အချစ်ရေးမှာ စိတ်ကူးယဉ်ဆန်တဲ့ ရာသီခွင် (၅)ခု
အချစ်ရေးမှာ စိတ်ကူးယဉ်ဆန်တဲ့ ရာသီခွင်ထဲမှာ သင်ပါနေသလား။ အချစ်ရေးမှာထိပ်တန်းကအရောက်ဆုံးနဲ့ အချစ်တတ်ဆုံးရာသီခွင်တွေအကြောင်းကို ပြောပြချင်ပါတယ်။
Pisces
ဖေဖော်ဝါရီ ၁၉ ကနေ မတ်လ ၂၀ အတွင်းမွေးဖွားတဲ့ Pisces တွေက နက်ရှိုင်းတဲ့ စိတ်ခံစားမှုနဲ့သူတို့ရဲ့ချစ်တတ်မှုကြောင့်ကျော်ကြားပါတယ်။ သူတို့က အချစ်ရေးမှာစိတ်ကူးယဉ်ဆန်ပြီးနှလုံးသားထဲက စကားလုံးများနဲ့ အချစ်ကိုဖော်ပြလေ့ရှိကြပါတယ်။ သူတို့တွေကအချစ်တတ်ဆုံးနဲ့ romance အဖြစ်ဆုံး ချစ်သူတွေဖြစ်ကြပါတယ်။လက်တွဲဖော်ရဲ့စိတ်ဆန္ဒတွေကို အလိုက်သိပြီး ဖြည့်ဆည်းပေးတတ်တဲ့သူတွေလည်းဖြစ်ပါတယ်။
Libra
Libra တွေက စက်တင်ဘာ ၂၃ကနေ အောက်တိုဘာ ၂၂အတွင်း မွေးဖွားကြသူများဖြစ်ပါတယ်။သူတို့က ဘယ်လိုဆက်ဆံရေးမျိုးမဆို သ ဟဇာတဖြစ်အောင်လုပ်ဆောင်နိုင်ကြပါတယ်။အချစ်ရေးမှာလည်း သူတို့ရဲ့ချစ်ရသူကို အထူးချစ်ခင်လာအောင် စွမ်းဆောင်နိုင်တာကြောင့်လူသိများပါတယ်။ သူတို့က အချစ်ရေးအခိုက်အတန့်တွေကို ဖန်တီးရတာနှစ်သက်ပြီးချစ်ရတဲ့သူပျော်ရွှင်စေဖို့ မကြာခဏဆိုသလို ခရီးထွက်တာမျိုးကြည်နူးစရာအခိုက်အတန့်လေးတွေ ဖန်တီးပေးတတ်ပါတယ်။ Libra တွေနဲ့ချစ်သူဖြစ်တဲ့သူတွေဟုတ်၊ မဟုတ် ဝင်ဖြေသွားပါဦးနော်။
Taurus
Taurus တွေကတော့ ဧပြီ ၂၀ကနေ မေလ ၂၀ရက်အတွင်း မွေးဖွားသူများဖြစ်ပါတယ်။သူတို့ရဲ့သစ္စာစောင့်သိမှုကြောင့်ရယ် သူတို့ရဲ့ အမှောင်ဘက်ခြမ်းကြောင့်ရယ် အချစ်ရေးမှာထင်ရှားပါတယ်။ သူတို့က တည်ကြည်ပြီး ယုံကြည်စိတ်ချရတဲ့လက်တွဲဖော်ြဖစ်ကြပါတယ်။
ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုနဲ့ ဂရုစိုက်မှုအမူအရာများကို ချစ်ခြင်းမေတ္တာအဖြစ်ဖော်ပြကြပြီးသူတို့ရဲ့ ဆက်ဆံရေးကို လုံခြုံစေပါတယ်။ ဒီရာသီခွင်တွေက ဇိမ်ခံရတာကိုလည်းသဘောကျပါတယ်။ သူတို့ရဲ့ ချစ်ရသူများကို နှစ်သက်ဖွယ်ကောင်းတဲ့လက်ဆောင်များပေးလေ့ရှိသလို အတွေ့အကြုံများကိုလည်း ပေးကြပါတယ်။ Taurus တွေနဲ့ချစ်သူဖြစ်တဲ့သူလေးတွေ အတွေ့အကြုံလေးတွေ မန့်သွားပေးပါဦးနော်။
Cancer
Cancer များကတော့ ဇွန် ၂၁ကနေ ဇူလိုင် ၂၂အတွင်း မွေးဖွားကြသူတွေဖြစ်ပါတယ်။စိတ်ကူးယဉ်ဆန်တဲ့ မိတ်ဖက်များအဖြစ်မယုံနိုင် လောက်အောင်ချစ်တတ်သူများဖြစ်ကြပါသေးတယ်။ သူတို့ကစိတ်ပိုင်းဆိုင်ရာချိတ်ဆက်မှုကိုဦးစားပေးပြီး ချစ်ရသူရဲ့လိုအပ်ချက်များကို
ဂရုစိုက်ပေးတတ်ကြပါတယ်။ သူတို့က ချစ်ရသူကို နှုတ်ကနေမဟုတ်ဘဲလက်တွေ့လုပ်ဆောင်ပေးတတ်ပြီး ချစ်ခြင်းမေတ္တာကို ပုံဖော်ပြပါတယ်။ လုံခြုံတဲ့ပတ်ဝန်းကျင်ကို ဖန်တီးပြီး ချစ်တတ်ကြပါတယ်။ ဟုတ်ရဲ့လား။ Cancer တွေနဲ့ချစ်နေသူတွေဘယ်သူတွေများရှိမလဲနော်။
Leo
Leos တွေကတော့ ဇူလိုင် ၂၃ကနေ ဩဂုတ် ၂၂အတွင်း မွေးဖွားကြသူများဖြစ်ပါတယ်။အချစ်ရေးမှာ နာမည်ကြီးပြီး romance ဆန်တဲ့ ချစ်သူတွေဖြစ်ကြပါတယ်။ သူတို့ကအချစ်ရေးခံစားချက်များကို ရဲရင့်စွာ ဖော်ပြကြပြီး ချစ်ရသူကိုခမ်းနားတဲ့ချစ်မေတ္တာတွေပြသကြပါတယ်။ သူတို့က ခိုင်မြဲစွာနဲ့ သစ္စာရှိကြသူတွေဖြစ်ပါတယ်။ချစ်သူကိုအကာအကွယ်ပေးတတ်ပြီး မမေ့နိုင်တဲ့ လက်တွဲဖော်အဖြစ် ရှိပေးကြပါတယ်။သူတို့နဲ့ချစ်သူဖြစ်ဖူးလား။ ဖြစ်နေတုန်းပဲဆိုရင် အတွေ့အကြုံလေးတွေ ရေးသွားပေးနော်။
MYit
zawgyi
Pisces
Libra
Taurus
Cancer
Leo
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*