သီချင်းအသစ်နဲ့ပြန်လာမယ့် BoA

BoA အနေနဲ့ မတ်လ ၂၆ ရက်နေ့မှာသီချင်းအသစ်တစ်ပုဒ်နဲ့အတူပရိသတ်ဆီပြန်လည်ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။ဒါဟာ သူမအတွက်တစ်နှစ်နဲ့လေးလကျော်အကြာမှသီချင်းသစ်တစ်ပုဒ်ထပ်မံထွက်ရှိလာခြင်းဖြစ်ပါတယ်။သူမရဲ့ တတိယမြောက် Mini Album ဖြစ်တဲ့ Forgive Me ကို ၂၀၂၂ ခုနစ်၊နိုဝင်ဘာလမှာထုတ်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာဂီတနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေငြိမ်သက်နေခဲ့တာပါ။

BoA ဟာ သရုပ်ဆောင်၊ အဆိုရှင်၊ အခမ်းအနားမှူး၊ အကဲဖြတ်ဒိုင်အဖြစ်သူမရဲ့အရည်အချင်းတွေကိုပြသနိုင်ခဲ့သလို လက်ရှိမှာလည်း Producer အရည်အချင်းပါရှိကြောင်း NCT wish နဲ့ပြသနိုင်ခဲ့သူဖြစ်ပါတယ်။သူမဟာ ဒီအလုပ်တွေကိုခဏနားထားပြီး သူမရဲ့အဓိကအနုပညာအလုပ်ဖြစ်တဲ့ သီချင်းထွက်ရှိဖို့ကိုတစ်ဖန်ပြန်လည်အာရုံစိုက် လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ထွက်ရှိလာမယ့်သီချင်းရဲ့နာမည်က Emptiness ဖြစ်ပါတယ်။

Ju Ju

zawgyi

BoA အေနနဲ႔ မတ္လ ၂၆ ရက္ေန႔မွာသီခ်င္းအသစ္တစ္ပုဒ္နဲ႔အတူပရိသတ္ဆီျပန္လည္ေရာက္ရွိလာေတာ့မယ္လို႔ သိရပါတယ္။ဒါဟာ သူမအတြက္တစ္ႏွစ္နဲ႔ေလးလေက်ာ္အၾကာမွသီခ်င္းသစ္တစ္ပုဒ္ထပ္မံထြက္ရွိလာျခင္းျဖစ္ပါတယ္။သူမရဲ႕ တတိယေျမာက္ Mini Album ျဖစ္တဲ့ Forgive Me ကို ၂၀၂၂ ခုနစ္၊ႏိုဝင္ဘာလမွာထုတ္ခဲ့တာျဖစ္ၿပီး အဲဒီေနာက္မွာဂီတနဲ႔ပတ္သက္တဲ့လႈပ္ရွားမႈေတြၿငိမ္သက္ေနခဲ့တာပါ။

BoA ဟာ သ႐ုပ္ေဆာင္၊ အဆိုရွင္၊ အခမ္းအနားမႉး၊ အကဲျဖတ္ဒိုင္အျဖစ္သူမရဲ႕အရည္အခ်င္းေတြကိုျပသႏိုင္ခဲ့သလို လက္ရွိမွာလည္း Producer အရည္အခ်င္းပါရွိေၾကာင္း NCT wish နဲ႔ျပသႏိုင္ခဲ့သူျဖစ္ပါတယ္။သူမဟာ ဒီအလုပ္ေတြကိုခဏနားထားၿပီး သူမရဲ႕အဓိကအႏုပညာအလုပ္ျဖစ္တဲ့ သီခ်င္းထြက္ရွိဖို႔ကိုတစ္ဖန္ျပန္လည္အာ႐ုံစိုက္ လုပ္ေဆာင္လာခဲ့တာျဖစ္ပါတယ္။ထြက္ရွိလာမယ့္သီခ်င္းရဲ႕နာမည္က Emptiness ျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*