တိရစ္ဆာန်ချစ်သူတွေအနေနဲ့နိုင်ငံတကာမှာဘာအလုပ်တွေလုပ်လို့ရနိုင်သလဲ

Man training a group of titi monkeys.

အသက်မွေးဝမ်းကျောင်းအလုပ်ဆိုတဲ့နေရာမှာ ကိုယ်ချစ်တဲ့အရာတွေ၊ ကိုယ်စိတ်ဝင်စားတဲ့အရာတွေ၊ကိုယ်ဝါသနာပါတဲ့အရာတွေနဲ့ဝင် ငွေရတယ်ဆိုရင်တော့ ပျော်စရာအကောင်းဆုံးပါပဲ။လူတိုင်းဟာ ရုံးခန်းထဲမှာပဲအလုပ်လုပ်ချင်မှလုပ်ကြမှာပါ။ကိုယ်ချစ်တဲ့အကောင်လေးတွေ၊တိရစ္ဆာန်လေးတွေနဲ့ နီးနီးကပ်ကပ်နေခွင့်ရတဲ့အလုပ်မျိုးတွေကိုလည်းတချို့သောသူတွေကရူးရူးမူးမူးစိတ်ဝင်စားကြတာမျိုးရှိပါတယ်။ဒါ့ကြောင့်လည်း ကိုယ်ကသာတိချစ်သူတစ်ယောက်ဆိုရင်၊ သာမန်ထက်ပိုပြီးတိရစ္ဆာန်လေးတွေကိုချစ်ခင်တွယ်တာခဲ့ရင် အောက်မှာဖော်ပြထားတဲ့အလုပ်တွေရနိုင်ဖို့စဥ်းစားကြည့်နိုင်ပါတယ်။

တိရစ္ဆာန်ကုဆရာဝန်
ကိုယ်ကငယ်ငယ်ကတည်းက တိရစ္ဆာန်လေးတွေကိုထူးထူးကဲကဲချစ်ခင်တတ်တယ်ဆိုရင်တိရစ္ဆာန်ကုဆရာဝန်ဖြစ်အောင်ကြိုးစားတာက ကိုယ့်အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ ဒီအလုပ်ဟာဘယ်နိုင်ငံမှာမဆိုဝင်ငွေကောင်းတဲ့အလုပ်ဖြစ်ပါတယ်။ကိုယ်ချစ်တဲ့တိရစ္ဆာန်လေးတွေရဲ့ကျန်းမာရေး၊လှပရေးအားလုံးကို ဂရုစိုက်ပေးနိုင်တာမို့လူလည်းပျော်ရွှင်မှုရပြီး အာမခံချက်ရှိတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်လည်းဖြစ်ပါတယ်။

အဏ္ဏဝါဇီဝဗေဒပညာရှင်
ပင်လယ်ကိုလည်းချစ်တယ်၊ လှိုင်းတွေကြားမှာလည်းနေနိုင်တယ်၊ရေအောက်ကမ္ဘာကိုသဘောကျတယ်ဆိုရင်တော့ Marine biologist အနေနဲ့လုပ်ဆောင်နိုင်ပါတယ်။ရေငန်ပတ်ဝန်းကျင်ကို အထူးပြုလေ့လာတဲ့သိပ္ပံပညာရှင် ဒါမှမဟုတ်ရေအောက်သက်ရှိတွေကိုခွဲခြမ်းလေ့ လာတဲ့ အဏ္ဏဝါဇီဝဗေဒပညာရှင်လုပ်လို့ရပါတယ်။ပင်လယ်အောက်ရေငုပ်တာအပြင် ဓာတ်ခွဲခန်းထဲမှာစမ်းသပ်လေ့လာရတာမျိုးတွေကိုလုပ်ဆောင်ရမှာပါ။

တိရစ္ဆာန်ဥယျာဥ်စောင့်
တိရစ္ဆာန်ဥယျာဥ်စောင့်အလုပ်ကလည်း တိရစ္ဆာန်ချစ်သူတွေအတွက်တကယ့်ကိုမက်မောစရာကောင်းတဲ့အလုပ်ပါပဲ။ ဒီဘက်ခေတ် က လေးငယ်တော်တော်များများက Zookeeper ဖြစ်ချင်ကြပါတယ်။ ကမ္ဘာအနှံ့ကလာတဲ့ မတူညီတဲ့တိရစ္ဆာန်လေးတွေအများကြီးကိုစောင့် ရှောက်ကျွေးမွေးရတာ၊ ဂရုစိုက်ရတာ၊ ရုတ်တရက်ထိခိုက်ဒဏ်ရာရချိန်ကုသပေးရတာ၊အနီးကပ်ထိတွေ့နေနိုင်တာတွေက တိရစ္ဆာန်ချစ် သူတွေကို ပျော်ရွှင်စေမှာပါ။

အိမ်မွေးတိရစ္ဆာန်အလှပြုပြင်သူ
ဒီအလုပ်ကိုတော့ ဒီနိုင်ငံမှာလည်းအများကြီးလုပ်ဆောင်ကြပါတယ်။ Pet spa ၊ Pet Saloon တွေကိုလုပ်ဆောင်နေသူအားလုံးဟာ အိမ်မွေးတိရစ္ဆာန်လေးတွေကိုတကယ်ချစ်ပြီးသူတို့အကြောင်းကိုကောင်းကောင်းနားလည်သူတွေဖြစ်ကြပါတယ်။အိမ်မွေးတိရစ္ဆာန်လေးတွေကို ရေချိုးပေးမယ်၊ အမွေးလေးတွေညှပ်မယ်၊ ခြေသည်းလေးတွေညှပ်မယ်၊တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ဂရုစိုက်ပေးမယ် စတာလေးတွေအဓိကလုပ်ဆောင်ရပါတယ်။ဒီအပိုင်းကိုကျွမ်းကျင်ရင် တခြားသောနိုင်ငံတွေမှာလည်းအလုပ်ရဖို့အခွင့်အလမ်းတွေရှိပါတယ်။
ဒါအပြင် ပိုင်ရှင်တွေ၊ သခင်တွေခရီးသွားချိန်မျိုးမှာ အိမ်မွေးတိရစ္ဆာန်လေးတွေကိုခေါ်ထိန်းပေးထား၊စောင့်ရှောက်ပေးထားရတဲ့ အလုပ်ကိုလည်းလုပ်ဆောင်နိုင်ပါတယ်။

တောတွင်းတိရစ္ဆာန်ရိုက်ကူးရေး
ကိုယ်ကဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးနိုင်တယ်၊ တည်းဖြတ်နိုင်တယ်ဆိုရင် တောတွင်းတိရစ္ဆာန်လေးတွေကို ပဲသီးသန့်ရိုက်ကူးတဲ့ရိုက်ကူးရေးသမား လုပ်လို့ရပါတယ်။ Channel တစ်ခုခုဆီပြန်ရောင်းတာမျိုး၊ဒါမှမဟုတ် ကိုယ်ပိုင် YouTube Channel လုပ်ပြီးတင်တာမျိုးတွေလည်းလုပ်နိုင်ပါတယ်။ ဒါကလည်းဝါသနာနဲ့ ဝင်ငွေရှာခြင်းပါပဲ။

ခွေးကျောင်းပေးခြင်း
အနောက်နိုင်ငံတွေမှာတော့ ခွေးကျောင်းတဲ့အလုပ်ကခေတ်စားပါတယ်။ချစ်စရာကောင်းတဲ့ခွေးလေးတွေနဲ့အချိန်ဖြုန်းရမှာဖြစ်သလို ဝင် ငွေလည်းရဦးမှာပါ။ ဒီအလုပ်ကိုအချိန်ပြည့် ဒါမှမဟုတ် အချိန်ပိုင်းအနေနဲ့လုပ်ဆောင်နိုင်ပါတယ်။ ခွေးကျောင်းကျွမ်းကျင်သူတွေကတစ် ပြိုင်တည်းနဲ့ခွေးတွေအများကြီးကိုထိန်းကျောင်းသွားနိုင်စွမ်းရှိကြပါတယ်။ဒါလေးတွေကတော့ ကိုယ်ချစ်တဲ့အရာတွေနဲ့အသက်မွေး ဝမ်း ကျောင်းအလုပ်တစ်ခုလုပ်ကိုင်နိုင်အောင်စဥ်းစားကြည့်သင့်တဲ့အရာလေးတွေပဲဖြစ်ပါတယ်။

Ju Ju

zawgyi

အသက္ေမြးဝမ္းေက်ာင္းအလုပ္ဆိုတဲ့ေနရာမွာ ကိုယ္ခ်စ္တဲ့အရာေတြ၊ ကိုယ္စိတ္ဝင္စားတဲ့အရာေတြ၊ကိုယ္ဝါသနာပါတဲ့အရာေတြနဲ႔ဝင္ ေငြရတယ္ဆိုရင္ေတာ့ ေပ်ာ္စရာအေကာင္းဆုံးပါပဲ။လူတိုင္းဟာ ႐ုံးခန္းထဲမွာပဲအလုပ္လုပ္ခ်င္မွလုပ္ၾကမွာပါ။ကိုယ္ခ်စ္တဲ့အေကာင္ေလးေတြ၊တိရစာၦန္ေလးေတြနဲ႔ နီးနီးကပ္ကပ္ေနခြင့္ရတဲ့အလုပ္မ်ိဳးေတြကိုလည္းတခ်ိဳ႕ေသာသူေတြက႐ူး႐ူးမူးမူးစိတ္ဝင္စားၾကတာမ်ိဳးရွိပါတယ္။ဒါ့ေၾကာင့္လည္း ကိုယ္ကသာတိခ်စ္သူတစ္ေယာက္ဆိုရင္၊ သာမန္ထက္ပိုၿပီးတိရစာၦန္ေလးေတြကိုခ်စ္ခင္တြယ္တာခဲ့ရင္ ေအာက္မွာေဖာ္ျပထားတဲ့အလုပ္ေတြရႏိုင္ဖို႔စဥ္းစားၾကည့္ႏိုင္ပါတယ္။

တိရစာၦန္ကုဆရာဝန္
ကိုယ္ကငယ္ငယ္ကတည္းက တိရစာၦန္ေလးေတြကိုထူးထူးကဲကဲခ်စ္ခင္တတ္တယ္ဆိုရင္တိရစာၦန္ကုဆရာဝန္ျဖစ္ေအာင္ႀကိဳးစားတာက ကိုယ့္အတြက္မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ပါ။ ဒီအလုပ္ဟာဘယ္ႏိုင္ငံမွာမဆိုဝင္ေငြေကာင္းတဲ့အလုပ္ျဖစ္ပါတယ္။ကိုယ္ခ်စ္တဲ့တိရစာၦန္ေလးေတြရဲ႕က်န္းမာေရး၊လွပေရးအားလုံးကို ဂ႐ုစိုက္ေပးႏိုင္တာမို႔လူလည္းေပ်ာ္႐ႊင္မႈရၿပီး အာမခံခ်က္ရွိတဲ့ အသက္ေမြးဝမ္းေက်ာင္းအလုပ္လည္းျဖစ္ပါတယ္။

အဏၰဝါဇီဝေဗဒပညာရွင္
ပင္လယ္ကိုလည္းခ်စ္တယ္၊ လႈိင္းေတြၾကားမွာလည္းေနႏိုင္တယ္၊ေရေအာက္ကမာၻကိုသေဘာက်တယ္ဆိုရင္ေတာ့ Marine biologist အေနနဲ႔လုပ္ေဆာင္ႏိုင္ပါတယ္။ေရငန္ပတ္ဝန္းက်င္ကို အထူးျပဳေလ့လာတဲ့သိပၸံပညာရွင္ ဒါမွမဟုတ္ေရေအာက္သက္ရွိေတြကိုခြဲျခမ္းေလ့ လာတဲ့ အဏၰဝါဇီဝေဗဒပညာရွင္လုပ္လို႔ရပါတယ္။ပင္လယ္ေအာက္ေရငုပ္တာအျပင္ ဓာတ္ခြဲခန္းထဲမွာစမ္းသပ္ေလ့လာရတာမ်ိဳးေတြကိုလုပ္ေဆာင္ရမွာပါ။

တိရစာၦန္ဥယ်ာဥ္ေစာင့္
တိရစာၦန္ဥယ်ာဥ္ေစာင့္အလုပ္ကလည္း တိရစာၦန္ခ်စ္သူေတြအတြက္တကယ့္ကိုမက္ေမာစရာေကာင္းတဲ့အလုပ္ပါပဲ။ ဒီဘက္ေခတ္ က ေလးငယ္ေတာ္ေတာ္မ်ားမ်ားက Zookeeper ျဖစ္ခ်င္ၾကပါတယ္။ ကမာၻအႏွံ႔ကလာတဲ့ မတူညီတဲ့တိရစာၦန္ေလးေတြအမ်ားႀကီးကိုေစာင့္ ေရွာက္ေကြၽးေမြးရတာ၊ ဂ႐ုစိုက္ရတာ၊ ႐ုတ္တရက္ထိခိုက္ဒဏ္ရာရခ်ိန္ကုသေပးရတာ၊အနီးကပ္ထိေတြ႕ေနႏိုင္တာေတြက တိရစာၦန္ခ်စ္ သူေတြကို ေပ်ာ္႐ႊင္ေစမွာပါ။

အိမ္ေမြးတိရစာၦန္အလွျပဳျပင္သူ
ဒီအလုပ္ကိုေတာ့ ဒီႏိုင္ငံမွာလည္းအမ်ားႀကီးလုပ္ေဆာင္ၾကပါတယ္။ Pet spa ၊ Pet Saloon ေတြကိုလုပ္ေဆာင္ေနသူအားလုံးဟာ အိမ္ေမြးတိရစာၦန္ေလးေတြကိုတကယ္ခ်စ္ၿပီးသူတို႔အေၾကာင္းကိုေကာင္းေကာင္းနားလည္သူေတြျဖစ္ၾကပါတယ္။အိမ္ေမြးတိရစာၦန္ေလးေတြကို ေရခ်ိဳးေပးမယ္၊ အေမြးေလးေတြညႇပ္မယ္၊ ေျခသည္းေလးေတြညႇပ္မယ္၊တစ္ကိုယ္ေရသန႔္ရွင္းေရးအတြက္ဂ႐ုစိုက္ေပးမယ္ စတာေလးေတြအဓိကလုပ္ေဆာင္ရပါတယ္။ဒီအပိုင္းကိုကြၽမ္းက်င္ရင္ တျခားေသာႏိုင္ငံေတြမွာလည္းအလုပ္ရဖို႔အခြင့္အလမ္းေတြရွိပါတယ္။
ဒါအျပင္ ပိုင္ရွင္ေတြ၊ သခင္ေတြခရီးသြားခ်ိန္မ်ိဳးမွာ အိမ္ေမြးတိရစာၦန္ေလးေတြကိုေခၚထိန္းေပးထား၊ေစာင့္ေရွာက္ေပးထားရတဲ့ အလုပ္ကိုလည္းလုပ္ေဆာင္ႏိုင္ပါတယ္။

ေတာတြင္းတိရစာၦန္႐ိုက္ကူးေရး
ကိုယ္ကဓာတ္ပုံ၊ ဗီဒီယို႐ိုက္ကူးႏိုင္တယ္၊ တည္းျဖတ္ႏိုင္တယ္ဆိုရင္ ေတာတြင္းတိရစာၦန္ေလးေတြကို ပဲသီးသန႔္႐ိုက္ကူးတဲ့႐ိုက္ကူးေရးသမား လုပ္လို႔ရပါတယ္။ Channel တစ္ခုခုဆီျပန္ေရာင္းတာမ်ိဳး၊ဒါမွမဟုတ္ ကိုယ္ပိုင္ YouTube Channel လုပ္ၿပီးတင္တာမ်ိဳးေတြလည္းလုပ္ႏိုင္ပါတယ္။ ဒါကလည္းဝါသနာနဲ႔ ဝင္ေငြရွာျခင္းပါပဲ။

ေခြးေက်ာင္းေပးျခင္း
အေနာက္ႏိုင္ငံေတြမွာေတာ့ ေခြးေက်ာင္းတဲ့အလုပ္ကေခတ္စားပါတယ္။ခ်စ္စရာေကာင္းတဲ့ေခြးေလးေတြနဲ႔အခ်ိန္ျဖဳန္းရမွာျဖစ္သလို ဝင္ ေငြလည္းရဦးမွာပါ။ ဒီအလုပ္ကိုအခ်ိန္ျပည့္ ဒါမွမဟုတ္ အခ်ိန္ပိုင္းအေနနဲ႔လုပ္ေဆာင္ႏိုင္ပါတယ္။ ေခြးေက်ာင္းကြၽမ္းက်င္သူေတြကတစ္ ၿပိဳင္တည္းနဲ႔ေခြးေတြအမ်ားႀကီးကိုထိန္းေက်ာင္းသြားႏိုင္စြမ္းရွိၾကပါတယ္။ဒါေလးေတြကေတာ့ ကိုယ္ခ်စ္တဲ့အရာေတြနဲ႔အသက္ေမြး ဝမ္း ေက်ာင္းအလုပ္တစ္ခုလုပ္ကိုင္ႏိုင္ေအာင္စဥ္းစားၾကည့္သင့္တဲ့အရာေလးေတြပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*