ကိုယ့်အဖွဲ့သားတွေပြောရဲဆိုရဲရှိလာအောင် ဘာတွေလုပ်ဆောင်ပေးနိုင်မလဲ

လုပ်ငန်းတစ်ခုရဲ့တီထွင်ဖန်တီးမှု၊ ဆန်းသစ်မှု၊ပူးပေါင်းဆောင်ရွက်မှုစတဲ့အပိုင်းတွေကိုမြှင့်တင်တဲ့နေရာမှာ Team Members တွေရဲ့ Ideas တွေ၊အကြံဉာဏ်တွေကိုရယူဖို့ကအရေးကြီးပါတယ်။ဒါပေမဲ့လည်းတချို့သောအဖွဲ့ဝင်တွေက ဒီလိုအကြံဉာဏ်တွေကိုထပြောဖို့၊ မျှဝေဖို့ဝန်လေးပြီးကြောက်ရွံ့တတ်ကြပါတယ်။ကိုယ်ကအဖွဲ့ခေါင်းဆောင်ဆိုရင်တော့ အဖွဲ့ဝင်တွေကိုကိုယ့်အတွေးအမြင်ကိုပွင့်ပွင့်လင်းလင်းရဲရဲဝံ့ဝံ့ထုတ်ပြောဖို့၊ အပြန်အလှန်မှတ်ချက်တွေပေးကြဖို့၊တစ်ဦးချင်းရဲ့အတွေ့အကြုံတွေမျှဝေတတ်ဖို့ လှုံ့ဆော်ပေးနိုင်ရမှာဖြစ်သလို
တွန်းအားပေးနိုင်ရမှာလည်းဖြစ်ပါတယ်။

ဒီလိုရှိလာဖို့အတွက် ခေါင်းဆောင်ဘက်ကလုပ်ဆောင်ပေးရမယ့်အထဲမှာ ပြတ်သားတဲ့ဦးတည်ချက်နဲ့ရည်ရွယ်ချက်ကိုချမှတ်ပေးရမှာပါ။ သူတို့အနေနဲ့လက်ရှိလုပ်နေတဲ့ပရောဂျက်ရဲ့ ဦးတည်ချက်နဲ့အလုပ်ကိုသိရဲ့လား၊ ပြဿနာတွေကိုသိရဲ့လားဆိုတာ အရင်ဆုံးဆန်းစစ်ပါ။ သူတို့သိတာသေချာမှသူတို့ရဲ့အကြံဉာဏ်တွေကို တောင်းခံသင့်ပါတယ်။သူတို့ရဲ့စိတ်ကူးအကြံဉာဏ်တွေကိုယုံကြည်တဲ့အကြောင်းနဲ့ ဒီ Ideas တွေကပရောဂျက်အတွက်အများကြီးအထောက်အပံ့ဖြစ်လိမ့်မယ်ဆိုတာကို ပြောပြဖို့လိုပါတယ်။ဒီလိုလုပ်ဆောင်တဲ့အခါ အဖွဲ့သားတွေအနေနဲ့ သူတို့ရဲ့အကြံဉာဏ်တွေ ကိုထုတ်ပြောဖို့ ပိုပြီးတက်တက်ကြွကြွရှိလာမှာပါ။နောက်တစ်ချက်ကတော့အပြုသဘော‌ ဆောင်တဲ့ပတ်ဝန်းကျင်လေးဖန်တီးပေးဖို့ပါ။ သူတို့ပြောတဲ့ Ideas တွေကိုလေးလေးနက်နက်နားမထောင်တာ၊ အလွယ်တကူပယ်ချတာ၊ မလေးမစားမှတ်ချက်ပေးတာ၊နှိမ်တာမျိုးတွေလုံးဝမလုပ်ရပါဘူး။ ဘယ်လို Ideas ပဲလာလာ အပြုသဘော‌ဆောင်တဲ့မှတ်ချက်ပေးဖို့၊မတူကွဲပြားတဲ့နောက်ခံ Background တွေကိုနားလည်ပေးဖို့၊ သူတို့ရဲ့ကြိုးပမ်းမှုကိုအားပေးချီးကျူးဖို့၊ဆုချတာမျိုးလုပ်ဖို့လိုပါတယ်။

ခေါင်းဆောင်အနေနဲ့ သူတို့စကားများများပြောထွက်လာအောင် မေးခွန်းတွေမေးတတ်ဖို့၊လှုံ့ဆော်တတ်ဖို့နဲ့ နည်းလမ်းကောင်းလေးတွေသုံးတတ်ဖို့တော့လိုပါတယ်။ Brainstorming ၊ Discussion နဲ့ အုပ်စုလိုက်ခွဲပြီးဆွေးနွေးခိုင်းတာတွေက အသုံးဝင်တဲ့နည်းလမ်းတွေပါ။ ဇယားတွေ၊ ပုံကြမ်းတွေ၊ Mind Maps တွေကိုသုံးပြီး အကြံဉာဏ်တွေပေးချင်လာအောင်၊ ရှင်းလင်းပြတ်သားတဲ့ စိတ်ကူးစိတ်သန်းတွေ
ပေါ်ထွက်လာအောင် လုပ်ဆောင်နိုင်ပါတယ်။ ဂိမ်းတွေ၊ လေ့ကျင့်ခန်းတွေ၊ Challenge လေးတွေလုပ်တာကလည်း သူတို့ကိုပြောရဲဆိုရဲဖြစ်လာစေပြီး ပါဝင်ချင်စိတ်ပိုတိုးလာစေပါတယ်။နောက်ဆုံးတစ်ချက်ကတော့ ကျေးဇူးတင်ဖို့ဖြစ်ပါတယ်။ အဖွဲ့သားတိုင်းရဲ့ Ideas
တွေကိုအလေးထားကြောင်း၊ ကျေးဇူးတင်ကြောင်းကို လှိုက်လှိုက်လှဲလှဲပြောဖို့လိုပါတယ်။တစ်ဦးချင်းရဲ့အကြံပြုချက်တွေအပေါ်မှတ် ချက်တွေပြန်ပေးပြီး သူတို့ရဲ့ Ideas တွေကနေကိုယ်ကတော့ဘာတွေရရှိသွားတယ်၊ အလုပ်အတွက်ဘယ်လိုအသုံးဝင်တယ်ဆိုတာလေးတွေပြောဖို့လိုပါတယ်။တချို့သော Ideas တွေကို လက်တွေ့အသုံးချကြည့်ပြီး အောင်မြင်မှုတွေရလာခဲ့ရင် အကြံဉာဏ်ပေးသူကိုဂုဏ်ပြုပေးဖို့လည်းလိုပါတယ်။ဒီအချက်လေးတွေအတိုင်း လုပ်ဆောင်ကြည့်မယ်ဆိုရင် ဘယ်အခါမဆိုတက်တက်ကြွကြွနဲ့စိတ်ကူးအကြံဉာဏ်ကောင်းတွေကိုမျှဝေနိုင်တဲ့ ခိုင်မာတဲ့ Team တစ်ခုကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

လုပ္ငန္းတစ္ခုရဲ႕တီထြင္ဖန္တီးမႈ၊ ဆန္းသစ္မႈ၊ပူးေပါင္းေဆာင္႐ြက္မႈစတဲ့အပိုင္းေတြကိုျမႇင့္တင္တဲ့ေနရာမွာ Team Members ေတြရဲ႕ Ideas ေတြ၊အႀကံဉာဏ္ေတြကိုရယူဖို႔ကအေရးႀကီးပါတယ္။ဒါေပမဲ့လည္းတခ်ိဳ႕ေသာအဖြဲ႕ဝင္ေတြက ဒီလိုအႀကံဉာဏ္ေတြကိုထေျပာဖို႔၊ မွ်ေဝဖို႔ဝန္ေလးၿပီးေၾကာက္႐ြံ႕တတ္ၾကပါတယ္။ကိုယ္ကအဖြဲ႕ေခါင္းေဆာင္ဆိုရင္ေတာ့ အဖြဲ႕ဝင္ေတြကိုကိုယ့္အေတြးအျမင္ကိုပြင့္ပြင့္လင္းလင္းရဲရဲဝံ့ဝံ့ထုတ္ေျပာဖို႔၊ အျပန္အလွန္မွတ္ခ်က္ေတြေပးၾကဖို႔၊တစ္ဦးခ်င္းရဲ႕အေတြ႕အႀကဳံေတြမွ်ေဝတတ္ဖို႔ လႈံ႕ေဆာ္ေပးႏိုင္ရမွာျဖစ္သလို
တြန္းအားေပးႏိုင္ရမွာလည္းျဖစ္ပါတယ္။

ဒီလိုရွိလာဖို႔အတြက္ ေခါင္းေဆာင္ဘက္ကလုပ္ေဆာင္ေပးရမယ့္အထဲမွာ ျပတ္သားတဲ့ဦးတည္ခ်က္နဲ႔ရည္႐ြယ္ခ်က္ကိုခ်မွတ္ေပးရမွာပါ။ သူတို႔အေနနဲ႔လက္ရွိလုပ္ေနတဲ့ပေရာဂ်က္ရဲ႕ ဦးတည္ခ်က္နဲ႔အလုပ္ကိုသိရဲ႕လား၊ ျပႆနာေတြကိုသိရဲ႕လားဆိုတာ အရင္ဆုံးဆန္းစစ္ပါ။ သူတို႔သိတာေသခ်ာမွသူတို႔ရဲ႕အႀကံဉာဏ္ေတြကို ေတာင္းခံသင့္ပါတယ္။သူတို႔ရဲ႕စိတ္ကူးအႀကံဉာဏ္ေတြကိုယုံၾကည္တဲ့အေၾကာင္းနဲ႔ ဒီ Ideas ေတြကပေရာဂ်က္အတြက္အမ်ားႀကီးအေထာက္အပံ့ျဖစ္လိမ့္မယ္ဆိုတာကို ေျပာျပဖို႔လိုပါတယ္။ဒီလိုလုပ္ေဆာင္တဲ့အခါ အဖြဲ႕သားေတြအေနနဲ႔ သူတို႔ရဲ႕အႀကံဉာဏ္ေတြ ကိုထုတ္ေျပာဖို႔ ပိုၿပီးတက္တက္ႂကြႂကြရွိလာမွာပါ။ေနာက္တစ္ခ်က္ကေတာ့အျပဳသေဘာ‌ ေဆာင္တဲ့ပတ္ဝန္းက်င္ေလးဖန္တီးေပးဖို႔ပါ။ သူတို႔ေျပာတဲ့ Ideas ေတြကိုေလးေလးနက္နက္နားမေထာင္တာ၊ အလြယ္တကူပယ္ခ်တာ၊ မေလးမစားမွတ္ခ်က္ေပးတာ၊ႏွိမ္တာမ်ိဳးေတြလုံးဝမလုပ္ရပါဘူး။ ဘယ္လို Ideas ပဲလာလာ အျပဳသေဘာ‌ေဆာင္တဲ့မွတ္ခ်က္ေပးဖို႔၊မတူကြဲျပားတဲ့ေနာက္ခံ Background ေတြကိုနားလည္ေပးဖို႔၊ သူတို႔ရဲ႕ႀကိဳးပမ္းမႈကိုအားေပးခ်ီးက်ဴးဖို႔၊ဆုခ်တာမ်ိဳးလုပ္ဖို႔လိုပါတယ္။

ေခါင္းေဆာင္အေနနဲ႔ သူတို႔စကားမ်ားမ်ားေျပာထြက္လာေအာင္ ေမးခြန္းေတြေမးတတ္ဖို႔၊လႈံ႕ေဆာ္တတ္ဖို႔နဲ႔ နည္းလမ္းေကာင္းေလးေတြသုံးတတ္ဖို႔ေတာ့လိုပါတယ္။ Brainstorming ၊ Discussion နဲ႔ အုပ္စုလိုက္ခြဲၿပီးေဆြးေႏြးခိုင္းတာေတြက အသုံးဝင္တဲ့နည္းလမ္းေတြပါ။ ဇယားေတြ၊ ပုံၾကမ္းေတြ၊ Mind Maps ေတြကိုသုံးၿပီး အႀကံဉာဏ္ေတြေပးခ်င္လာေအာင္၊ ရွင္းလင္းျပတ္သားတဲ့ စိတ္ကူးစိတ္သန္းေတြ
ေပၚထြက္လာေအာင္ လုပ္ေဆာင္ႏိုင္ပါတယ္။ ဂိမ္းေတြ၊ ေလ့က်င့္ခန္းေတြ၊ Challenge ေလးေတြလုပ္တာကလည္း သူတို႔ကိုေျပာရဲဆိုရဲျဖစ္လာေစၿပီး ပါဝင္ခ်င္စိတ္ပိုတိုးလာေစပါတယ္။ေနာက္ဆုံးတစ္ခ်က္ကေတာ့ ေက်းဇူးတင္ဖို႔ျဖစ္ပါတယ္။ အဖြဲ႕သားတိုင္းရဲ႕ Ideas
ေတြကိုအေလးထားေၾကာင္း၊ ေက်းဇူးတင္ေၾကာင္းကို လႈိက္လႈိက္လွဲလွဲေျပာဖို႔လိုပါတယ္။တစ္ဦးခ်င္းရဲ႕အႀကံျပဳခ်က္ေတြအေပၚမွတ္ ခ်က္ေတြျပန္ေပးၿပီး သူတို႔ရဲ႕ Ideas ေတြကေနကိုယ္ကေတာ့ဘာေတြရရွိသြားတယ္၊ အလုပ္အတြက္ဘယ္လိုအသုံးဝင္တယ္ဆိုတာေလးေတြေျပာဖို႔လိုပါတယ္။တခ်ိဳ႕ေသာ Ideas ေတြကို လက္ေတြ႕အသုံးခ်ၾကည့္ၿပီး ေအာင္ျမင္မႈေတြရလာခဲ့ရင္ အႀကံဉာဏ္ေပးသူကိုဂုဏ္ျပဳေပးဖို႔လည္းလိုပါတယ္။ဒီအခ်က္ေလးေတြအတိုင္း လုပ္ေဆာင္ၾကည့္မယ္ဆိုရင္ ဘယ္အခါမဆိုတက္တက္ႂကြႂကြနဲ႔စိတ္ကူးအႀကံဉာဏ္ေကာင္းေတြကိုမွ်ေဝႏိုင္တဲ့ ခိုင္မာတဲ့ Team တစ္ခုကိုပိုင္ဆိုင္ႏိုင္မွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*