
ယာဉ်မောင်းလိုင်စင်မရှိတဲ့ မရိုင်းယားကယ်ရီ
ခရစ္စမတ်ဘုရင်မလို့နာမည်ရတဲ့ အဆိုတော်မရိုင်းယားကယ်ရီကသူမမှာယာဉ်မောင်းလိုင်စင်မရှိတဲ့အကြောင်း၊ တစ်ယောက်တည်းကားမောင်းပြီးဘယ်ကိုမှသွားလို့မရတဲ့အကြောင်းကို Talk Show မှာဖွင့်ဟခဲ့ပါတယ်။သူမယာဉ်မောင်းလိုင်စင်မရှိရတဲ့အကြောင်းရင်းကို ဂျနီဖာဟတ်ဆန်ကိုပြောပြခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်သူမက ယာဉ်မောင်းလိုင်စင်ရဖို့ဆိုတာသူမရဲ့ဒီနှစ်ပြည့်ချင်တဲ့ဆုတောင်းတစ်ခုဖြစ်တယ်လို့ဖွင့်ဟခဲ့တာပါ။“ကျွန်မကကားမောင်းတတ်ပါတယ်နော်။ ဒါပေမဲ့ ကျွန်မရဲ့ယာဉ်မောင်းလိုင်စင်ကသက်တမ်းကုန်နေခဲ့တာ ၇ နှစ်လောက်ရှိပါပြီ။ နယူးယော့ခ်မှာနေတုန်းက သက်တမ်းကျော်သွားခဲ့တာ။အခုတစ်ယောက်ယောက်ကကားမောင်းပြီးမပို့ရင် ကျွန်မဘယ်ကိုမှသွားလို့မရဘူး”လို့ပြောခဲ့တာဖြစ်ပါတယ်။“အခုလိုင်စင်ပြန်ဖြေရင်ကျွန်မ မအောင်မှာကြောက်နေတယ်”လို့ သူမကပြောတာမို့ ဂျနီဖာဟတ်ဆန်က“ငါမင်းနဲ့တူတူရှိပါတယ်” လို့ အားပေးစကားဆိုခဲ့ပါသေးတယ်။မရိုင်းယားကယ်ရီဟာ ဒီဇင်ဘာလမှာ မြောက်အမေရိကရဲ့ မြို့တွေအနှံ့ဖျော်ဖြေဖို့ရှိနေပါတယ်။ All I […]