ဝန်ထမ်းရဲ့စိတ်ဓာတ်ကိုဖျက်ဆီးနေသောအရာများ

September 18, 2023 Aung Khant Mon 0

အလုပ်မှာမပျော်တဲ့၊ တက်ကြွမှုမရှိတဲ့ ဝန်ထမ်းတွေကို အကောင်းဆုံးဝန်ထမ်းတွေလို့ဘယ်လိုမှသတ်မှတ်နိုင်မှာမဟုတ်ပါဘူးနော်။ဝန် ထမ်းတစ်ယောက်ရဲ့အလုပ်အပေါ်စိတ်ပျက်နေမှုဟာအဖွဲ့ထဲမှာရှိတဲ့တခြားသောဝန်ထမ်းတွေကိုလည်း သက်ရောက်မှုရှိပါတယ်။ အဖွဲ့ဝင်အားလုံးရဲ့အလုပ်လုပ်ဆောင်နိုင်စွမ်းနဲ့ ရလဒ်ကောင်းတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ဒါအပြင်ဝန်ထမ်းတွေကို အလုပ်မှာတက်ကြွအောင်မစွမ်းဆောင်နိုင်တဲ့မန်နေဂျာကိုညံ့ဖျင်းတဲ့မန်နေဂျာလို့သတ်မှတ်ရမှာပဲဖြစ်ပါတယ်။ဝန်ထမ်းတွေရဲ့စိတ်ဓာတ်နဲ့အလုပ်အပေါ်ထားတဲ့စေတနာကိုဖျက်ဆီးနေတဲ့အရာတွေကဘာတွေများဖြစ်မလဲ။ ဒီအရာတွေကိုသိရှိနားလည်ပြီဆိုရင်ကိုယ့်ရဲ့လုပ်ငန်းခွင်တစ်ခုလုံးကောင်းမွန်တိုးတက်စေမယ့်နည်းတွေကိုဆက်လက်လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ ကုမ္ပဏီရဲ့ကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ နည်းဗျူဟာချမှတ်မှုတွေထဲမှာပါဝင်ခွင့်မရဘူးဆိုရင် လည်း အလုပ်အပေါ်ယုံ ကြည်ချက်နဲ့ စိတ်ထက်သန်မှုတွေလျော့လာတတ်ပါတယ်။ဒါကြောင့်လုပ်ငန်းခွင်အပြောင်းအလဲဘာတွေလုပ်မယ်၊ဘယ်လိုလုပ်ဆောင်မယ်ဆိုတာတွေကိုသူတို့ကိုအသိပေးပါ။ အကောင်းဆုံးက ပြောင်းလဲမယ့်အစီအစဉ်အသစ်နဲ့ ရည်မှန်းချက်တွေချမှတ်ရာမှာသူတို့ကိုဝင်ပါခိုင်းရင် အကောင်းဆုံးပါပဲ။ ကုမ္ပဏီရဲ့ကိစ္စရပ်တိုင်းမှာသူတို့ကိုမပါဝင်ခိုင်းနိုင်ဘူးဆိုရင်တော့ ပြောင်းလဲမှုတွေမလုပ်ဆောင်ခင်သေချာ ပေါက်ကြိုတင်ရှင်းပြဖို့တော့လိုပါတယ်။ […]

လစာညှိနှိုင်းချိန်မှာ မပြောသင့်သောစကား ၅ ခွန်း

September 17, 2023 Aung Khant Mon 0

ကျွန်မတို့အနေနဲ့ လစာညှိနှိုင်းချိန်မှာ ဘာတွေပြောရမယ်၊ ဘာတော့မပြောသင့်ဘူးဆိုတာတွေကကျောင်းကသင်ပေးလိုက်တာမျိုးတော့မဟုတ်ပါဘူး။ ဒါတွေကအလုပ်တွေလုပ်ရင်းသိလာရတဲ့ဘဝအတွေ့အကြုံလို့ဆိုနိုင်ပါတယ်။ လစာတောင်းချိန်၊ လစာညှိနှိုင်းချိန်မှာဒီအဆင့်တွေအတိုင်လုပ်ဆောင်ပါဆိုတဲ့ သေချာတဲ့ပြဌာန်းချက်တွေမရှိပေမယ့်အတွေ့အကြုံရှိသူတွေရဲ့မျှဝေချက်တွေကိုတော့ မှတ် သားလိုက်နာနိုင်ပါတယ်။ ဒါကြောင့်လည်းကိုယ်တိုင်တွေးခေါ်ဆုံးဖြတ်ပြီး ယူသင့်တဲ့အချက်ကိုယူနိုင်စေဖို့လစာညှိနှိုင်းတဲ့အချိန်မှာမပြောသင့်တဲ့စကား ၅ ခွန်းကိုမျှဝေပေးလိုက်ပါတယ်။ တစ်ခါတည်းပြောရုံနဲ့လက်ခံမိခြင်း ကုမ္ပဏီဘက်က လစာကိုဒီလောက်ပါလို့ပြောတာနဲ့ ကိုယ်က “ဟုတ်ကဲ့၊လက်ခံပါတယ်”ဆိုတာမျိုးတော်တော်များများကလုပ်မိတတ်ကြပါတယ်။ တကယ်တော့လစာပမာဏကိုပြောတဲ့အခါကုမ္ပဏီဘက်က ထပ်တိုးပေးနိုင်သေးတဲ့ပမာဏကိုချန်ထားပြီး အနည်းဆုံးပမာဏနဲ့စတင်စကားပြောကြတာများပါတယ်။ သူတို့ဘက်ကစတင်ကမ်းလှမ်းတဲ့နှုန်းထားဟာအပြီးသတ်ညှိနှိုင်းမှုမဟုတ်သေးပါဘူး။ ဒါကြောင့်လစာသတ်မှတ်တဲ့အခါတစ်ကြိမ်တည်းပြောရုံနဲ့လက်မခံဘဲ မေးခွန်းတွေထပ်မေးပြီးညှိနှိုင်းကြည့်သင့်ပါတယ်နော်။ […]

ကိုင်တွယ်ရခက်သော Customer Type (၄) မျိုးနဲ့အကောင်းဆုံးဖြေရှင်းနည်း

September 16, 2023 Aung Khant Mon 0

ကိုယ်က Customer တွေနဲ့ပြောဆိုဆက်ဆံရတဲ့အပိုင်းမှာတာဝန်ယူထားရတယ်ဆိုရင် ကိုယ့်ဆီမှာ Customer Service Skill ကောင်း ကောင်းရှိထားဖို့လိုအပ်ပါတယ်နော်။သမားရိုးကျ Customer မျိုးမဟုတ်ဘဲ စိတ်အလိုမကျဖြစ်တတ်တဲ့၊ ပြောဆိုဆက်ဆံရခက်ခဲတဲ့ Customer မျိုးတွေကိုလည်း မလွဲမသွေကြုံတွေ့ရမှာပါ။ ဒီလိုကြုံလာခဲ့ရင် ကိုယ့်ဘက်က Professional ကျကျဘယ်လိုပြောဆိုဖြေရှင်းမလဲဆိုတာကိုသိထားသင့်ပါတယ်။ ယေဘုယျအားဖြင့်တော့ ကိုင်တွယ်ရခက်ခဲတဲ့ Customer ပုံစံလေးမျိုးရှိပါတယ်။ အဲဒါတွေကတော့ […]

အရိပ်သုံးပါးနားမလည်တဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ဆုံတဲ့အခါ

September 15, 2023 Aung Khant Mon 0

လုပ်ငန်းခွင်ဘဝမှာ လူတော်တော်များများဟာ အရိပ်အကဲနားမလည်တဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့ ဆုံကြရတတ်ပါတယ်။ ကိုယ့်အလုပ် ခွင်မှာစိတ်ပျက်စရာလုပ်ဖော်ကိုင်ဖက်ရှိနေခြင်းကအလုပ်တက်ရက် မနက်ခင်းတိုင်းကိုကြောက်မိနေမှာဖြစ်သလိုကိုယ့်ရဲ့အလုပ်လုပ်နိုင်စွမ်းကိုလည်းကျဆင်းစေပါတယ်။ ဒီလိုလူတွေရဲ့အပြုအမူနဲ့ကိုယ်ရည်ကိုယ်သွေးကိုပြောင်းလဲဖို့မလွယ်ကူပေမယ့်ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့အလုပ်ကိုမထိခိုက်ရလေအောင်တချို့သောနည်းလမ်းလေးတွေကိုအသုံးချနိုင်ပါတယ်။ သူ့ကိုတိုက်ရိုက်ပြောဆိုပါ တကယ်တော့ လုပ်ငန်းခွင်မှာလူတွေကိုအနှောင့်အယှက်ပေးနေသူတွေဟာ သူတို့ရဲ့အပြုအမူကတစ် ပါးသူတွေကိုထိခိုက်နေတယ်ဆိုတဲ့အချက်ကို မသိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲ ဆိုတော့ သူတို့ကိုဘယ်သူကမှ ထောက်ပြပြောဆိုတာမျိုးမလုပ်ချင်ကြလို့ပါ။ ကိုယ်ကဒီလိုစိတ်အ နှောင့်အယှက်ပေးနေသူကို တိုက်ရိုက်သွားပြောဖို့ဆိုတာသိပ်တော့မလွယ်ကူပါဘူး။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရမှာဖြစ်သလို ဖွင့်ပြောနိုင်အောင်လည်းအားစိုက်ထုတ်ရမှာပါ။ကိုယ့်မှာဒီလိုပြောဆိုဖို့ အခွင့်အရေးလည်းရှိပါတယ်။ ဒီလိုဖွင့်ပြောလိုက်တာကသူတို့ရဲ့အမူအကျင့်တွေကိုပြုပြင်ဖို့မလွယ်ကူနိုင်ပေမယ့် ကိုယ့်ကိုထိခိုက်မှုနည်းတဲ့အခြေအနေမျိုးကိုပြောင်းလဲသွားစေနိုင်ပါတယ်။ White […]

အင်တာဗျူးဖြေတဲ့အခါကိုယ့်အားနည်းချက်တွေကိုအားသာချက်ဖြစ်သွားအောင်ဘယ်လိုဖြေကြမလဲ

September 13, 2023 Aung Khant Mon 0

အလုပ်အင်တာဗျူးတစ်ခုမှာ သူဌေးကကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တာရော၊လုပ်ငန်းကျွမ်းကျင်မှုနဲ့ပတ်သက်တာရောစုံစုံစိစိမေးမယ်ဆိုတာကိုကြိုတင်တွက်ဆပြင်ဆင်ထားသင့်ပါတယ်နော်။ အင်တာဗျူးဖြေချိန်မှာကိုယ့်ရဲ့အားနည်းချက်တွေကိုချန်လှပ်ထားလို့မရဘဲ ဖြေရမယ့်အနေ အထားရောက်လာတတ်ပါတယ်။ဒီလိုအချိန်မှာ ကိုယ့်ရဲ့အားနည်းချက်တွေကို အားသာချက်ဖြစ်သွားအောင်မေးခွန်းတွေကိုဘယ်လိုလှလှပပဖြေဆိုနိုင်မလဲဆိုတဲ့အကြံပြုချက်လေးတွေကိုမျှဝေပေးချင်ပါတယ်နော်။ အရင်အလုပ်ကအခက်အခဲ အရင်အလုပ်မှာဘာတွေအဆင်မပြေတာရှိလဲ၊ ဘာအခက်အခဲတွေရှိခဲ့လဲဆိုတဲ့မေးခွန်းမျိုးကိုအင် တာဗျူးတဲ့သူအားလုံးနီးပါးမေးလေ့ရှိကြပါတယ်။ ဒီလိုအချိန်မှာ အရင်အလုပ်ရှင်ကိုအပြစ်တင်တာ၊လုပ်ငန်းခွင်ကိုအပြစ်တင်ပြောဆိုတာထက် အခက်အခဲတွေကိုကိုယ်ဘယ် လိုကြိုးစားကျော်လွှားခဲ့လဲဆိုတဲ့အချက်ကိုပဲ အလေးပေးပြီးဖြေကြားပေးပါ။ကိုယ်ရခဲ့တဲ့အတွေ့အကြုံတွေကိုအသုံးချပြီး နောက်အလုပ်မှာဘယ်လိုအကျိုးရှိအောင်လုပ်နိုင်မလဲဆိုတာမျိုးကို ပြောပြနိုင်ပါတယ်။ လုပ်ငန်းအတွေ့အကြုံမရှိခြင်း အလုပ်ရှင်ခန့်ထားချင်တဲ့ရာထူးနေရာနဲ့ ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံကကိုက်ညီမှုမရှိဘူးဆိုရင်စိတ် ပျက်သွားဖို့မလိုပါဘူး။ အဲဒီရာထူးနေရာကိုမလုပ်ဖူးပေမယ့် ကျွန်တော်၊ကျွန်မကဒီဘက်အပိုင်းမှာပိုအတွေ့အကြုံများခဲ့တော့ […]

လိုက်လျောညီထွေနေတတ်သူတို့ရွေးချယ်သင့်သောအလုပ်အကိုင်များ

September 11, 2023 Aung Khant Mon 0

လိုက်လျောညီထွေနေတတ်တယ်၊ မီးစင်ကြည့်ကတတ်တယ်ဆိုတာဟာလည်း အရည်အချင်းတစ်ရပ်ပါ။အလုပ်ကလိုအပ်ရင်လိုအပ်သလို ကိုယ်ကပြောင်းလဲလုပ်ဆောင်နိုင်တယ်၊လူတွေနဲ့လိုက်လျောညီ ထွေနေတတ်တဲ့အရည်အသွေးကို မွေးရာပါပိုင်ဆိုင်ထားတယ်ဆိုရင်ဒီအလုပ်တွေကိုရွေးချယ်သင့်ပါတယ်နော်။ Management ၂၁ ရာစု ခေါင်းဆောင်ကောင်းတွေရဲ့အရည်အချင်းထဲမှာ လိုက်လျောညီထွေနေတတ်ခြင်း၊ကြုံလာသမျှကိုအဆင်ပြေအောင်အမြန်ဆုံးပြောင်းလဲလုပ်ဆောင်နိုင်ခြင်းတွေလည်းပါဝင်နေပါတယ်။ခေါင်း ဆောင်မှုအနုပညာနဲ့ပတ်သက်ရင် လာမယ့်နှစ်တွေအတွင်းမှပေါ်ပြူလာဖြစ်လာမယ့် အချက် ၂ ချက်လည်းရှိပါတယ်။ အဲဒါတွေကတော့ ဝန်ထမ်းတွေကို Motivate ဖြစ်အောင်လုပ်နိုင်စွမ်းနဲ့မတူညီတဲ့ယဉ် ကျေးမှုဓလေ့ထုံးစံတွေကြားအဆင်ပြေအောင်နေထိုင်တတ်ခြင်းဆိုတဲ့ ၂ ချက်ပါပဲ။ခေါင်း ဆောင်တွေဟာ ဝန်ထမ်းတွေရဲ့လိုအပ်ချက်နဲ့သဘော […]

လုပ်ငန်းခွင်ထဲမှာ Creativity ကောင်းအောင်ဘာတွေလုပ်ဆောင်ပေးနိုင်မလဲ

September 10, 2023 Aung Khant Mon 0

ဖန်တီးနိုင်စွမ်း Creativity ဆိုတာက ဘဝရဲ့အစိတ်အပိုင်းအများကြီးမှာအသုံးဝင်ပါတယ်။လုပ်ငန်းခွင်မှအစ ပြဿနာအမျိုးမျိုးကိုဖြေရှင်းတဲ့နေရာအထိ Creativity ကပါဝင်နေမှာဖြစ်ပါတယ်။လုပ်ငန်းခွင်ထဲမှာဖန်တီးနိုင်စွမ်းတိုးလာအောင်ပံ့ပိုးပေးတာက အလုပ်အတွက်ဆန်းသစ်တဲ့အဖြေတွေရလာစေပါတယ်။ ပရောဂျက်အသစ်လာတိုင်းမြန်မြန်သင်ယူလုပ်ဆောင်နိုင်တယ်၊Customer ရဲ့တောင်းဆိုမှုကိုထူးခြားတဲ့အိုင်ဒီယာတွေနဲ့ဝန်ဆောင်မှုပေးနိုင်လာတယ်၊အလုပ်ကိုငြီးငွေ့တာမျိုးမရှိဘဲအလုပ်မှာပိုမိုပျော်ရွှင်လာစေပါတယ်။ဒါကြောင့် ဘယ်အရာတွေက Creativity ပိုင်းကို ရေရှည်အထိအကျိုးသက်ရောက်စေမလဲဆိုတာလေ့လာကြည့်ရအောင်။ Creativity တိုးလာစေဖို့အတွက် University of Essex နဲ့ Humboldt University of Berlin တို့ပူးပေါင်းပြီးစာတမ်းတွေအပြင်လုပ် […]

မကြာခင်မှာခေါင်းဆောင်ဖြစ်မယ့်လူရဲ့ လက္ခဏာရပ်များ

September 9, 2023 Aung Khant Mon 0

လူတစ်ယောက်ဟာ ပညာရေးနဲ့စီးပွားရေးပညာရပ်တွေမှာ ဘယ်လောက်ပဲတတ်မြောက်ထားပေမယ့်ထိပ်ပိုင်း Management Level ကိုရောက်ဖို့အတွက် သူ့ရဲ့Personality က အရေးပါပါတယ်။ဘယ်လို Personality မျိုးရှိသူက စီမံခန့်ခွဲမှုအပိုင်းမှာတော်ပါသလဲ။ လူတစ်ယောက်ဟာအဖွဲ့ကိုဘယ်လိုဦးဆောင်တယ်၊ ဘယ်လိုစိတ်အားတက်ကြွစေတယ်၊ ဘယ်လိုပုံစံဆုချတယ် စတာတွေက Personality Type ပေါ်မူတည်ပြီးအမျိုးမျိုးကွဲပြားနိုင်ပါတယ်။ဘယ် Personality Type ကတော့ Management ပိုင်းမှာအတော်ဆုံးဆိုပြီး အတိ […]

Perfect ဖြစ်ချင်လွန်းတဲ့ Boss နဲ့ဘယ်လိုအလုပ်လုပ်မလဲ

September 7, 2023 Aung Khant Mon 0

အရာရာမှာ Perfect ဖြစ်ချင်လွန်းတဲ့ Boss အတွက်အလုပ်လုပ်ပေးရတာကနည်းနည်းတော့စိန်ခေါ်မှုဖြစ်နေတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Perfectionist တွေဟာအရာရာကိုစိတ်တိုင်းကျဖို့ခက်တာ၊ အသေးစိတ်လေးတွေကအစဂရုစိုက်လွန်းအားကြီးတာ၊နေ့စဉ်လုပ်နေရတဲ့သမားရိုးကျအလုပ်တွေမှာ ဝင်ပါတာမျိုးတွေရှိတတ်ကြလို့ပါ။ဒီလိုလူမျိုးနဲ့ဆုံရတဲ့အခါ ကိုယ့်ဘက်ကသူနဲ့အဆင်ပြေအောင် ပြောဆိုလုပ်ကိုင်တတ်ဖို့ကိုဖန်တီးယူရမှာဖြစ်ပါတယ်။ ပထမဆုံးအချက်ကတော့ အကောင်းဘက်ကနေပဲစဉ်းစားဖို့ဖြစ်ပါတယ်။ Perfect ဖြစ်ချင်လွန်းသူနဲ့တွေ့တဲ့အခါ ကိုယ်ကသူ့ရဲ့စံချိန်စံညွှန်းတွေကိုမီအောင်ကြိုးစားရင်းကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်လည်းတက်လာပါတယ်။ ကိုယ်လုပ်ခဲ့တဲ့အလုပ်ရဲ့ရလဒ်တိုင်းဟာသပ်ရပ်ကောင်းမွန်နေတာမို့ CV ကိုလှစေတယ်လို့လည်းဆိုရမှာပါ။ Boss ကကိုယ့်ကိုဝေဖန်လွန်းတဲ့အခါမျိုးမှာ ဒါဟာ Perfectionist တစ်ယောက်ရဲ့သနားစရာအဖြစ်လို့သာတွေးလိုက်ပါ။ကိုယ့်တာဝန်ကိုအကောင်းဆုံးလုပ်ရင်း သူကငါ့တစ်ယောက်တည်းကိုပဲပြောဆိုဝေဖန်နေတာမဟုတ်ဘူး၊တခြားသူအားလုံးအပေါ်မှာလည်း […]

လုပ်ငန်းရှင်တွေနဲ့ Network ကောင်းကောင်းတည်ဆောက်နိုင်စေမယ့်အချက် ၆ ချက်

September 6, 2023 Aung Khant Mon 0

ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ကိုင်သူတစ်ယောက်၊ ဒါမှမဟုတ်ရာထူးမြင့်တဲ့အလုပ်ရှာဖွေနေသူတစ်ယောက်အနေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ချိတ်ဆက်ထားနိုင်ခြင်းဟာ ကိုယ့်အတွက်အခွင့်အ လမ်းကောင်းတွေရရှိဖို့အကောင်းဆုံးနည်းလမ်းတွေထဲကနည်းလမ်းတစ်ခုပါ။ သူက Network ကောင်းတယ်၊အချိတ်အဆက်ကောင်းတယ်၊ ဒါကြောင့်ကိုယ်တွေထက်သာတယ် ဆိုတာမျိုးကြားဖူးကြမှာပါ။ Network ကောင်းကောင်းတည်ဆောက်ထားနိုင်ဖို့က အလုပ်လုပ်နေသူ၊စီးပွားရေးလုပ်နေသူတိုင်းအတွက်မဖြစ်မနေလိုအပ်ချက်တစ်ခုပါ။ဒီလို Network တည်ဆောက်နိုင်ဖို့အတွက် ဘယ်လိုမှန်မှန်ကန်ကန်ချိတ်ဆက်ရမလဲဆိုတာ အချက် ၆ ချက်နဲ့ဖော်ပြပေးချင်ပါတယ်။ ၆၀ စက္ကန့်ထက်မကျော်သောမိတ်ဆက်ခြင်း Networking Event တွေသွားရမှာ၊ ကိုယ့်အကြောင်းကိုယ်ပြောဆိုရမှာကို […]