပ်လုပ်နေသေးတယ်ဆိုရင်လည်းအဲဒီအကြောင်းကို သေသေချာချာဖြည့်စွက်ပါ။ ပြည့်စုံတဲ့ ပရိုဖိုင်းတခုကသင့် ကိုအလုပ်ရှင်ရှာတွေ့ဖို့ အကူအညီပေးပါလိမ့်မယ်။ မပြည့်စုံတဲ့ ပရိုဖိုင်းတခုကတော့အလုပ်ရှင်သင့်ကိုရှာတွေ့နိုင်ဖို့ အခွင့်အရေးနည်းပါးပါလိမ့်မယ်။

လက်ရှိမှာအလုပ်တခုခုရှိနေပါစေ

ကံမကောင်းတာက အလုပ်ရှင်တော်တော်များများက လက်ရှိလုပ်ငန်းခွင်ဝင်နေသူတွေကိုအလုပ်ခန့်ချင်ကြပါတယ်။ အလုပ်အတွေ့အကြုံ ၊ အလုပ်အတွေ့အကြုံဆိုတာမျိုးကအလုပ်ခေါ်စာတိုင်းမှာ မပါမဝင်ပါဝင်လာကြပါတယ်။ ဒါပေမဲ့ ဒီနေရာမှာအလုပ်အတွေ့အကြုံရင် အလုပ်မလျှောက်ကြည့်ရတော့ဘူးလားဆိုတာ မေးခွန်းထုတ်စရာပါ။ဟုတ်ပါတယ်။ အလုပ်အတွေ့အကြုံမရှိတဲ့သူတွေအဖို့ ဒီနေရာမှာ
စိတ်ပျက်အားငယ်မိမှာအမှန်ပါပဲ။ ဒါပေမဲ့ စိတ်ဓာတ်မကျစေချင်ပါဘူး။ ကိုယ်ကအလုပ်အတွေ့အကြုံမရှိလို့စိတ်ပျက်နေမယ့်အစား ကိုယ့်ရဲ့ကျွမ်းကျင်မှုကို အသုံးချနိုင်မယ့် Volunteer အလုပ်တွေကို ဝင်ပြီးလုပ်စေချင်ပါတယ်။ အဲဒီကတဆင့် အချိတ်အဆက်တွေလည်း
ရနိုင်တာကြောင့်ရယ် နောက်တခုက အလုပ်အတွေ့အကြုံမရှိဘူးဆိုတဲ့အချက်ကိုလည်းချေဖျက်နိုင်ပါလိမ့်မယ်။ဆွေးနွေးပွဲတွေ၊ စကားဝိုင်းတွေမှာပါဝင်ပါဖြစ်နိုင်မယ်ဆိုရင် ကိုယ်က အများပြည်သူရှေ့မှာစကားပြောဝါသနာပါတဲ့သူတယောက်ဆိုရင်ကိုယ့်ရဲ့အရည်အချင်းတွေ၊ စိတ်ကူးစိတ်သန်းတွေကို ဒီလိုစကားဝိုင်းတွေ၊ ဆွေးနွေးပွဲတွေကတင့်ကုမ္ပဏီအဖွဲ့အစည်းတွေ၊ အလုပ်ရှင်တွေသတိထားမိအောင် လုပ်ဆောင်လို့ရပါတယ်။ဒီအဆင့်ကတော့ ကိုယ်က ပရော်ဖက်ရှင်နယ်တဦးအဖြစ်ရပ်တည်နေနိုင်ပြီး လုပ်ငန်းခွင်မှာအတွေ့အကြုံများစွာရှိတဲ့သူတွေအတွက်တော့ ပိုကိုက်ညီပါတယ်။ နောက်တချက်ကကိုယ်ပိုင်ဝက်ဘ်ဆိုက်ဖြစ်စေ၊ ဘလော့ဂ်တခုဖြစ်စေ လုပ်ပြီးကိုယ့်ရဲ့ပရော်ဖက်ရှင်နယ်အကြောင်းကို မျှဝေရေးသားတာမျိုးပါ။ ဒီအချက်ကလည်းအလုပ်ရှင်တွေရဲ့ အာရုံစိုက်မှုကိုရရှိစေနိုင်တဲ့အချက်တခုဖြစ်ပါတယ်။

MYit

zawgyi

ကိုယ္ကအလုပ္ကိုရွာေနတာပဲမဟုတ္ဘဲ အလုပ္က ကိုယ့္ကိုလာရွာေအာင္ႀကိဳးစားၾကည့္ဖူးရဲ႕လား။ ဒီအခ်က္ေတြကေတာ့ သင့္ကိုအလုပ္ ရွင္ကလြယ္လြယ္ကူကူေတြ႕ႏိုင္ၿပီး၊ သတိထားမိႏိုင္တဲ့ အခ်က္ေတြျဖစ္ပါတယ္။ ဒီအခ်က္ေတြေၾကာင့္အလုပ္ရွင္က ကိုယ့္ကိုခ်ဥ္းကပ္လာၿပီး အလုပ္ကမ္းလွမ္းတာမ်ိဳး၊ အင္တာဗ်ဴးေျဖဖို႔ခ်ိတ္ဆက္လာတာမ်ိဳးရွိႏိုင္ပါတယ္။ ဒါေၾကာင့္ ႐ိုး႐ိုးရွင္းရွင္းပဲကိုယ္ကအလုပ္ကိုရွာေနတာအစား အလုပ္က ကိုယ့္ကိုအလြယ္တကူရွာေဖြေတြ႕ႏိုင္ေအာင္ဒီအခ်က္ေလးလုပ္ၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

LinkedIn

သင္ကအလုပ္ရွာေဖြေနတယ္ဆိုရင္ LinkedIn အေကာင့္ရွိထားရဲ႕လား။ဒီအေကာင့္မရွိေသးဘူးဆိုရင္ေတာ့ သင္က ဒစ္ဂ်စ္တယ္ေခတ္မွာ
ဆိုရွယ္မီဒီယာပလက္ေဖာင္းေတြကို အလုပ္ရွာေဖြဖို႔ အသုံးမျပဳဘူးဆိုတာ သိသာေစပါတယ္။တကယ္ေတာ့ LinkedIn က အလုပ္ရွာေဖြရာမွာအမ်ားအားျဖင့္ အသုံးျပဳတဲ့ ဆိုရွယ္မီဒီယာပလက္ေဖာင္းတခုျဖစ္ပါတယ္။ ေတာ္ေတာ္မ်ားမ်ားက အလုပ္ေတြကိုေခၚတာပဲျဖစ္ျဖစ္၊
ဝန္ထမ္းရွာတာပဲျဖစ္ျဖစ္ LinkedIn ကေနၾကည့္ၿပီး ခ်ိတ္ဆက္လာၾကပါတယ္။ကုမၸဏီအသီးသီးက HR တာဝန္ရွိသူေတြလည္း သုံးၾကတာေၾကာင့္ဒီအေကာင့္ကိုလုပ္ထားသင့္ပါတယ္။ လုပ္တဲ့အခါမွာလည္း ေသေသသပ္သပ္နဲ႔ Professional Profile တခုျဖစ္ေအာင္ရယ္၊ ပေရာ္ဖက္ရွင္နယ္ resume တခုျဖစ္ေအာင္ရယ္ေသေသခ်ာခ်ာအခ်ိန္ယူၿပီးလုပ္ဖို႔ အႀကံျပဳခ်င္ပါတယ္။ ကိုယ္ကြၽမ္းက်င္တဲ့အရာ၊ကိုယ့္ ရဲ႕အလုပ္အေတြ႕အႀကဳံ(ရွိရင္)၊ ကိုယ့္ရဲ႕ပညာအရည္အခ်င္းနဲ႔ကြၽမ္းက်င္တဲ့ဘာသာစကားေတြကိုလည္းေသေသခ်ာခ်ာျဖည့္စြက္ပါ။ အဲဒီမွာ
ကိုယ္ကအလုပ္တခုကို ခ်က္ျခင္းလိုတယ္ဆိုရင္လည္း ျဖည့္ရမယ့္ေနရာရွိပါတယ္။ ဒါမွမဟုတ္ခ်က္ျခင္းလိုတာမဟုတ္ေသးဘဲ ေလာ ေလာဆယ္ လက္ရွိအလုပ္လုပ္ေနေသးတယ္ဆိုရင္လည္းအဲဒီအေၾကာင္းကို ေသေသခ်ာခ်ာျဖည့္စြက္ပါ။ ျပည့္စုံတဲ့ ပ႐ိုဖိုင္းတခုကသင့္ ကိုအလုပ္ရွင္ရွာေတြ႕ဖို႔ အကူအညီေပးပါလိမ့္မယ္။ မျပည့္စုံတဲ့ ပ႐ိုဖိုင္းတခုကေတာ့အလုပ္ရွင္သင့္ကိုရွာေတြ႕ႏိုင္ဖို႔ အခြင့္အေရးနည္းပါးပါလိမ့္မယ္။

လက္ရွိမွာအလုပ္တခုခုရွိေနပါေစ

ကံမေကာင္းတာက အလုပ္ရွင္ေတာ္ေတာ္မ်ားမ်ားက လက္ရွိလုပ္ငန္းခြင္ဝင္ေနသူေတြကိုအလုပ္ခန႔္ခ်င္ၾကပါတယ္။ အလုပ္အေတြ႕အႀကဳံ ၊ အလုပ္အေတြ႕အႀကဳံဆိုတာမ်ိဳးကအလုပ္ေခၚစာတိုင္းမွာ မပါမဝင္ပါဝင္လာၾကပါတယ္။ ဒါေပမဲ့ ဒီေနရာမွာအလုပ္အေတြ႕အႀကဳံရင္ အလုပ္မေလွ်ာက္ၾကည့္ရေတာ့ဘူးလားဆိုတာ ေမးခြန္းထုတ္စရာပါ။ဟုတ္ပါတယ္။ အလုပ္အေတြ႕အႀကဳံမရွိတဲ့သူေတြအဖို႔ ဒီေနရာမွာ
စိတ္ပ်က္အားငယ္မိမွာအမွန္ပါပဲ။ ဒါေပမဲ့ စိတ္ဓာတ္မက်ေစခ်င္ပါဘူး။ ကိုယ္ကအလုပ္အေတြ႕အႀကဳံမရွိလို႔စိတ္ပ်က္ေနမယ့္အစား ကိုယ့္ရဲ႕ကြၽမ္းက်င္မႈကို အသုံးခ်ႏိုင္မယ့္ Volunteer အလုပ္ေတြကို ဝင္ၿပီးလုပ္ေစခ်င္ပါတယ္။ အဲဒီကတဆင့္ အခ်ိတ္အဆက္ေတြလည္း
ရႏိုင္တာေၾကာင့္ရယ္ ေနာက္တခုက အလုပ္အေတြ႕အႀကဳံမရွိဘူးဆိုတဲ့အခ်က္ကိုလည္းေခ်ဖ်က္ႏိုင္ပါလိမ့္မယ္။ေဆြးေႏြးပြဲေတြ၊ စကားဝိုင္းေတြမွာပါဝင္ပါျဖစ္ႏိုင္မယ္ဆိုရင္ ကိုယ္က အမ်ားျပည္သူေရွ႕မွာစကားေျပာဝါသနာပါတဲ့သူတေယာက္ဆိုရင္ကိုယ့္ရဲ႕အရည္အခ်င္းေတြ၊ စိတ္ကူးစိတ္သန္းေတြကို ဒီလိုစကားဝိုင္းေတြ၊ ေဆြးေႏြးပြဲေတြကတင့္ကုမၸဏီအဖြဲ႕အစည္းေတြ၊ အလုပ္ရွင္ေတြသတိထားမိေအာင္ လုပ္ေဆာင္လို႔ရပါတယ္။ဒီအဆင့္ကေတာ့ ကိုယ္က ပေရာ္ဖက္ရွင္နယ္တဦးအျဖစ္ရပ္တည္ေနႏိုင္ၿပီး လုပ္ငန္းခြင္မွာအေတြ႕အႀကဳံမ်ားစြာရွိတဲ့သူေတြအတြက္ေတာ့ ပိုကိုက္ညီပါတယ္။ ေနာက္တခ်က္ကကိုယ္ပိုင္ဝက္ဘ္ဆိုက္ျဖစ္ေစ၊ ဘေလာ့ဂ္တခုျဖစ္ေစ လုပ္ၿပီးကိုယ့္ရဲ႕ပေရာ္ဖက္ရွင္နယ္အေၾကာင္းကို မွ်ေဝေရးသားတာမ်ိဳးပါ။ ဒီအခ်က္ကလည္းအလုပ္ရွင္ေတြရဲ႕ အာ႐ုံစိုက္မႈကိုရရွိေစႏိုင္တဲ့အခ်က္တခုျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*