ပဋိပက္ခစီမံခန့်ခွဲမှုအတွက် နည်းဗျူဟာ (၄)ခု

ပဋိပက္ခစီမံခန်ခန့်ခွဲမှုက အားလုံးအတွက် သိထားသင့်ပြီး အခြေအနေတခုကြုံလာတဲ့အခါမှာဘယ်လိုစီမံခန့်ခွဲသလဲ၊ ဘယ်လိုနည်းဗျူဟာတွေနဲ့ ဖြေရှင်းသလဲဆိုတဲ့အချက်ကအရေးကြီးပါတယ်။ ဒီအချက်တွေက သင်သိပြီးတာမျိုးဖြစ်နိုင်သလို၊မသိသေးတာလည်းဖြစ်နိုင်တဲ့ နည်းဗျူဟာ (၄)ချက်အကြောင်းကိုပြောပြချင်ပါတယ်။

ယှဉ်ပြိုင်တာ

ယှဉ်ပြိုင်ခြင်းက လုပ်ငန်းခွင်ပဋိပက္ခအတွက် မသင့်လျော်ပေမဲ့ အချို့အခြေအနေများမှာအသုံးဝင်နိုင်တဲ့ နည်းဗျူဟာတခုဖြစ်ပါတယ်။
ဒီပဋိပက္ခပုံစံက သင့်ပန်းတိုင်ပေါ်မှာ အလွန်အရေးပါပြီး တခြားသူများနဲ့ သင့်ဆက်ဆံရေးအပေါ်အရေးပါးမှူနည်းပါးသည့် အခြေအနေအများအတွက်ဖြစ်ပါတယ်။ ခိုင်မာအားကောင်းပေမဲ့ပူးပေါင်းဆောင်ရွက်မှု အားနည်းပါတယ်။ အကျပ်အတည်းတခုမှာပြိုင်ဆိုင်မှုပုံစံကိုသင်ရွေးချယ်နိုင်ပါတယ်။

အပေးအယူလုပ်တာ

အပေးအယူလုပ်တာက သင်နဲ့သဘောတူညီချက်တခုခုရရှိဖို့ သင့်လိုအပ်ချက်အချို့ကိုလိုလိုလားလား လက်လွှတ်လိုက်တဲ့ ပဋိပက္ခဖြေရှင်းနည်းဗျူဟာတခုဖြစ်ပါတယ်။သင်တို့နှစ်ယောက်လုံး ကိုယ့်ရဲ့ပန်းတိုင်ကို အပြည့်အ၀မအောင်မြင်နိုင်လို့ “အရှုံး-အရှုံး”နည်းဗျူဟာလို့လည်း ခေါ်ကြပါတယ်။

ပူးပေါင်းဆောင်ရွက်တာ

အပေးအယူလုပ်တာက အရှုံး-အရှုံးနည်းဗျူဟာဖြစ်တဲ့အတွက် ပူးပေါင်းဆောင်ရွက်ခြင်းကအနိုင်-အနိုင် နည်းဗျူဟာဖြစ်ပါတယ်။ ပူး ပေါင်းဆောင်ရွက်တဲ့အခါမှာ သင့်ရဲ့ပန်းတိုင်နဲ့ဆက်ဆံရေးက တန်းတူရည်တူအရေးကြီးပြီး လိုအပ်ချက်အားလုံးနဲ့ကိုက်ညီတဲ့ ရလဒ်ရှာဖွေဖို့သင့်နဲ့ တခြားပါတီကို အတူတကွပူးပေါင်းလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးပါတယ်။

လိုက်လျောညီထွေဖြစ်တာ

ချောချောမွေ့မွေ့လို့လည်း လူသိများတဲ့ ဒီဗျူဟာမှာ ပါတီတခုက ရယူတာပါဝင်ပြီးဆန့်ကျင်ဘက်ပါတီကို ပြဿနာဖြေရှင်းရန်လိုအပ်တာများကို အတိအကျပေးဆောင်တာပါ။ဒီနည်းလမ်းက သင့်ကိုရေရှည်ဖြေရှင်းချက်ဆီကို လုပ်ဆောင်နေချိန်မှာ ရေတိုအတွင်းပြဿနာတခုကိုဖြေရှင်းစေနိုင်ပါတယ်။ တချို့သောကိစ္စများမှာ လိုက်လျောညီထွေဖြစ်တာကပဋိပက္ခတခုအတွက် သင့်တော်တဲ့ ဖြေရှင်းမှုတခုဖြစ်နိုင်ပါတယ်။ဒီအချက် ၄ ချက်ကတော့ ပဋိပက္ခတခုဖြေရှင်းတဲ့အခါမှာ အရေးပါတဲ့ဗျူဟာတွေပဲဖြစ်ပါတယ်။

MYit

zawgyi


ယှဉ်ပြိုင်တာ


အပေးအယူလုပ်တာ






MYit

Be the first to comment

Leave a Reply

Your email address will not be published.


*