အလုပ်နားခံရပြီဆိုရင် ကုမ္ပဏီကိုပြန်မေးသင့်တဲ့မေးခွန်း ၅ ခု

အလုပ်နားတယ်ဆိုတာက အလုပ်ဖြုတ်လိုက်တာ၊ အလုပ်ထုတ်ခံရတာနဲ့ကွဲပြားပါတယ်နော်။ကုမ္ပဏီဘက်က ဝန်ထမ်းတွေကိုအလုပ်နားခိုင်းတယ်ဆိုတာဟာ ဝန်ထမ်းတွေရဲ့အပြစ်၊အမှားတွေကြောင့်မဟုတ်ပါဘူး။ စီးပွားရေး၊ ဘဏ္ဍာရေးအခြေအနေကြောင့်ကုမ္ပဏီဆက် လက်လည်ပတ်ဖို့ခက်တဲ့အခါမျိုးမှာ ဝန်ထမ်းလျှော့ချလိုက်တာမျိုးကို ခေါ်ပါတယ်။အလုပ်နားရတော့မှာကိုသိလိုက်ပြီဆိုရင် ခေါင်းထဲမှာမေးခွန်းမျိုးစုံကဝဲလည်နေမှာပါ။ဘာ့ကြောင့်ငါ့ကျမှဒီလိုဖြစ်ရတာလဲ၊ အိမ်ကိုဘယ်လိုပြောရမလဲ၊ ငါအခုဘာလုပ်ရမလဲဆိုတဲ့မေးခွန်းတွေက ခေါင်းထဲမှာပိုပြီးကြီးစိုးနေမှာဖြစ်ပါတယ်။ ဒီလိုအလုပ်နားခံရခြင်းဟာ ဘယ်ရာထူး၊ ဘယ် Level မဆို ကြုံတွေ့နိုင်တဲ့အရာမျိုးပါ။ ဒါကြောင့်အလုပ်နားခံရတယ်ဆိုတိုင်းစိတ်ဓာတ်ကျစရာမလိုပါဘူး။ကိုယ့်မှာအရည်အချင်းရှိနေသရွေ့အလုပ်တစ်ခုမဟုတ်တစ်ခုအဆင်သင့်စောင့်ကြိုနေတတ်ပါတယ်။ဒီအချိန်မှာအရေးအကြီးဆုံးက ခေါင်းအေးအေးထားပြီးအလုပ်ရှင်ကိုဒီမေးခွန်းတွေပြန်မေးဖို့ဖြစ်ပါတယ်။

၁. နောက်ဆုံးလုပ်အားခဘယ်တော့ရမှာလဲ၊ ဘယ်လိုရမှာလဲ
အလုပ်နားခံရတယ်ဆိုရင် လစာငွေကြေးကိစ္စကအရင်ဆုံးခေါင်းထဲရောက်လာမှာပါ။ကိုယ့်ရဲ့နောက်ဆုံးလုပ်အားခကို ဘယ်တော့ပေးမှာလဲ၊ ဘယ်လိုပေးမှာလဲဆိုတာကအရင်ဆုံးမေးသင့်တဲ့မေးခွန်းပါပဲ။ ပုံမှန်အားဖြင့် လုပ်အားခကိုချက်ချင်းပေးတာမျိုး ဒါမှမဟုတ်လကုန်မှထုတ်ပေးတာမျိုးလုပ်လေ့ရှိကြပါတယ်။

၂. ကိုယ်ရသင့်တဲ့ ပိတ်ရက်ရှည်နဲ့ ရှောင်တခင်ခွင့်ရက်တွေ
အလုပ်ထွက်ရပေမယ့် အလုပ်လုပ်နေစဉ်အတွင်းခံစားခွင့်ရှိတဲ့ ပိတ်ရက်ရှည်နဲ့ရှောင်တခင်ခွင့်ရက်တွေအတွက် ဘယ်လိုလုပ်ပေးမှာလဲဆိုတာက မေးသင့်တဲ့မေးခွန်းပါ။ဒီခွင့်ရက်တွေဟာ ကိုယ့်ခံစားခွင့်ထဲပါတဲ့အတွက် အဲဒီအတွက်အဖိုးအခရစေဖို့တောင်းဆိုနိုင်ပါတယ်။

၃. ဝန်ထမ်းသစ်ခေါ်တဲ့အခါပြန်လျှောက်ခွင့်
နောင်တစ်ချိန်ကုမ္ပဏီမှာလစ်လပ်နေရာပေါ်လာတဲ့အခါ အလုပ်ပြန်လျှောက်ခွင့်ရှိ၊မရှိမေးမြန်းရမှာဖြစ်ပါတယ်။ ကိုယ်က အပြစ်တစ်ခုခုကြောင့် အလုပ်ထုတ်ခံရတာမျိုးမဟုတ်တဲ့အတွက်တရားဝင်အလုပ်ပြန်လည်လျှောက်ထားခွင့်အတွက် သေချာအောင်မေးခဲ့ဖို့လိုပါတယ်။ တစ်ခါတစ်ရံမှာအလုပ်ထုတ်စာရင်းထဲဝင်သွားတတ်တာမို့ ဒီအချက်ကကိုယ့်ကိုနစ်နာစေပါတယ်။

၄. Bonus ရ၊မရ
တကယ်လို့သာ ကုမ္ပဏီကနှစ်စဉ်ပေးတဲ့ Bonus ဒါမှမဟုတ် လုပ်သက်အရပေးတဲ့ Bonusတွေပေးလေ့ရှိတယ်ဆိုရင် ကိုယ်လုပ်ခဲ့တဲ့လုပ်သက်နဲ့အကျုံးဝင်၊မဝင် မေးသင့်ပါတယ်။

၅. နောက်လူအတွက် Training လို၊ မလို
ဒီမေးခွန်းကိုတော့ ကိုယ်မမေးလည်းပဲအလုပ်ရှင်ဘက်ကလိုအပ်ရင်ပြောမှာဖြစ်ပါတယ်။ကိုယ့်နေရာကိုဝင်လုပ်မယ့်နောက်ဝန်ထမ်းကို ကိုယ်က Training ပေးခဲ့ရတာမျိုးတွေရှိတတ်ပါတယ်။ဒီလိုရှိတယ်ဆိုရင် Training ကာလအတွက်တိကျတဲ့အချိန်သတ်မှတ်ချက်တောင်းရမှာပါ။ ရက်စုစုပေါင်း၊ကြာချိန်နဲ့ကိုယ်လာပေးနိုင်မယ့်အချိန်ကာလကိုညှိနှိုင်းပြောဆိုနိုင်ပါတယ်။ဒါတွေကတော့ အလုပ်နားလိုက်ရပြီဆိုရင် မဖြစ်မနေမေးသင့်တဲ့အရာတွေပါ။ အလုပ်တစ်ခုနဲ့တစ်ခုခံစားခွင့်ပေးပုံချင်းလည်းမတူတာမို့ ကိုယ့်လုပ်ငန်းခွင်အခြေအနေအလိုက် မေးသင့်တဲ့အရာတွေကိုခေါင်းအေးအေးနဲ့စဉ်းစား၊ စာရွက်ပေါ်ချရေးထားပြီး မေးမြန်းဖို့အကြံပြုချင်ပါတယ်။

Ju Ju

zawgyi

အလုပ္နားတယ္ဆိုတာက အလုပ္ျဖဳတ္လိုက္တာ၊ အလုပ္ထုတ္ခံရတာနဲ႔ကြဲျပားပါတယ္ေနာ္။ကုမၸဏီဘက္က ဝန္ထမ္းေတြကိုအလုပ္နားခိုင္းတယ္ဆိုတာဟာ ဝန္ထမ္းေတြရဲ႕အျပစ္၊အမွားေတြေၾကာင့္မဟုတ္ပါဘူး။ စီးပြားေရး၊ ဘ႑ာေရးအေျခအေနေၾကာင့္ကုမၸဏီဆက္ လက္လည္ပတ္ဖို႔ခက္တဲ့အခါမ်ိဳးမွာ ဝန္ထမ္းေလွ်ာ့ခ်လိုက္တာမ်ိဳးကို ေခၚပါတယ္။အလုပ္နားရေတာ့မွာကိုသိလိုက္ၿပီဆိုရင္ ေခါင္းထဲမွာေမးခြန္းမ်ိဳးစုံကဝဲလည္ေနမွာပါ။ဘာ့ေၾကာင့္ငါ့က်မွဒီလိုျဖစ္ရတာလဲ၊ အိမ္ကိုဘယ္လိုေျပာရမလဲ၊ ငါအခုဘာလုပ္ရမလဲဆိုတဲ့ေမးခြန္းေတြက ေခါင္းထဲမွာပိုၿပီးႀကီးစိုးေနမွာျဖစ္ပါတယ္။ ဒီလိုအလုပ္နားခံရျခင္းဟာ ဘယ္ရာထူး၊ ဘယ္ Level မဆို ႀကဳံေတြ႕ႏိုင္တဲ့အရာမ်ိဳးပါ။ ဒါေၾကာင့္အလုပ္နားခံရတယ္ဆိုတိုင္းစိတ္ဓာတ္က်စရာမလိုပါဘူး။ကိုယ့္မွာအရည္အခ်င္းရွိေနသေ႐ြ႕အလုပ္တစ္ခုမဟုတ္တစ္ခုအဆင္သင့္ေစာင့္ႀကိဳေနတတ္ပါတယ္။ဒီအခ်ိန္မွာအေရးအႀကီးဆုံးက ေခါင္းေအးေအးထားၿပီးအလုပ္ရွင္ကိုဒီေမးခြန္းေတြျပန္ေမးဖို႔ျဖစ္ပါတယ္။

၁. ေနာက္ဆုံးလုပ္အားခဘယ္ေတာ့ရမွာလဲ၊ ဘယ္လိုရမွာလဲ
အလုပ္နားခံရတယ္ဆိုရင္ လစာေငြေၾကးကိစၥကအရင္ဆုံးေခါင္းထဲေရာက္လာမွာပါ။ကိုယ့္ရဲ႕ေနာက္ဆုံးလုပ္အားခကို ဘယ္ေတာ့ေပးမွာလဲ၊ ဘယ္လိုေပးမွာလဲဆိုတာကအရင္ဆုံးေမးသင့္တဲ့ေမးခြန္းပါပဲ။ ပုံမွန္အားျဖင့္ လုပ္အားခကိုခ်က္ခ်င္းေပးတာမ်ိဳး ဒါမွမဟုတ္လကုန္မွထုတ္ေပးတာမ်ိဳးလုပ္ေလ့ရွိၾကပါတယ္။

၂. ကိုယ္ရသင့္တဲ့ ပိတ္ရက္ရွည္နဲ႔ ေရွာင္တခင္ခြင့္ရက္ေတြ
အလုပ္ထြက္ရေပမယ့္ အလုပ္လုပ္ေနစဥ္အတြင္းခံစားခြင့္ရွိတဲ့ ပိတ္ရက္ရွည္နဲ႔ေရွာင္တခင္ခြင့္ရက္ေတြအတြက္ ဘယ္လိုလုပ္ေပးမွာလဲဆိုတာက ေမးသင့္တဲ့ေမးခြန္းပါ။ဒီခြင့္ရက္ေတြဟာ ကိုယ့္ခံစားခြင့္ထဲပါတဲ့အတြက္ အဲဒီအတြက္အဖိုးအခရေစဖို႔ေတာင္းဆိုႏိုင္ပါတယ္။

၃. ဝန္ထမ္းသစ္ေခၚတဲ့အခါျပန္ေလွ်ာက္ခြင့္
ေနာင္တစ္ခ်ိန္ကုမၸဏီမွာလစ္လပ္ေနရာေပၚလာတဲ့အခါ အလုပ္ျပန္ေလွ်ာက္ခြင့္ရွိ၊မရွိေမးျမန္းရမွာျဖစ္ပါတယ္။ ကိုယ္က အျပစ္တစ္ခုခုေၾကာင့္ အလုပ္ထုတ္ခံရတာမ်ိဳးမဟုတ္တဲ့အတြက္တရားဝင္အလုပ္ျပန္လည္ေလွ်ာက္ထားခြင့္အတြက္ ေသခ်ာေအာင္ေမးခဲ့ဖို႔လိုပါတယ္။ တစ္ခါတစ္ရံမွာအလုပ္ထုတ္စာရင္းထဲဝင္သြားတတ္တာမို႔ ဒီအခ်က္ကကိုယ့္ကိုနစ္နာေစပါတယ္။

၄. Bonus ရ၊မရ
တကယ္လို႔သာ ကုမၸဏီကႏွစ္စဥ္ေပးတဲ့ Bonus ဒါမွမဟုတ္ လုပ္သက္အရေပးတဲ့ Bonusေတြေပးေလ့ရွိတယ္ဆိုရင္ ကိုယ္လုပ္ခဲ့တဲ့လုပ္သက္နဲ႔အက်ဳံးဝင္၊မဝင္ ေမးသင့္ပါတယ္။

၅. ေနာက္လူအတြက္ Training လို၊ မလို
ဒီေမးခြန္းကိုေတာ့ ကိုယ္မေမးလည္းပဲအလုပ္ရွင္ဘက္ကလိုအပ္ရင္ေျပာမွာျဖစ္ပါတယ္။ကိုယ့္ေနရာကိုဝင္လုပ္မယ့္ေနာက္ဝန္ထမ္းကို ကိုယ္က Training ေပးခဲ့ရတာမ်ိဳးေတြရွိတတ္ပါတယ္။ဒီလိုရွိတယ္ဆိုရင္ Training ကာလအတြက္တိက်တဲ့အခ်ိန္သတ္မွတ္ခ်က္ေတာင္းရမွာပါ။ ရက္စုစုေပါင္း၊ၾကာခ်ိန္နဲ႔ကိုယ္လာေပးႏိုင္မယ့္အခ်ိန္ကာလကိုညႇိႏႈိင္းေျပာဆိုႏိုင္ပါတယ္။ဒါေတြကေတာ့ အလုပ္နားလိုက္ရၿပီဆိုရင္ မျဖစ္မေနေမးသင့္တဲ့အရာေတြပါ။ အလုပ္တစ္ခုနဲ႔တစ္ခုခံစားခြင့္ေပးပုံခ်င္းလည္းမတူတာမို႔ ကိုယ့္လုပ္ငန္းခြင္အေျခအေနအလိုက္ ေမးသင့္တဲ့အရာေတြကိုေခါင္းေအးေအးနဲ႔စဥ္းစား၊ စာ႐ြက္ေပၚခ်ေရးထားၿပီး ေမးျမန္းဖို႔အႀကံျပဳခ်င္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*