Self-Control ကောင်းစေဖို့နေ့စဉ်လေ့ကျင့်သင့်တဲ့အရာများ

February 22, 2024 Aung Khant Mon 0

Self-control ကောင်းဖို့ဆိုတာ ဘဝတစ်လျှောက်လုံးအတွက်လိုအပ်တဲ့အရာဖြစ်ပါတယ်။ ကိုယ်ရည်မှန်းထားတဲ့အရာတွေကိုတစိုက်မတ်မတ်လုပ်နိုင်ဖို့၊ ကိုယ်မဖြစ်ချင်တဲ့အရာတွေကို ထိန်းချုပ်နိုင်၊ရှောင်လွဲနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်ခြင်းက မဖြစ်မနေလိုအပ်ပါတယ်။Self-control ထဲမှာ စည်းမျဉ်းစည်းကမ်း၊ ဆုံးဖြတ်ချက်၊ စိတ်စွမ်းအင်တွေပါဝင်သလို Self-control ကကိုယ့်ရဲ့ကျန်းမာရေးနဲ့ ဘဝအောင်မြင်မှုအတွက်လည်း လိုအပ်ပါတယ်။ Self-control ကောင်းစေဖို့ ဒီအချက်တွေလုပ်ဆောင်နိုင်ပါတယ်။ – ပထမဆုံးတစ်ချက်ကတော့ အအိပ်အစားမှန်ဖို့ဖြစ်ပါတယ်။တွေးခေါ်ဆုံးဖြတ်နိုင်စွမ်းတွေကိုလျော့ပါးစေတဲ့ အိပ်ရေးမဝခြင်းကိုအရင် ပြင်ဆင်ဖို့ပါတယ်။အိပ်ရေးပျက်ခြင်းကငြင်းဆန်နိုင်စွမ်းကိုလျော့ကျစေပါတယ်တဲ့။အိပ်ရေးမဝခဲ့ရင် ထိန်းချုပ်နိုင်စွမ်းတွေ […]

အောင်မြင်မှုရဖို့ Talent ရှိရုံနဲ့လုံလောက်ပြီလား

February 20, 2024 Aung Khant Mon 0

Talent ဆိုတာမိမိနဲ့အတူမွေးဖွားလာတဲ့အရာ၊ ဘုရားကပေးတဲ့လက်ဆောင်လို့လည်းဆိုနိုင်ပါတယ်။အားကစားနယ်ပယ်က ကြယ်ပွင့်တွေ၊ အသက်ငယ်ငယ်လေးနဲ့ လူကြီးတွေ လက်ဖျားခါလောက်အောင်တီးပြနိုင်တဲ့စန္ဒရားပညာရှင်လေးတွေ၊ စာကိုတစ်ချက်လေးပဲကြည့်ပြီးအမှတ်ပြည့်ရအောင်ဖြေနိုင်တဲ့ဉာဏ်ကြီးရှင်လေးတွေ ဒါတွေကထူးခြားတဲ့ပါရမီတွေနဲ့မွေးဖွားလာသူတွေဖြစ်ပါတယ်။အလုပ်လုပ်တဲ့နေရာမှာ၊ တစ်ခုခုကိုအောင်မြင်အောင်လုပ်တဲ့နေရာမှာ Talent ရှိရုံနဲ့အောင်မြင်နိုင်လားဆိုတဲ့အရာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အ ဖြေကလည်းလွယ်ကူရိုးရှင်းပါတယ်။ ကြိုးစားမှုနဲ့ ဇွဲရှိမှုမပါဘဲ အောင်မြင်မှုကိုရယူနိုင်ဖို့ခက်တယ်ဆိုတာပါပဲ။အရည်အချင်းတစ်ခုကိုအားကိုးတာက အချိန်အတိုင်းအတာတစ်ခုအထိနေရာတစ်ခုမှာရပ်တည်နိုင်အောင် ဆွဲခေါ်ပေးနိုင်တာမှန်ပေမယ့် ဇွဲရှိသူနဲ့ကြိုးစားမှုရှိသူ၊ အမြဲတမ်းလေ့လာသင်ယူနေသူကသာ အဆုံးမှာအောင်မြင်မှုကိုရရှိနိုင်တာဖြစ်ပါတယ်။ သွေး၊ချွေးနဲ့ရင်းပြီးကြိုးစားရယူခဲ့ရတဲ့အောင်မြင်မှုကသာကိုယ့်ကိုအမှန်တကယ်ကျေနပ်ဂုဏ်ယူစေမှာဖြစ်ပါတယ်။ ဘတ်စကစ်ဘောသမား […]

အဝေးကနေအလုပ်လုပ်ပေမယ့် Personal Brand ကိုဘယ်လိုတည်ဆောက်မလဲ

February 19, 2024 Aung Khant Mon 0

ရုံးမတက်ဘဲ ကိုယ်အဆင်ပြေတဲ့နေရာတွေကနေ အလုပ်ထိုင်လုပ်ပေးခြင်းက ကိုယ့်အတွက်သက်သောင့်သက်သာရှိပြီး အချိန်ကုန်၊အ လုပ်ရှုပ်တာတွေသက်သာစေပါတယ်။ ရုံးတက်ရတဲ့အချိန်ကုန်မယ့် သွားလာစရိတ်၊ အဝတ်အစားအတွက်ကုန်ကျစရိတ်၊အစားအသောက်အတွက်ကုန်ကျစရိတ်စတဲ့ငွေကုန်ပေါက်တွေနည်းပါစေပါတယ်။ ဒီလိုအဆင်ပြေတဲ့အချက်တွေရှိပေမယ့်အားနည်းချက်လေးတွေလည်းရှိနိုင်ပါသေးတယ်။ ကိုယ့်ရဲ့အလုပ်ရှင်ဖြစ်လာနိုင်သူတွေ၊ Client တွေ၊လုပ်ငန်းပူးပေါင်းမယ့်သူတွေကို ကိုယ့်ရဲ့တန်ဖိုးနဲ့စွမ်းဆောင်ရည်ကို ဘယ်လိုပေါ်လွင်အောင်ပြသမလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။အိမ် သို့မဟုတ် ဘယ်နေရာကနေပဲအလုပ်လုပ်ပါစေ ကိုယ့်ရဲ့ Personal Brand ကိုတည်ဆောက်နိုင်ဖို့ကအရေးတကြီးလိုအပ်ပါတယ်။ ဒါ့ကြောင့်လည်း Virtual World […]

KPIs အကြောင်းဘာတွေသိထားဖို့လိုမလဲ

February 17, 2024 Aung Khant Mon 0

လုပ်ငန်းတစ်ခုရဲ့ရည်မှန်းချက်တွေ ပြည့်မီ၊မမီကိုတိုင်းတာဖို့အတွက်နည်းလမ်းတွေအများကြီးသုံးနိုင်ကြပါတယ်။ တစ်ဦးချင်းအလိုက်၊ အ ဖွဲ့လိုက်သို့မဟုတ်ကုမ္ပဏီတစ်ခုလုံးရဲ့တိုးတက်မှုတွေကိုတိုင်းတာဖို့အတွက်ရေပန်းစားတဲ့နည်းလမ်းတစ်ခုကတော့ Key Performance Indicators(KPIs) အသုံးပြုခြင်းဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေနဲ့အဖွဲ့အစည်းတွေက ချမှတ်ထားတဲ့ရည်မှန်းချက်တွေပြည့်ဝစေဖို့နဲ့ ရှယ်ယာရှင်တွေရဲ့လိုအပ်ချက်တွေကိုပြည့်မီစေဖို့အတွက်လည်း KPIs ကိုအသုံးချလေ့ရှိကြပါတယ်။အဖွဲ့အစည်းတွေဟာ ဘယ်အဆင့်ဝန်ထမ်းမဆိုသူတို့ရဲ့အလုပ်ကိုအာရုံစိုက်စေဖို့နဲ့ဆုံးဖြတ်ချက်ချတဲ့နေရာမှာအကူအညီဖြစ်ဖို့၊ လုပ်ရည်ကိုင်ရည်တွေတိုးတက်လာစေဖို့စတဲ့ရည်ရွယ်ချက်တွေနဲ့ KPIs ကိုသုံးကြတာဖြစ်ပါတယ်။ KPIs ရလဒ်တွေကိုကြည့်ပြီး ဝန်ထမ်းတစ်ဦးချင်း ဒါမှမဟုတ် အဖွဲ့တစ်ခုလုံးက သူတို့ရဲ့တိုးတက်လာမှုနဲ့သူတို့ရဲ့ Career ဟာဘယ်လိုတိုးတက်ပြောင်းလဲနိုင်မလဲဆိုတာကို […]

ကိုယ့်ကိုထိခိုက်အောင်လုပ်သူကိုအနိုင်ယူနိုင်ပြီလားဆိုတာဒီအချက်တွေနဲ့သုံးသပ်ပါ

February 15, 2024 Aung Khant Mon 0

ကျွန်မတို့တွေဟာ ကျောင်းပြီးလို့လုပ်ငန်းခွင်စဝင်ချိန်မှာ အလုပ်ကလူတွေကြောင့်စိတ်ထိခိုက်မှုကြုံရနိုင်သလို ဘဝတစ်လျှောက်လုံး ကိုယ့်ကိုစိတ်ထိခိုက်အောင်လုပ်သူတွေနဲ့တစ်ကွေ့မဟုတ်တစ်ကွေ့မှာ ကြုံရဦးမှာပဲဖြစ်ပါတယ်။ ရင့်ကျက်လာတဲ့တစ်နေ့မှာတော့ ကျွန်မတို့တွေဟာပတ်ဝန်းကျင်ကြောင့်စိတ်ထိခိုက်ရမှုနည်းပါးလာမှာဖြစ်သလို အရင်လောက်အချိန်ကြာကြာစိတ်ထိခိုက်ခံစားမနေတော့တာကိုလည်း သတိပြုမိလာမှာပါ။ ကိုယ်ဟာဒီလိုကိုယ့်ကိုစိတ်ထိခိုက်စေခဲ့တဲ့လူတွေနဲ့ အခြေအနေတွေကိုအောင်အောင်မြင်မြင်ကျော်လွှားနိုင်ပြီလားဆိုတာ ဒီအချက်တွေနဲ့ နှိုင်းယှဉ် သုံးသပ်ကြည့်နိုင်ပါတယ်။ ကိုယ့်ကမ္ဘာနဲ့ကိုယ်ပျော်နေပြီဆိုရင် ကိုယ်ဟာဘယ်သူမှမရှိလည်း ပျော်နေတယ်၊ ကိုယ်လုပ်ရမယ့်အလုပ်တွေကိုလုပ်ရင်း၊ကိုယ်ဝါသနာပါရာတွေကို အချိန်ပေးရင်းပျော်နေတတ်ပြီဆိုရင်တော့ဒါဟာသင်စိတ်ထိခိုက်မနေတော့ဘူးဆိုတဲ့သက်သေပြချက်တစ်ခုပါ။ အရင်ကဝါသနာဟောင်းတွေပြန်စတင်နိုင်ပြီဆိုရင် အရင်ကစာဖတ်ဝါသနာပါခဲ့သူ၊ ရုပ်ရှင်ကြည့်ရတာကြိုက်ခဲ့သူ၊ အစားအသောက်စားရတာကိုနှစ်သက်တဲ့သူဖြစ်ခဲ့ရင်တောင် တစ်ခုခုကြောင့် […]

ဘာလို့ရာထူးတိုးဖို့နောက်ကျနေတာလဲ

February 14, 2024 Aung Khant Mon 0

“ဘာလို့ရာထူးမတိုးသေးတာလဲ” ဆိုတဲ့မေးခွန်းကိုကိုယ်နဲ့ခင်မင်ရင်းနှီးတဲ့အထက်လူကြီးကိုမေးကြည့်တဲ့အခါ “မင်းကအဆင်ပြေနေတယ်ဆိုတာကလွဲလို့တခြား Feedback တွေသိပ်မရဘူး။ မင်းဆက်ကြိုးစားပါ။ နောက်တဆင့်အတွက်အဆင်သင့်ဖြစ်နေပြီဆိုတာကိုသက်သေ ပြပါ” ဆိုတဲ့စကားကိုရခဲ့ပါတယ်။လုပ်ငန်းခွင်တိုင်းမှာ ရည်မှန်းချက်ကြီးမားတဲ့၊ ထက်မြက်တဲ့ဝန်ထမ်းတွေအများကြီးရှိပေမယ့်သူတို့တွေဟာ နောက်တဆင့်တက်လှမ်းဖို့ တစ်နည်းပြောရရင်ရာထူးတိုးပေးဖို့ခက်တဲ့သူတွေဖြစ်နေတတ်ပါတယ်။သူတို့ကောင်းကောင်းလုပ်ဆောင်နေတာကိုမြင်နေရပေမယ့် သိသာထူးခြားတဲ့ပရောဂျက်တွေကိုတော့မမြင်ရပြန်ပါဘူး။ သူတို့တင်တဲ့ပရောဂျက်တွေကိုထူးထူးခြားခြားသတိမထားမိသလိုဖြစ်နေတတ်ပါတယ်။ တချို့ဝန်ထမ်းတွေဆို Client တွေကို စိတ်ကျေနပ်မှုအပြည့်အဝရစေဖို့ အချိန်ပိုပေးပြီးအားထုတ်ကြသလို အလုပ်အတွက်ကိုယ်ရေးကိုယ်တာအချိန်တွေကိုတောင်ဖဲ့ထုတ်ပေးတတ်ကြပါသေးတယ်။ ဒါပေမဲ့ကုမ္ပဏီတစ်ခုလုံးမှာတော့ နာမည်မကြီးဘဲလူကြီးတွေလည်းသတိမထားမိတာမျိုးဖြစ်တတ်ကြပါသေးတယ်။ ဒီလိုမျိုးကိုယ်တိုင်ကြုံနေရပြီဆိုရင်တော့ ကိုယ့်ကိုလူသိလာဖို့ဒီအဆင့်တွေကိုလုပ်‌‌ဆောင်ဖို့လိုအပ်နေပါပြီ။ […]

ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ အဓိကကျတဲ့လေ့ကျင့်နည်းတစ်ခု (သို့) Journaling

February 12, 2024 Aung Khant Mon 0

ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ Leadership သင်တန်းတွေတက်တာ၊ စာအုပ်တွေကနေသင်ယူတာ၊ဆွေးနွေးပွဲတွေတက်တာ၊ Leadership Coach တွေငှားတာ စသဖြင့်နည်းလမ်းတွေအများကြီးနဲ့လေ့လာသင်ယူလို့ရပါတယ်။ နည်းလမ်းတစ်ခုစီမှာ အားသာချက်၊ အားနည်းချက်တွေတော့ရှိကြမှာပါ။ဒါပေမဲ့ ပညာရှင်တွေရဲ့အဆိုအရ ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ အခြေခံကျပြီးမဖြစ်မနေရှိသင့်တဲ့အချက်တစ်ခုကတော့ တူညီနေတာတွေ့ရပါတယ်။အဲဒါကတော့ Journaling လို့ခေါ်တဲ့နေ့စဉ်ဒိုင်ယာရီရေးခြင်းဖြစ်ပါတယ်။ ကိုယ်စိတ်ကူးသမျှတွေ၊တွေးမိသမျှတွေ၊ သင်ယူခဲ့ရတဲ့အရာတွေ၊ ရည်မှန်းချက်တွေကို စာမျက်နှာတွေပေါ်ချရေးတာကခေါင်းဆောင်ဖြစ်ချင်သူအတွက် လိုကိုလိုအပ်တဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ကိုယ့်ရဲ့အတွေးတွေကို စာမျက်နှာတွေပေါ်ချရေးပြီး ဖြန့်ကျက်တွေးတာက ပြ […]

အရည်အချင်းပြည့်မီပေမယ့် အလုပ်မရတာဘာ့ကြောင့်လဲ

February 12, 2024 Aung Khant Mon 0

အလုပ်ရှာတဲ့သူတွေအနေနဲ့ တစ်ခါတလေမှာကိုယ့်အရည်အချင်းနဲ့ကွက်တိကိုက်ညီပြီးလွယ်လွယ်လေးရမယ်လို့ထင်ထားတဲ့အလုပ်တွေကို မရတာမျိုးကြုံဖူးကြမှာပါ။ကိုယ်ကလိုအပ်တဲ့အရည်အချင်းနဲ့ အတွေ့အကြုံတွေပြည့်မီနေပါရက်နဲ့ အလုပ်မရတာဘာ့ကြောင့်လဲ၊ဒီလို အလုပ်မရတိုင်း ကိုယ်ညံ့လို့လားဆိုပြီးတွေးမိတတ်သူတွေအတွက်သိထားသင့်တာလေးတွေကိုမျှဝေချင်ပါတယ်။ တကယ်တော့အလုပ်မရတိုင်းကိုယ်ညံ့နေလို့မဟုတ်ပါဘူး၊ ကိုယ်ကပိုတော်နေလို့မရတာမျိုးလည်းဖြစ်နိုင်ပါတယ်နော်။ တစ်ခုခုလွဲချော်နေလို့ အလုပ်ကလိုတဲ့လိုအပ်ချက်နဲ့ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေက ကိုက်ညီနေနိုင်ပေမယ့်မကိုက်ညီနိုင်တာက လုပ်ခလစာဖြစ်နိုင်ပါတယ်။ ကိုယ်ဖော်ပြထားတဲ့လစာဟာသူတို့ပေးနိုင်တဲ့ပမာဏထက်များနေရင်လည်း ပယ်ချခံရနိုင်ပါတယ်။ နောက်တစ်ချက်က Software ပါ။တစ်ခါတလေ CV တွေရွေးထုတ်တဲ့ Software ကြောင့်လည်း ကိုယ့် CV […]

လစာအပြင်အပိုဝင်ငွေရအောင်ဒီလိုရှာမယ်

February 9, 2024 Aung Khant Mon 0

ဝန်ထမ်းလုပ်နေသူတွေအဖို့ ကိုယ့်လစာအပြင် အပိုဝင်ငွေလေးတွေပါရှာချင်ကြတာကသဘာဝပါ။အပိုဝင်ငွေရှိတဲ့အခါ ကိုယ့်စိတ်ပျော်ရွှင်မယ့်အရာတွေကို များများလုပ်နိုင်လာမယ်၊လိုချင်တာလေးတွေဝယ်နိုင်မယ်၊ သွားချင်တဲ့ခရီးသွားနိုင်မယ်။ အဲဒီလိုဆိုရင်ဘဝကပိုပြီးအ သက်ဝင်လာမှာဖြစ်ပါတယ်။ဒါ့ကြောင့်လည်းဘယ်သူမဆို အပိုဝင်ငွေရှာချင်ကြပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတကာက Career အကြံ ပေးတွေ ရွေးထုတ်ပြောပြထားတဲ့ အိမ်ကနေအပိုဝင်ငွေရှာနည်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်။ Freelance လုပ်ခြင်း အိမ်ကနေအပိုဝင်ငွေရှာဖို့ ပေါ်ပြူလာအဖြစ်ဆုံးနဲ့တကယ်လည်းအဆင်ပြေစေတဲ့နည်းလမ်းကတော့ Freelance လုပ်တာပဲဖြစ်ပါတယ်။ Content Writer အလုပ်၊ […]

2024 မှာထပ်တိုးရှိထားသင့်တဲ့ Power Point Skills 5 ခု

February 8, 2024 Aung Khant Mon 0

Power Point Presentation က Meeting တိုင်းအတွက်အသုံးချလို့ရပြီး ကိုယ်သုံးတတ်ရင်သုံးတတ်သလိုစိတ်ဝင်စားဖို့ကောင်းတဲ့ Creation ပါတဲ့တင်ပြမှုတွေကိုရစေနိုင်ပါတယ်။ခေါင်းဆောင်တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် အဖွဲ့ဝင်ဝန်ထမ်းတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် 2024 အတွက်ထပ်တိုးသိရှိထားသင့်တဲ့ Power Point Skills တွေရှိနေပါတယ်။သမားရိုးကျတင်ဆက်မှုတွေကနေခွဲထွက်ပြီး ကြည့်ရှုသူကိုမပျင်းရိစေဖို့အခုဖော်ပြမယ့်အချက်လေးတွေကိုအသုံးချနိုင်ပါတယ်။ အားကောင်းတဲ့ပုံတွေကိုသုံးပါ ပုံတစ်ပုံကစကားလုံးပေါင်းတစ်ထောင်ကို ကိုယ်စားပြုနိုင်တယ်လို့ဆိုကြပါတယ်နော်။ဒါ့ကြောင့်လည်းကိုယ့်ရဲ့ Slide တွေမှာ စာကြောင်းတွေချည်းပဲရေးထားတာထက် ဖတ်ရလွယ်တဲ့ Graphic […]