Project Management Style (3) မျိုးထဲက ကိုယ်နဲ့ဘယ်ဟာသင့်တော်မလဲ

Project Manager တစ်ယောက်အဖြစ်ကိုယ့်ရဲ့ Career ကိုစတင်မယ်ဆိုရင် Project Management Style တွေကိုလည်းသိရှိထားဖို့လိုပါတယ်။ Project Manager ကောင်းတစ်ယောက်ဆိုတာအအေးခွက်ထဲကအအေးပိုက်လိုပဲ အချိန်တန်တာနဲ့အလုပ်အားလုံးကိုအဆင် ပြေပြေချောချောမွေ့မွေ့ပြီးဆုံးစေရမှာဖြစ်ပါတယ်။ Project Manager တစ်ယောက်ဟာ Meeting တစ်ခုတည်းမှာတင် ခေါင်းဆောင် နေရာကလည်းပါရသလို ပြဿနာတွေကိုဖြေရှင်းပေးတဲ့သူအဖြစ်လည်းပါဝင်ရတာဖြစ်ပါတယ်။ Project Manager တွေအနေနဲ့ကိုင် တွယ်ရတဲ့နယ်ပယ်မတူညီတာနဲ့အမျှ Team တွေကို Management လုပ်ပုံလည်းကွဲပြားသွားမှာဖြစ်ပါတယ်။ဒါကြောင့်လည်း ဒီနေ့ခေတ်မှာအများဆုံးသုံးနေကြတဲ့ Project Management Style (၃) မျိုးကိုလေ့လာကြည့်နိုင်ပါတယ်။

Waterfall Project Management
Project Management ပုံစံတွေထဲမှာ ရှေးရိုးဆန်တဲ့ Management ပုံစံလို့ဆိုကြပါတယ်။အလုပ်တစ်ခုပြီးမှတစ်ခု အစဉ်လိုက်အတိုင်းလုပ်ဆောင်တဲ့ပုံစံသွားပါတယ်။ Task A မပြီးမချင်း Task B ကိုမစပါဘူး။ ရေတံခွန်လိုပဲ အလုပ်ကို အစဉ်လိုက်အတိုင်းပဲလုပ်ဆောင်ပါတယ်။နောက်ကြောင်းပြန်လှည့်ပြီးစစ်ဆေးရတာ၊ ပြင်ဆင်ရတာမျိုးတွေက ဒီစတိုင်လ်မှာအဆင်မပြေပါဘူး။ ဒီ Management စတိုင်လ်ဟာ တခြားသောစတိုင်လ်တွေထက် ပိုပြီးတိကျတင်းကျပ်သလိုအမှားအယွင်းအဖြစ်မခံပါဘူး။ Waterfall Project Management ကို Construction နယ်ပယ်မှာအသုံးများပါတယ်။

Agile Project Management
Agile Project Management မျိုးကိုတော့ Software Industry မှာအသုံးများပါတယ်။ပိုပြီးပြုလွယ်ပြောင်းလွယ်ရှိသလို နောက်ဆုံးပန်းတိုင်ကိုပဲအဓိကထားပါတယ်။ လုပ်ငန်းတာဝန်ကိုအပိုင်းသေးလေးတွေခွဲပြီးလုပ်ဆောင်ပါတယ်။ အလုပ်တွေကိုတဆင့်ပြီးတဆင့်လုပ်သွားမယ့်အစားတစ်ပြိုင်တည်းလုပ်ဆောင်ကြတဲ့ပုံစံဖြစ်ပါတယ်။ အချိန်တိုတိုနဲ့မြန်မြန်ဆန်ဆန်ပြီးစေမယ့် Goal တွေကိုချမှတ်ပြီး ပြိုင် တူလုပ်ဆောင်ကြခြင်းက Agile ရဲ့အဓိကပုံစံပါပဲ။

Lean Project Management
မလိုအပ်ဘဲအရင်းအမြစ်တွေကိုမသုံးခြင်း၊ အချိန်မဖြုန်းခြင်းက Lean Project Management ရဲ့အဓိကအချက် ဖြစ်ပါတယ်။ ပရေဂျက်အပိုင်းလိုက်ကို Resource နည်းနည်းနဲ့အကောင်းဆုံးရလဒ်ကိုပေးစွမ်းနိုင်အောင် Project Manager တွေကလုပ်ဆောင်ပါတယ်။ ဒီပုံစံကို
ကုန်ထုတ်လုပ်ရေးနယ်ပယ်မှာအများဆုံးသုံးပါတယ်။ Project မစခင်ကတည်းကစနစ်တကျတွက်ချက်ပြီး ဘယ်နေရာမှာ Resource ဘယ်လောက်သုံးရမယ်ဆိုတာကိုပြင်ဆင်ထားရတာဖြစ်ပါတယ်။ Project တစ်ခုကိုဦးဆောင်တဲ့အခါ ဘယ်အချိန်ပြီးစီးရမယ်ဆိုတဲ့ Deadline ကိုအဓိကနေရာမှာမထားဘဲဒီပရောဂျက်ရဲ့အဓိကဗဟိုချက်ကဘာလဲ၊ ဘာကိုအဓိကလုပ်သင့်တာလဲ၊အဓိကပြဿနာကဘာလဲဆိုတာကိုပဲ ကြည့်ပြီးလုပ်ဆောင်ဖို့ ပညာရှင်တွေကအကြံပြုထားကြပါတယ်။

Ju Ju

zawgyi

Project Manager တစ္ေယာက္အျဖစ္ကိုယ့္ရဲ႕ Career ကိုစတင္မယ္ဆိုရင္ Project Management Style ေတြကိုလည္းသိရွိထားဖို႔လိုပါတယ္။ Project Manager ေကာင္းတစ္ေယာက္ဆိုတာအေအးခြက္ထဲကအေအးပိုက္လိုပဲ အခ်ိန္တန္တာနဲ႔အလုပ္အားလုံးကိုအဆင္ ေျပေျပေခ်ာေခ်ာေမြ႕ေမြ႕ၿပီးဆုံးေစရမွာျဖစ္ပါတယ္။ Project Manager တစ္ေယာက္ဟာ Meeting တစ္ခုတည္းမွာတင္ ေခါင္းေဆာင္ ေနရာကလည္းပါရသလို ျပႆနာေတြကိုေျဖရွင္းေပးတဲ့သူအျဖစ္လည္းပါဝင္ရတာျဖစ္ပါတယ္။ Project Manager ေတြအေနနဲ႔ကိုင္ တြယ္ရတဲ့နယ္ပယ္မတူညီတာနဲ႔အမွ် Team ေတြကို Management လုပ္ပုံလည္းကြဲျပားသြားမွာျဖစ္ပါတယ္။ဒါေၾကာင့္လည္း ဒီေန႔ေခတ္မွာအမ်ားဆုံးသုံးေနၾကတဲ့ Project Management Style (၃) မ်ိဳးကိုေလ့လာၾကည့္ႏိုင္ပါတယ္။

Waterfall Project Management
Project Management ပုံစံေတြထဲမွာ ေရွး႐ိုးဆန္တဲ့ Management ပုံစံလို႔ဆိုၾကပါတယ္။အလုပ္တစ္ခုၿပီးမွတစ္ခု အစဥ္လိုက္အတိုင္းလုပ္ေဆာင္တဲ့ပုံစံသြားပါတယ္။ Task A မၿပီးမခ်င္း Task B ကိုမစပါဘူး။ ေရတံခြန္လိုပဲ အလုပ္ကို အစဥ္လိုက္အတိုင္းပဲလုပ္ေဆာင္ပါတယ္။ေနာက္ေၾကာင္းျပန္လွည့္ၿပီးစစ္ေဆးရတာ၊ ျပင္ဆင္ရတာမ်ိဳးေတြက ဒီစတိုင္လ္မွာအဆင္မေျပပါဘူး။ ဒီ Management စတိုင္လ္ဟာ တျခားေသာစတိုင္လ္ေတြထက္ ပိုၿပီးတိက်တင္းက်ပ္သလိုအမွားအယြင္းအျဖစ္မခံပါဘူး။ Waterfall Project Management ကို Construction နယ္ပယ္မွာအသုံးမ်ားပါတယ္။

Agile Project Management
Agile Project Management မ်ိဳးကိုေတာ့ Software Industry မွာအသုံးမ်ားပါတယ္။ပိုၿပီးျပဳလြယ္ေျပာင္းလြယ္ရွိသလို ေနာက္ဆုံးပန္းတိုင္ကိုပဲအဓိကထားပါတယ္။ လုပ္ငန္းတာဝန္ကိုအပိုင္းေသးေလးေတြခြဲၿပီးလုပ္ေဆာင္ပါတယ္။ အလုပ္ေတြကိုတဆင့္ၿပီးတဆင့္လုပ္သြားမယ့္အစားတစ္ၿပိဳင္တည္းလုပ္ေဆာင္ၾကတဲ့ပုံစံျဖစ္ပါတယ္။ အခ်ိန္တိုတိုနဲ႔ျမန္ျမန္ဆန္ဆန္ၿပီးေစမယ့္ Goal ေတြကိုခ်မွတ္ၿပီး ၿပိဳင္ တူလုပ္ေဆာင္ၾကျခင္းက Agile ရဲ႕အဓိကပုံစံပါပဲ။

Lean Project Management
မလိုအပ္ဘဲအရင္းအျမစ္ေတြကိုမသုံးျခင္း၊ အခ်ိန္မျဖဳန္းျခင္းက Lean Project Management ရဲ႕အဓိကအခ်က္ ျဖစ္ပါတယ္။ ပေရဂ်က္အပိုင္းလိုက္ကို Resource နည္းနည္းနဲ႔အေကာင္းဆုံးရလဒ္ကိုေပးစြမ္းႏိုင္ေအာင္ Project Manager ေတြကလုပ္ေဆာင္ပါတယ္။ ဒီပုံစံကို
ကုန္ထုတ္လုပ္ေရးနယ္ပယ္မွာအမ်ားဆုံးသုံးပါတယ္။ Project မစခင္ကတည္းကစနစ္တက်တြက္ခ်က္ၿပီး ဘယ္ေနရာမွာ Resource ဘယ္ေလာက္သုံးရမယ္ဆိုတာကိုျပင္ဆင္ထားရတာျဖစ္ပါတယ္။ Project တစ္ခုကိုဦးေဆာင္တဲ့အခါ ဘယ္အခ်ိန္ၿပီးစီးရမယ္ဆိုတဲ့ Deadline ကိုအဓိကေနရာမွာမထားဘဲဒီပေရာဂ်က္ရဲ႕အဓိကဗဟိုခ်က္ကဘာလဲ၊ ဘာကိုအဓိကလုပ္သင့္တာလဲ၊အဓိကျပႆနာကဘာလဲဆိုတာကိုပဲ ၾကည့္ၿပီးလုပ္ေဆာင္ဖို႔ ပညာရွင္ေတြကအႀကံျပဳထားၾကပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*