လူတွေကြားထဲအော်တတ်ဟစ်တတ်တဲ့ဘော့စ်နဲ့ကြုံရတဲ့အခါ

ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်ဘဲလူတွေကြားထဲ အော်တတ်ဟစ်တတ်တဲ့သူဌေးမျိုးကိုလည်းအလုပ်လုပ်နေသူတွေကြုံရတတ်ပါတယ်။ ခေါင်းဆောင်မှုပုံစံတွေအမျိုးမျိုးရှိတဲ့ကြားထဲအော်ဟစ်ငေါက်ငမ်းပြီးပြောဆိုမှ စိတ်ကျေနပ်တဲ့ခေါင်းဆောင်မျိုးတွေလည်းရှိတတ်ကြပါတယ်။ကိုယ့်ရဲ့ပြောဆိုတင်ပြချက်တွေကိုအရေးမထားတာ၊ကိုယ့်အိုင်ဒီယာတွေကိုသေသေချာချာတင်ပြခွင့်မပေးဘဲ စကားပိတ်ပြောပြီးဖြတ်ချလိုက်တာ၊ပျော်စရာမကောင်းတဲ့လုပ်ငန်းခွင်ကြီးထဲမှာအလုပ်လုပ်နေရတာတွေကလက်ရှိအလုပ်ကိုစွန့်ခွာချင်စိတ်ပေါက်သွားစေနိုင်ပါတယ်။ ဒါပေမဲ့ဒီလိုအဆင်မပြေတိုင်းအလုပ်ထွက်မယ့်လမ်းကို မရွေးချယ်သင့်ပါဘူး။ ဒီအခြေအနေတွေကိုကိုင်တွယ်နိုင်မယ့်နည်းလမ်းလေးတွေရှိနေတာမို့ဒီအချက်လေးတွေကိုအရင်ဆုံးကြိုးစားလုပ်ဆောင်ကြည့်သင့်ပါတယ်။

ဘာ့ကြောင့်သူဒီလိုအနိုင်ကျင့်ချင်ရတာလဲ
ကိုယ့်ရဲ့ဆိုးတဲ့ဘော့စ်ကိုနားလည်ပေးနိုင်ဖို့ကြိုးစားတာက ဒီပြဿနာတွေကိုပြေလည်စေနိုင်ပါတယ်။ကျောင်းသားဘဝမှာအနိုင်ကျင့်ခံလာရတဲ့သူတွေဟာ အသက်ကြီးလာတဲ့အခါ သူတစ်ပါးကိုအနိုင်ကျင့်တတ်သူဖြစ်လာတတ်ပါတယ်။ ဒီလိုလူတွေဟာလုပ်ငန်းခွင်ထဲရောက် လာတဲ့အခါလုပ်ဖော်ကိုင်ဖက်တွေကို ပုံစံမျိုးစုံနဲ့အနိုင်ကျင့်တတ်သူဖြစ်လာနိုင်ပါတယ်။ ဒီလိုလူတွေနဲ့တွေ့ရတဲ့အခါထိပ်တိုက်ရင်ဆိုင်ပစ်တာမျိုးမလုပ်ဘဲ ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုအနားပေးလိုက်တာက ပိုကောင်းပါတယ်။အစည်းအဝေးမှာကိုယ့်ကို Bully လုပ်လိုက်တယ်ဆိုပါစို့၊ မျက်စိလေးခဏမှိတ်၊ ကော်ဖီလေးသောက်ပြီးကိုယ့်စိတ်ကိုအနားပေးလိုက်တာကပိုအဆင်ပြေပါတယ်နော်။

သူစိတ်ဖိစီးနေတာလား
လူတွေမှာ စိတ်ဖိစီးမှုများလာရင် အရာရာကိုအေးအေးဆေးဆေးမလုပ်ဆောင်နိုင်၊မဆုံးဖြတ်နိုင်ဘဲအော်တတ်ဟစ်တတ်လာကြပါတယ်။ ဒီလိုစိတ်ဖိစီးစရာအခြေအနေမျိုးတွေမှာသူကအော်လာတယ်ဆိုရင် ကိုယ့်ဘက်ကနားလည်ပေးပြီးတတ်နိုင်သမျှအအေးချမ်းဆုံးအနေအ ထားနဲ့ပြောဆိုနိုင်ပါတယ်။ သူ့ကိုစိတ်သက်သာရာရအောင်လည်းကူညီပေးသင့်ပါတယ်။ သူ့မှာဖိအားတွေများနေတဲ့အကြောင်းပြောပေးတာ၊ခဏလောက်အနားယူလိုက်ဖို့အကြံပြုတာမျိုးလုပ်နိုင်ပါတယ်။

HR နဲ့ဆွေးနွေးပါ
လုပ်ငန်းခွင်ထဲမှာကိုယ့်ကိုအနိုင်ကျင့်သလိုခံစားနေရရင် ကိုယ်တိုင်ထိပ်တိုက်တွေ့ပြီးဖြေရှင်းမယ့်အစား HR နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ကိုယ်ကတိတိကျကျမှတ်တမ်းယူထားပြီးပြောဆိုမယ်ဆိုရင် HR ကပြေလည်အောင်လုပ်ဆောင်ပေးမှာပဲဖြစ်ပါတယ်။ကိုယ့်အနေနဲ့အလုပ်လုပ်ရတာဘယ်လိုမှအဆင်မပြေတော့ဘူးဆိုရင် တခြားဌာနကိုပြောင်းပေးတာ၊အလုပ်ချိန်မတူအောင်ရွှေ့ပေးတာမျိုးကို HR က လုပ်ပေးနိုင်ပါတယ်။

အားသစ်လောင်းပါ
ကိုယ့်အနေနဲ့စိတ်ဖိစီးရတဲ့၊ စိတ်ညစ်ရတဲ့အနေအထားကိုရောက်နေခဲ့ရင် နဂိုထက်ပိုပြီးစိတ်နဲ့ခန္ဓာကိုယ်ကိုဂရုစိုက်သင့်ပါတယ်။ အလုပ်ကပြန်လာတာနဲ့ အားကစားတစ်ခုခုလုပ်ပြီး စိတ်ညစ်ရသမျှတွေကိုစွန့်ထုတ်ပစ်လိုက်ပါ။ငါ့ဘက်ကအကောင်းဆုံးလုပ်မယ်၊ အမှားမရှိအောင်လုပ်မယ်၊ စေတနာမှန်မှန်ထားမယ်ဆိုတဲ့စိတ်မျိုးနဲ့နေထိုင်လိုက်မယ်ဆိုရင် ကြုံနေရတဲ့ပြဿနာတွေကို အကောင်းဆုံးကျော်လွှားသွားနိုင်မှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

ကိုယ့္စိတ္ကိုမထိန္းခ်ဳပ္ႏိုင္ဘဲလူေတြၾကားထဲ ေအာ္တတ္ဟစ္တတ္တဲ့သူေဌးမ်ိဳးကိုလည္းအလုပ္လုပ္ေနသူေတြႀကဳံရတတ္ပါတယ္။ ေခါင္းေဆာင္မႈပုံစံေတြအမ်ိဳးမ်ိဳးရွိတဲ့ၾကားထဲေအာ္ဟစ္ေငါက္ငမ္းၿပီးေျပာဆိုမွ စိတ္ေက်နပ္တဲ့ေခါင္းေဆာင္မ်ိဳးေတြလည္းရွိတတ္ၾကပါတယ္။ကိုယ့္ရဲ႕ေျပာဆိုတင္ျပခ်က္ေတြကိုအေရးမထားတာ၊ကိုယ့္အိုင္ဒီယာေတြကိုေသေသခ်ာခ်ာတင္ျပခြင့္မေပးဘဲ စကားပိတ္ေျပာၿပီးျဖတ္ခ်လိုက္တာ၊ေပ်ာ္စရာမေကာင္းတဲ့လုပ္ငန္းခြင္ႀကီးထဲမွာအလုပ္လုပ္ေနရတာေတြကလက္ရွိအလုပ္ကိုစြန႔္ခြာခ်င္စိတ္ေပါက္သြားေစႏိုင္ပါတယ္။ ဒါေပမဲ့ဒီလိုအဆင္မေျပတိုင္းအလုပ္ထြက္မယ့္လမ္းကို မေ႐ြးခ်ယ္သင့္ပါဘူး။ ဒီအေျခအေနေတြကိုကိုင္တြယ္ႏိုင္မယ့္နည္းလမ္းေလးေတြရွိေနတာမို႔ဒီအခ်က္ေလးေတြကိုအရင္ဆုံးႀကိဳးစားလုပ္ေဆာင္ၾကည့္သင့္ပါတယ္။

ဘာ့ေၾကာင့္သူဒီလိုအႏိုင္က်င့္ခ်င္ရတာလဲ
ကိုယ့္ရဲ႕ဆိုးတဲ့ေဘာ့စ္ကိုနားလည္ေပးႏိုင္ဖို႔ႀကိဳးစားတာက ဒီျပႆနာေတြကိုေျပလည္ေစႏိုင္ပါတယ္။ေက်ာင္းသားဘဝမွာအႏိုင္က်င့္ခံလာရတဲ့သူေတြဟာ အသက္ႀကီးလာတဲ့အခါ သူတစ္ပါးကိုအႏိုင္က်င့္တတ္သူျဖစ္လာတတ္ပါတယ္။ ဒီလိုလူေတြဟာလုပ္ငန္းခြင္ထဲေရာက္ လာတဲ့အခါလုပ္ေဖာ္ကိုင္ဖက္ေတြကို ပုံစံမ်ိဳးစုံနဲ႔အႏိုင္က်င့္တတ္သူျဖစ္လာႏိုင္ပါတယ္။ ဒီလိုလူေတြနဲ႔ေတြ႕ရတဲ့အခါထိပ္တိုက္ရင္ဆိုင္ပစ္တာမ်ိဳးမလုပ္ဘဲ ကိုယ့္ရဲ႕စိတ္နဲ႔ခႏၶာကိုအနားေပးလိုက္တာက ပိုေကာင္းပါတယ္။အစည္းအေဝးမွာကိုယ့္ကို Bully လုပ္လိုက္တယ္ဆိုပါစို႔၊ မ်က္စိေလးခဏမွိတ္၊ ေကာ္ဖီေလးေသာက္ၿပီးကိုယ့္စိတ္ကိုအနားေပးလိုက္တာကပိုအဆင္ေျပပါတယ္ေနာ္။

သူစိတ္ဖိစီးေနတာလား
လူေတြမွာ စိတ္ဖိစီးမႈမ်ားလာရင္ အရာရာကိုေအးေအးေဆးေဆးမလုပ္ေဆာင္ႏိုင္၊မဆုံးျဖတ္ႏိုင္ဘဲေအာ္တတ္ဟစ္တတ္လာၾကပါတယ္။ ဒီလိုစိတ္ဖိစီးစရာအေျခအေနမ်ိဳးေတြမွာသူကေအာ္လာတယ္ဆိုရင္ ကိုယ့္ဘက္ကနားလည္ေပးၿပီးတတ္ႏိုင္သမွ်အေအးခ်မ္းဆုံးအေနအ ထားနဲ႔ေျပာဆိုႏိုင္ပါတယ္။ သူ႔ကိုစိတ္သက္သာရာရေအာင္လည္းကူညီေပးသင့္ပါတယ္။ သူ႔မွာဖိအားေတြမ်ားေနတဲ့အေၾကာင္းေျပာေပးတာ၊ခဏေလာက္အနားယူလိုက္ဖို႔အႀကံျပဳတာမ်ိဳးလုပ္ႏိုင္ပါတယ္။

HR နဲ႔ေဆြးေႏြးပါ
လုပ္ငန္းခြင္ထဲမွာကိုယ့္ကိုအႏိုင္က်င့္သလိုခံစားေနရရင္ ကိုယ္တိုင္ထိပ္တိုက္ေတြ႕ၿပီးေျဖရွင္းမယ့္အစား HR နဲ႔ေဆြးေႏြးတိုင္ပင္သင့္ပါတယ္။ ကိုယ္ကတိတိက်က်မွတ္တမ္းယူထားၿပီးေျပာဆိုမယ္ဆိုရင္ HR ကေျပလည္ေအာင္လုပ္ေဆာင္ေပးမွာပဲျဖစ္ပါတယ္။ကိုယ့္အေနနဲ႔အလုပ္လုပ္ရတာဘယ္လိုမွအဆင္မေျပေတာ့ဘူးဆိုရင္ တျခားဌာနကိုေျပာင္းေပးတာ၊အလုပ္ခ်ိန္မတူေအာင္ေ႐ႊ႕ေပးတာမ်ိဳးကို HR က လုပ္ေပးႏိုင္ပါတယ္။

အားသစ္ေလာင္းပါ
ကိုယ့္အေနနဲ႔စိတ္ဖိစီးရတဲ့၊ စိတ္ညစ္ရတဲ့အေနအထားကိုေရာက္ေနခဲ့ရင္ နဂိုထက္ပိုၿပီးစိတ္နဲ႔ခႏၶာကိုယ္ကိုဂ႐ုစိုက္သင့္ပါတယ္။ အလုပ္ကျပန္လာတာနဲ႔ အားကစားတစ္ခုခုလုပ္ၿပီး စိတ္ညစ္ရသမွ်ေတြကိုစြန႔္ထုတ္ပစ္လိုက္ပါ။ငါ့ဘက္ကအေကာင္းဆုံးလုပ္မယ္၊ အမွားမရွိေအာင္လုပ္မယ္၊ ေစတနာမွန္မွန္ထားမယ္ဆိုတဲ့စိတ္မ်ိဳးနဲ႔ေနထိုင္လိုက္မယ္ဆိုရင္ ႀကဳံေနရတဲ့ျပႆနာေတြကို အေကာင္းဆုံးေက်ာ္လႊားသြားႏိုင္မွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*