၂၀၂၄ မှာ အောင်မြင်ချင်တဲ့လူငယ်တိုင်း ရှိထားသင့်တဲ့ Skill တစ်ခု

January 2, 2024 Aung Khant Mon 0

နှစ်တစ်နှစ်ကုန်ဆုံးချိန်ဟာ ပြီးခဲ့တဲ့နှစ်မှာ ကိုယ်ဘယ်လို၊ ဘယ်လောက်ထိလျှောက်လှမ်းလာခဲ့ပြီးပြီလဲ၊နောက်နှစ်သစ်မှာဘာတွေလုပ် ဆောင်မလဲဆိုတာကိုပြန်တွေးတောသုံးသပ်ဖို့အကောင်းဆုံးအချိန်တစ်ခုပါ။တချို့လူတွေကျတော့လည်း ဒီနှစ်ဘာတွေကြုံခဲ့မှန်းကိုမသိပါဘူး၊ ဘာမှမှတ်မှတ်ရရမရှိပါဘူးဆိုသူတွေလည်းရှိတတ်ကြပါတယ်။ ဒါကိုလည်းအပြစ်ဆိုလို့မရပါဘူး။ ကုန်သွားတဲ့နှစ်တစ်ခုမှာနှစ်သက်တာတွေရော၊ မနှစ်သက်တာတွေရော ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ပြန်ပြင်လို့လည်းမရတော့တာမို့လာမယ့်ရက်တွေအတွက်ကိုပဲစဉ်းစားပြင်ဆင်တာက အကောင်းဆုံးဖြစ်ပါတယ်။လူသားတွေဆိုတာက အများနဲ့ရောနှောနေထိုင်ရတဲ့သတ္တဝါတွေပါ။ တစ်ကိုယ်တည်းနေလို့မရသလို တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ပြောဆိုချင်စိတ်ကလည်း သဘာဝမှာကတည်းကပါရှိပြီးသားပါ။ဒီလိုဆက်သွယ်မှုလုပ်ရမှ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဟာကျန်းမာတာဖြစ်ပါတယ်။လက်ရှိကမ္ဘာမှာ နည်းပညာဟာအရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်နေတာမို့ ကိုယ့်ရဲ့အလုပ်နဲ့ဘဝမှာအောင်မြင်ဖို့အတွက် လိုအပ်တဲ့အရည်အသွေးတွေဟာဘိုဘွားဖေမေလက်ထက်က လိုအပ်တဲ့အရည်အချင်းတွေနဲ့မတူညီတော့ပါဘူး။ ဒီနေ့ခေတ်လူငယ်တွေအတွက်နေရာတိုင်းမှာအဆင်ပြေဖို့ ဘယ် Skill […]

၂၀၂၄ မှာ HR Leader တွေသတိပြုရမယ့် Trend 3 မျိုး

December 31, 2023 Aung Khant Mon 0

မကြာခင်မှာ ၂၀၂၃ ကုန်ဆုံးတော့မှာဖြစ်တဲ့အပြင် အလုပ်လုပ်နေသူတိုင်းဟာ ၂၀၂၄ အတွက် Career Goal ချမှတ်တာ၊ အလုပ်အပြောင်း အလဲလုပ်တာ၊ Career အပြောင်းအလဲလုပ်တာ၊တိုးတက်မယ့်အခွင့်အလမ်းရှာဖွေတာစတဲ့အရာတွေကို စဉ်းစားလုပ်ဆောင်နေကြမှာပဲဖြစ်ပါတယ်။လုပ်ငန်းတစ်ခုရဲ့အရေးအကြီးဆုံးအရာတွေထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ HR ဟာလည်း ၂၀၂၄ ခုနစ်အတွက် ပြင်ဆင်မှုတွေလုပ်နေကြမှာဖြစ်သလိုခေတ်ရေစီးကိုမျက်ခြည်မပြတ်ရှိနေကြမှာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်း ပညာရှင်တွေကအကြံပြုထားတဲ့ ‘HR တွေသိထားသင့်တဲ့ ၂၀၂၄ ခုနစ်အတွက် Trend […]

အလုပ်မှာအောင်မြင်ဖို့အတွက် ကိုယ့်ဦးနှောက်ကိုပေးအပ်သင့်တဲ့အရာများ

December 28, 2023 Aung Khant Mon 0

ကိုယ့်ရဲ့ဦးနှောက်(Brain)က ကိုယ့်ရဲ့အကောင်းဆုံးသူငယ်ချင်းပါပဲ။ ဦးနှောက်အတွက်စဉ်းစားပြီးသူလိုတာကိုဖြည့်ဆည်းပေးနိုင်ခြင်းက ကိုယ့်ရဲ့ Career အတွက်ရော Life အတွက်ပါအောင်မြင်မှုတွေကိုပေးစွမ်းနိုင်ပါတယ်။ဒါ့ကြောင့် ကိုယ့်ရဲ့ Brain အတွက်သီးသန့်လေးစဉ်းစားဖြည့်ဆည်းပေးမယ်ဆိုရင်သိပ္ပံနည်းကျလေ့လာသုံးသပ်ထားတဲ့ ဒီအရာ ၁၀ မျိုးကိုပေးစွမ်းသင့်ပါတယ်။ Green Time ဘာ Screen မှမကြည့်ဘဲ စိမ်းလန်းတဲ့ပတ်ဝန်းကျင်ကိုကြည့်တာ၊သစ်ပင်ပန်းမန်တွေကြားထဲမှာအချိန်ဖြုန်းတာက ဦးနှောက်ရဲ့မှန်ကန်စွာတွေးတောဆင်ခြင်နိုင်စွမ်းကိုပိုတိုးလာစေပြီး ရှင်းရှင်းလင်းလင်းတွေးတတ်ခြင်းနဲ့ စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်ခြင်းစတာတွေကိုအား ကောင်းစေပါတယ်။ Blood […]

အလုပ်ရှာနေသူတိုင်းသိထားသင့်တဲ့ Cover Letter ‌လေးမျိုး

December 28, 2023 Aung Khant Mon 0

ကိုယ်ကအလုပ်ရှာနေသူဆိုရင် Cover Letter တွေအကြောင်းကောင်းကောင်းနားလည်ထားတာကကိုယ့်အတွက်အများကြီးအကျိုးရှိစေပါတယ်။ Cover Letter အကြောင်းနားလည်ပြီးကောင်းမွန်အောင်ရေးနိုင်လေလေတခြားသောအလုပ်လျှောက်သူတွေကြားထဲကနေကွဲထွက်လေလေပါပဲ။ ဒါ့ကြောင့်အလုပ်ရှင်တွေရဲ့စိတ်ဝင်စားမှုနဲ့အတူ အလုပ်ရဖို့လည်းပိုလွယ်ကူပါတယ်။ပညာရှင်တွေရဲ့ဖော်ပြချက်အရ Cover Letter ၄ မျိုးရှိပါတယ်။ Application Cover Letter Resume ၊ Job Application တွေနဲ့အတူ တွဲပြီးဖော်ပြတဲ့ Cover Letter ဖြစ်ပါတယ်။ […]

CV မှာမဖြစ်မနေပါသင့်တဲ့အကောင်းဆုံး Skills 10 ခု

December 27, 2023 Aung Khant Mon 0

CV တစ်စောင်ရဲ့ Skills Section မှာပြထားတဲ့ Skills တွေက အလုပ်ရှင်တွေကိုအဓိကဆွဲဆောင်တဲ့အရာတွေပါပဲ။ဖော်ပြထားတဲ့ Skills တွေကိုကြည့်ပြီး အလုပ်ရှင်က ဒီလူကိုအလုပ်ခန့်သင့်၊ မခန့်သင့်ဆုံးဖြတ်ကြတာပါ။ဒါ့ကြောင့်လည်း CV တစ်စောင်မှာပါဝင်သင့်တဲ့အကောင်းဆုံး Skills တွေကိုရွေးထုတ်ဖော်ပြပေးချင်ပါတယ်။အဲဒီ Skills တွေက ဘာတွေလဲဆိုတော့ Active Listening ၊Communication ၊ Computer […]

နှစ်သစ်အတွက်ရည်မှန်းချက်တွေတကယ်အောင်မြင်စေဖို့

December 26, 2023 Aung Khant Mon 0

New Year ဆိုတာက ကိုယ့်ရဲ့ goal တွေကိုတကယ်ဖြစ်အောင်လုပ်ဖို့နဲ့ opportunity တွေကိုအသစ်ပြန်စတင်ဖို့အကောင်းဆုံးသောအ ချိန်တစ်ခုပါ။ အပြောင်းအလဲတွေလုပ်ဖို့အကောင်းဆုံးစတင်ချိန်ဖြစ်တာမို့ လူတော်တော်များများကဒီနှစ်တော့ငါဘာတွေဖြစ်အောင်လုပ်မယ်ဆိုပြီး plan အကြီးကြီးတွေရှိတတ်ကြပါတယ်။ဒါပေမဲ့ plan ချရုံနဲ့ မပြီးသေးပါဘူး။ဒီ plan တွေအတိုင်းစွဲစွဲမြဲမြဲလုပ်ဖို့၊ အမှန်တ ကယ်လုပ်နိုင်ဖို့ လိုပါသေးတယ်။နှစ်သစ်အတွက် ကိုယ့်ရည်မှန်းချက်တွေတကယ်ဖြစ်လာစေဖို့ New Year Resolution […]

ကိုယ့်လုပ်ငန်းခွင်အတွက်သိထားသင့်တဲ့ Personality Disorder များ

December 24, 2023 Aung Khant Mon 0

လူတွေမှာစိတ်ဝင်စားစရာကောင်းတဲ့ စိတ်ရောင်စုံတွေရှိနေတတ်ပါတယ်။ တစ်ခါတလေမှာသူကတော့တစ်မျိုးကြီးပဲ ငါ့ Type နဲ့မကိုက်ဘူးလို့ပြောဖြစ်ကြတာကဒီလိုအနေအထားတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ တချို့လူတွေမှာဖြစ်တတ်တဲ့စိတ်အခြေအနေတွေကိုသိရင် မိသားစုမှာပဲဖြစ်ဖြစ် ၊အလုပ်ခွင်မှာပဲဖြစ်ဖြစ်သူ့ကိုနားလည်မှုတွေပေးနိုင်မှာဖြစ်သလို ဘယ်လိုပုံစံပေါင်းသင်းပြီးတာဝန်တွေပေးအပ်ရမလဲဆိုတဲ့အချက်တွေကိုလည်းသိနိုင်မှာပါ။ Disorder တွေအများကြီးရှိတဲ့အထဲကတချို့ကိုဖော်ပြပေးရမယ်ဆိုရင်… Paranoid Personality Disorder ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်ကိုတောင် မယုံတတ်သူ၊ တစ်ယောက်ယောက်က ငါ့ကိုတော့လုပ်ကြံမှာပဲလို့ထင်နေတတ်သူတွေဖြစ်တတ်ကြပါတယ်။ သူတို့ရဲ့နေ့စဉ်လှုပ်ရှားမှုပြောဆိုဆက်ဆံပုံကိုကြည့်ပြီးတော့ သိနိုင်ပါတယ်။ Schizotypal Personality Disorder […]

အလုပ်ထွက်ချိန် ကတ္တီပါလမ်းခွဲဖြစ်စေဖို့

December 22, 2023 Aung Khant Mon 0

တချို့သောဝန်ထမ်းတွေအတွက် အလုပ်ထွက်ချိန်ဟာအေးအေးဆေးဆေးချောချောမွေ့မွေ့ဖြစ်တတ်ပေမယ့် တချို့တွေအတွက်ဘော့စ်ကိုပြောဖို့ခက်နေတာတွေ၊ မထွက်ဖို့စကားတွေကိုအပြင်းအထန်ငြင်းဆန်ရတာတွေ၊ပြောင်းလဲသွားတဲ့ဆက်ဆံရေးတွေ၊ မထွက်ခင်အကျပ် အတည်းဖြစ်အောင် လုပ်ဆောင်ခံရတာမျိုးတွေကြုံရတတ်ပါတယ်။တချို့တွေကျတော့လည်း ထွက်ခတ်ခတ်တယ်လို့ဆိုရမယ့်လုပ်ဖော် ကိုင်ဖက်တွေရဲ့မကောင်းတဲ့အကျင့်တွေ၊ အဆင်မပြေမှုတွေကို တစ်ဝကြီးပြောပြီးမှအလုပ်ထွက်တတ်ကြပါတယ်။ အလုပ်ထွက်ပြီးချိန်မှာ တချို့ကကုမ္ပဏီကိုရော၊ လူတွေကိုရောအားလုံးမေ့ပစ်လိုက်ချင်ကြပြီး တချို့ကတော့တစ်သက်လုံးအတွက်ရင်းနှီးခင်မင်တဲ့ဆက်ဆံရေးကိုတည်ဆောက်သွားနိုင်ကြပါတယ်။တကယ်တော့ စိတ်ခံစားမှုတွေဘေးဖယ်ထားပြီး အလုပ်ထွက်ခြင်းအဆင့်တွေကိုမှန်မှန်ကန်ကန်လုပ်ဆောင်သွားရုံနဲ့ ကိုယ့်အတွက်အဆင်ပြေချောမွေ့တဲ့လမ်းခွဲမှုတစ်ခုဖြစ်စေနိုင်ပါတယ်။ အဲဒီအဆင့်တွေကတော့ …. – နှစ်ပတ်ကြိုပြီး Notice Letter ပေးပို့ပါ။ […]

အလုပ်ရှာနေချိန်မှာ ဘာကအရေးအကြီးဆုံးလဲ

December 20, 2023 Aung Khant Mon 0

အလုပ်မရှိသေးလို့ အလုပ်ရှာဖွေနေရတဲ့အချိန်မှာ ဘယ်သူမှပေါ့ပါးပျော်ရွှင်နေကြမှာတော့မဟုတ်ပါဘူး။အနည်းနဲ့အများဆိုသလို စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုကိုခံစားကြရမှာပါ။ကိုယ့်မှာငွေကြေးပြည့်စုံလို့ အလုပ်ရရင်လည်းရ မရရင်လည်းကိစ္စမရှိဆိုတဲ့သူတွေအတွက်စိတ်ဖိစီးမှုနည်းချင်နည်းနိုင်ပေမယ့်လူတိုင်းဟာကိုယ်လျှောက်တဲ့အလုပ်တစ်ခုကိုရချင်ကြတာချည်းပဲဖြစ်ပါတယ်။ငွေကြေးအတွက်မဟုတ်ရင်တောင် ကိုယ့် passion အတွက်၊ ကိုယ့်ပျော်ရွှင်မှုအတွက်၊ဂုဏ်ပုဒ်တစ်ခုအတွက် စတဲ့စတဲ့ရည်ရွယ်ချက်မျိုးစုံနဲ့ အလုပ်တစ်ခုကိုလိုချင်ကြပါတယ်။ဒါ့ကြောင့်လည်း အလုပ်ရှာဖွေတဲ့နေရာမှာ အရေးအကြီးဆုံးရှိသင့်တဲ့အရာကစိတ်ကျန်းမာနေဖို့လို့ဆိုပါတယ်။ စိတ်ကျန်းမာရေးကောင်းတယ်၊ စိတ်ကျန်းမာတယ်ဆိုတာက ငါမရူးဘူးလေ၊ကောင်းနေတာပဲလို့ဆိုလိုတာမျိုးမဟုတ်ပါဘူး။ ကိုယ့်စိတ်ဟာ အင်အားအပြည့်ရှိနေဖို့၊ ခိုင်မာနေဖို့၊စိတ်ဖိစီးမှုဒဏ်ကိုခံနိုင်ရည်ရှိဖို့၊ အလွယ်တကူစိတ်ဓာတ်မကျဖို့စတဲ့အချက်တွေနဲ့ပြည့်စုံနေဖို့ကိုဆိုလိုတာဖြစ်ပါတယ်။အလုပ်စလျှောက်ပြီဆိုကတည်းက ‘ငါ့မှာဒီအလုပ်ကိုရနိုင်တဲ့အရည်အချင်းအပြည့်အဝရှိတယ်’ ဆိုတဲ့ယုံကြည်ချက်မျိုးရှိဖို့လိုပါတယ်။ ဒီစိတ်စွမ်းအားကပဲကိုယ့်ကိုတကယ့်ရလဒ်ဆီအရောက်ပို့ဆောင်မှာဖြစ်သလို […]

Job ဆိုတာခဏတာပါ Skills ကသာထာဝရပါမယ့်အရာ

December 20, 2023 Aung Khant Mon 0

ကိုယ့်အတွက်လစာရော၊ အလုပ်လုပ်ရတဲ့ပတ်ဝန်းကျင်ရောအဆင်ပြေတဲ့အလုပ်သမားအခွင့်အရေးအပြည့်အဝရတဲ့ အလုပ်မျိုးဆိုတာရှာရခက်သလိုထိန်းသိမ်းထားဖို့လည်းခက်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် အလုပ်နေရာတစ်ခုကိုလက်လွှတ်ဆုံးရှုံးနိုင်တာသဘာဝပါ။ ကိုဗစ်အတွင်းမှာတင် အလုပ်နားလိုက်ရသူတွေအများကြီးရှိတာဖြစ်သလို နည်းပညာခေတ်ကြောင့်ကိုယ့်အလုပ်နေရာကို ဖယ်ပေးလိုက်ရတာတွေလည်းအများကြီးပါပဲ။လေယာဉ်လိုင်းတွေ၊ ကားထုတ်လုပ်ရေးတွေကနေ အမြန်စာရောင်းတဲ့စားသောက်ဆိုင်တွေအဆုံးဝန်ထမ်းလျှော့ချပြီး ဘတ်ဂျက်ချွေတာလာကြတာကိုလည်းတွေ့ကြရမှာပါ။ဒီလိုအလုပ်လက်မဲ့ဖြစ်နေတဲ့လူတွေအများကြီးကြားထဲမှာပဲ ဘာပဲလုပ်ရလုပ်ရ၊လစာဘယ်လောက်ရရဆိုတဲ့ အလုပ်ဝင်ခါစလူငယ်လေးတွေလည်းရှိနေပါသေးတယ်။ Career တစ်ခုကိုအခြေချပြီးတဲ့လူ ကြီးတွေအနေနဲ့ ဒီဘက်ခေတ်မှာ ကုမ္ပဏီတစ်ခုရဲ့ ရာထူးကောင်း၊နေရာကောင်းဆိုတာကိုဖက်တွယ်ထားလို့မရပါဘူး။ အလုပ်တစ်ခုမှာလုပ်သက်ကြာလို့အဆင်ပြေတဲ့နေရာတစ်ခုကိုရရှိထားတယ်၊အေးအေးဆေးဆေးဝင်ငွေရနေတယ်ဆိုတဲ့အနေအထားကနေ ဝန်ထမ်းလျှော့တဲ့အထဲပါပြီးဘာလုပ်ရမှန်းမသိ ဘယ်သွားရမှန်းမသိလည်းဖြစ်သွားနိုင်ပါတယ်။ဒါ့ကြောင့် လူတစ်ယောက်ဟာ ငါကမန်နေဂျာဆိုတဲ့ရာထူးတစ်ခုကိုမှီပြီးနေတာထက်ငါ့မှာမန်နေဂျာတစ်ယောက်ရဲ့ တကယ့်အရည်အချင်းတွေရှိလား၊ […]