လူအများရှေ့မှာ စကားပြောရတာ ကြောက်တဲ့စိတ်ကို ကျော်လွှားနည်း (၇)ခု

June 13, 2024 Aung Khant Mon 0

သင်က လူအများရှေ့မှာ၊ စင်ပေါ်မှာ စကားပြောဖို့ကြောက်တဲ့သူပါလား။ဒါကသင်တယောက်ထဲတော့ မဟုတ်ပါဘူး။ လူတော်တော်များများက စင်ကြောက်ပြီးတော့၊အများရှေ့မှာစကားပြောဖို့ ကြောက်တတ်ကြပါတယ်။ဒီကြောက်စိတ်က စိန်ခေါ်မှုတရပ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကြောက်စိတ်ကိုကျော်လွှားဖို့ဘာတွေလုပ်ဖို့လိုမလဲဆိုတာကို အကြံပြုပေးချင်ပါတယ်။ ပြီးပြည့်စုံမှုကို မမျှော်လင့်ပါနဲ့ ကိုယ်က လူအများရှေ့မှာ စကားပြောပြီဆိုရင် ကိုယ့်ဘက်က အားလုံးအဆင်ပြေချောမွေ့ပြီးပြီးပြည့်စုံလိုက်မယ်ဆိုတဲ့ ခံစားချက်မျိုးကို ထည့်မထားပါနဲ့။ ဒီစိတ်ခံစားချက်ကကိုယ့်ကိုစိုးရိမ်ပူပန်မှု တိုးမြှင့်စေပါတယ်။ ဒီအချက်က လက်တွေ့မကျတဲ့အချက်ဖြစ်တာကြောင့်ဒီလိုမျှော်မှန်းမယ့်အစား […]

အလုပ်ခေါ်သူတွေအတွက် ဆွဲဆောင်မှုရှိတဲ့အလုပ်လျှောက်လွှာ

June 10, 2024 Aung Khant Mon 0

အလုပ်ခေါ်သူတွေအတွက် ဆွဲ‌ဆောင်မှုရှိတဲ့ အလုပ်လျှောက်လွှာကို ဘယ်လိုရေးမလဲဆိုတာမျှဝေသွားချင်ပါတယ်။ ကိုယ်ရေးရာဇဝင်မှာ ရေးဖို့အကောင်းဆုံးအရည်အချင်းတွေနဲ့စွမ်းရည်တွေက ဘာတွေပါလဲ။ ဘယ်လိုစွမ်းရည်တွေက အလုပ်ခေါ်သူတွေအတွက်ဆွဲဆောင်မှုဖြစ်စေမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ Hard Skills စွမ်းရည်တွေထဲမှာ Hard Skills မှာ ဘယ်လိုအချက်တွေပါသလဲဆိုတာအရင်ဆုံးပြောပြချင်ပါတယ်။ Hard Skillဆိုတာကတော့ အား လုံးသိပြီးသားဖြစ်ကြတဲ့အတိုင်းသင်ယူနိုင်တဲ့စွမ်းရည်တွေဖြစ်ကြပါတယ်။ ဥပမာ နည်းပညာ၊တီထွင်ဖန်တီးမှုစတဲ့အတတ်ပညာတွေက Hard Skills […]

ညဘက်အိပ်မပျော်ရင် လုပ်သင့်တဲ့အကြံပြုချက် (၇)ချက်

June 10, 2024 Aung Khant Mon 0

စိတ်ဖိစီးမှုတွေ များနေချိန်မှာ အိပ်ရေးပျက်တတ်ပါတယ်။ စိတ်မသက်မသာနဲ့ကိုယ်ရေးကိုယ်တာစိုးရိမ်မှုတွေက စိတ်ဖိစီးမှုတွေကိုဖြစ်စေနိုင်ပါတယ်။ တခါတလေမှာဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း အိပ်မပျော်တာကို ခံစားရနိုင်ပါတယ်။သင်က ညဘက် အိပ်မပျော်တဲ့သူတယောက်ဆိုရင် ဒီအကြံပြုချက်များကိုစမ်းသပ်ကြည့်နိုင်ပါတယ်။ ပုံမှန်အိပ်ချိန်ဇယားကို သတ်မှတ်ပါ ညဘက်မှာ ကိုယ်က ၁၀နာရီခွဲအိပ်မက်ဆိုရင် အဲဒီအချိန်ပဲ အိပ်သင့်ပါတယ်။ တခါတလေကိုယ့်ရဲ့အိပ်ချိန်ယန္တရားက ပုံမှန်လည်ပတ်နေတဲ့အခါ ၁၀နာရီခွဲအိပ်တဲ့သူကအဲဒီအချိန်မအိပ်လိုက်ရင် မျက်စိကြောင်သွားပြီး တခါလုံးအိပ်မပျော်တာမျိုးဖြစ်တတ်ပါတယ်။သက်သောင့် သက်သာရှိတဲ့ […]

အင်တာဗျုးချိန်းထားတာကို ပြန်ချိန်းဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် (၃) ခု

June 10, 2024 Aung Khant Mon 0

ကုမ္ပဏီတခုကနေ ကိုယ့်ဆီကိုအလုပ်အင်တာဗျူးအတွက် ဘယ်နေ့ဘယ်ရက်၊ဘယ်အချိန်မှာချိန်းထားတယ်ဆိုပါတော့။ အဲဒီချိန်ထားတာကို ကိုယ့်ရဲ့အခက်အခဲတခုကြောင့်ပြန်လည်ချိန်းဆိုပေးဖို့ တောင်းဆိုချင်တဲ့အခါမှာ ခိုင်လုံတဲ့အကြောင်းပြချက် ၃ချက်ရှိပါတယ်။ဒီအချက်တွေကြောင့်မဟုတ်ဘဲနဲ့တော့ အင်တာဗျူးချိန်းထားတာကို နောက်ရွေ့တာ၊အချိန်းပြောင်းတာ၊ ရက်ပြောင်းဖို့တောင်းဆိုတာတွေမလုပ်သင့်ပါဘူး။ဒီအချက်သုံးချက်ကတော့ အင်တာဗျူးချိန်းထားတာကို ပြန်ချိန်းဖို့အတွက်အကြောင်းပြချက်ကောင်းတွေပဲဖြစ်ပါတယ်။ ဖျားနာတာ ဖျားတာတာဆိုရင်တော့ သေချာပေါက်မသွားသင့်တော့ပါဘူး။ ကူးစက်ဖျားနာခြင်းတွေကကိုယ်တင်မကဘဲ တခြားသူတွေကိုပါ ဆိုးရွာစွာကူးစက်စေနိုင်တာကြောင့်ဒီလိုဖျားနာပြီဆိုရင်တော့ အင်တာဗျူးချိန်းထားတာကို အကျိုးအကြောင်းပြောပြပြီးပြန်ချိန်းသင့်ပါတယ်။ ပြီးတော့ ဖျားနာတဲ့အချိန်မှာ အင်တာဗျူးဖြေဆိုရတာလည်းအဆင်မပြေနိုင်ပါဘူး။ အာရုံစူးစိုက်နိုင်စွမ်းအားနည်းပြီး […]

ပျော်ရွှင်ရတဲ့ အလုပ်ခွင်ရဲ့ အကျိုးကျေးဇူးများ

June 7, 2024 Aung Khant Mon 0

လုပ်ငန်းခွင်ပျော်ရွှင်မှုက ဘယ်လောက်အရေးကြီးလဲဆိုတာ အားလုံးသိပြီးသားပါ။ တပတ်မှာနာရီလေးဆယ်လောက် အနည်းဆုံးကုန်ဆုံးရတဲ့ အလုပ်ပတ်ဝန်းကျင်မှာ ပျော်ရွှင်ရဖို့ကဘယ်လောက်အရေးပါပါသလဲ။ လုပ်ငန်းခွင်မှာ ပျော်ရွှင်ရတဲ့အခါ ရရှိလာတဲ့အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ။တင်းကျပ်တဲ့ လူမှုပတ်ဝန်းကျင်မှာ အလုပ်လုပ်တဲ့ သူတွေနဲ့ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်အလုပ်လုပ်ရတဲ့ လုပ် ငန်းခွင်ကသူတွေနဲ့ ကုန်ထုတ်လုပ်မှုချင်းကွာဟပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဖိစီးမှုကင်းကင်းအလုပ်လုပ်ရတဲ့သူတွေကကုန်ထုတ်စွမ်း အားပိုမိုမြင့်မားတာကိုတွေ့ရပါတယ်။ ပျော်ရွှင်ရတဲ့လုပ်ငန်းခွင်မှာ ကိုယ့်အတွက်အကျိုးကျေးဇူးတခုကတော့လူမှုဆက်ဆံရေးတိုးပွားလာတာပါပဲ။ အားလုံးနဲ့ချစ်ချစ်ခင်ခင်၊ ရင်းရင်းနှီးနှီးရှိတယ်ဆိုရင်လုပ်ငန်းခွင်က ပျော်ရွှင်စရာကောင်းမှာပါ။ […]

ကိုယ့်ကိုယ်ကိုယ် ကုစားခြင်းမှာ သိသင့်တဲ့ အဆင့် (၆)ဆင့်

June 7, 2024 Aung Khant Mon 0

အားလုံးက နာကျင်မှုတခုခု၊ ရောဂါဝေဒနာတခုခု၊စိတ်ထိခိုက်စရာအခြေအနေတခုခုကြုံလာရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ကု စားဖို့အချိန်လိုပါတယ်။ ကုစားရာမှာ အဆင့်တွေလည်း လိုပါတယ်။ ဒီလိုရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာမှာ နာကျင်မှုတခုခုဖြစ်လာတဲ့အ ခါ ဘယ်လို healing လုပ်မလဲဆိုတဲ့အချက်ကအရေးကြီးလာပါတယ်။ကိုယ်ကိုယ်ကိုယ်ပြန်လည်ကုစားတဲ့ လုပ်ငန်းစဉ်က အရေးကြီးတဲ့ လုပ်ငန်းစဉ်တခုဖြစ်ပါတယ်။ လက်ခံလိုက်တာ ကိုယ့်ရဲ့ခံစားနေရတဲ့ စိတ်နာကျင်မှု၊ ရုပ်နာကျင်မှုကို လက်ခံလိုက်တာက ပထမဆုံးအဆင့်ကုစားတဲ့အချက်ပါပဲ။ ဒီနေရာမှာ စိတ်နာကျင်မှုဆိုတာကတော့ […]

တပတ်မှာ လေးရက်အလုပ်လုပ်ရတာရဲ့ အားသာချက်နဲ့ အားနည်းချက်များ

June 6, 2024 Aung Khant Mon 0

နိုင်ငံတကာလုပ်ငန်းခွင်တချို့မှာ တပတ်လေးရက်နဲ့ အလုပ်ခွင်တွေစတင်လာကြပါတယ်။အဲဒီတပတ်လေးရက်နဲ့ လုပ်ငန်းခွင်တွေရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကဘာတွေများဖြစ်မလဲ။ ဒီအချက်တွေကို ဒီနေ့မှာ မျှဝေပေးသွားချင်ပါတယ်။ အားသာချက်များ တပတ်လေးရက်အလုပ်လုပ်တာရဲ့ အားသာချက်တခုကတော့ ကုန်ထုတ်စွမ်းအားတိုးစေတာပါ။လူတယောက်က အလုပ်ကောင်းကောင်းလုပ်ဖို့အတွက်အားလပ်ရက်ကောင်းကောင်းရှိဖို့လိုပါတယ်။ အရင်က လုပ်ငန်းခွင်တွေကတပတ်ကိုတရက်နားရက်ပေးတာကနေ တပတ်ကိုနှစ်ရက် နားရက်ပေးပါတယ်။နောက်ဆုံးမှာတော့ တပတ်ကိုသုံးရက်နားရက်ပေးလာကြပါတယ်။အကြောင်းပြချက်တွေကတော့ ဝန် ထမ်းတွေရဲ့ ကုန်ထုတ်စွမ်းအားတွေ၊စိတ်အားတက်ကြွမှုတွေရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။နောက်တချက်ကတော့ Facility ကုန်ကျစရိတ်ကို […]

Toxic ဖြစ်နေတဲ့ လုပ်ငန်းခွင်ကို ကိုင်တွယ်ဖြေရှင်းဖို့နည်းလမ်း (၅)ခု

June 5, 2024 Aung Khant Mon 0

အလုပ်မှာ သင်ပျော်ရွှင်ရဲ့လား။ လုပ်ငန်းခွင်အကြောင်းတွေးလိုက်တာနဲ့ စိတ်ညစ်ညူးပြီးလုပ်ဖော်ကိုင်ဖက်နဲ့ အထက်လူကြီးကအစ အရာအားလုံးက သင့်အတွက်စိတ်ဖိစီးစရာ၊စိတ်ပျက်စရာလို့ ခံစားလာရပြီဆိုရင်တော့ သင်က Toxic ဖြစ်တဲ့ လုပ်ငန်းခွင်မှာ ရောက်နေပါပြီ။ ဒီလိုအခြေအနေမှာ သင့်အနေနဲ့ ဘယ်လိုမျိုးရှေ့ဆက်မလဲဆိုတဲ့အချက်ကစဉ်းစားစရာဖြစ်လာနေပါပြီ။ ဒီလိုအခြေအနေမှာ သင့်အနေနဲ့ လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ မတူကွဲပြားမှုနဲ့ပေါင်းစည်းခြင်းဆိုင်ရာမူဝါဒကို တောင်းဆိုပါ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံမှုတွေ၊ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေကို ဖြေရှင်းဖို့အတွက်မတူကွဲပြားမှုနဲ့ […]

ကောင်းမွန်တဲ့ အပြောင်းအလဲအတွက် နေ့စဉ်လုပ်သင့်တဲ့ Positive Affirmation များ – အပိုင်း (၅)

June 3, 2024 Aung Khant Mon 0

အပြုသဘောဆောင်တဲ့ ကတိသစ္စာပြုခြင်းကို Positive Affirmation လို့ခေါ်ပါတယ်။ ဘယ်သူ့ကိုကတိသစ္စာပြုသလဲဆိုရင် ကိုယ့်ကိုယ်ကိုယ်ပါ။ ဒီအပြုသဘောဆောင်တဲ့ကတိသစ္စာပြုခြင်းကနေ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့ကိုယ်ရေး ကိုယ်တာအခြေအနေတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ကိုယ်ကအဆိုးမြင်တတ်တဲ့သူတယောက်ဆိုရင် ဒီအချက်လေးတွေ ပြောင်းလဲပြီးလုပ်ကြည့်ပါ။အကျိုးရှိလာပါလိမ့်မယ်။ ဒီလိုကတိသစ္စာပြုတာက နှုတ်ကနေ ရွတ်ဆိုရတာပါ။ ကိုယ်ဖြစ်ချင်တဲ့ကောင်းမွန်တဲ့ဆန္ဒလေးတွေကို နှုတ်ကနေရွတ်ဆိုတာက Positive Affirmation ပါပဲ။ကောင်းမွန်တဲ့ ဘဝအပြောင်းအလဲအတွက် ဒီအချက်လေးတွေကို […]

အလုပ်မှာ Toxic ဖြစ်စေတဲ့ အကြောင်းအရင်း (၄)ခု

June 3, 2024 Aung Khant Mon 0

လူတိုင်းမှာ အလုပ်သွားလုပ်ရတာကို မုန်းတဲ့နေ့တွေရှိကြပါတယ်။ ဥပမာတနင်္လာနေ့လိုမျိုးပေါ့။လူအများအတွက်တော့ တနင်္လာနေ့တွေမှာ အလုပ်စတင်ဖို့အတွက်အားအင်ယူဖို့ခက်ခဲကြပါတယ်။ ပိတ်ရက်ကနေ ရုန်းထွက်ဖို့ အဆင်သင့်မဖြစ်ကြသေးပါဘူး။ပိတ်ရက်တွေကုန်သွားမှာကို ဝမ်းနည်းနေတတ်ကြပါတယ်။ ဒါက လူတိုင်းကြုံရတတ်ပါတယ်။အထူးသဖြင့် အလုပ်ကိုချစ်တဲ့သူတွေတောင်မှ တခါတလေတော့ဒီလိုအဖြစ်မျိုးကြုံရနိုင်ပါတယ်။ဒါပေမဲ့အခုပြောမှာကတော့ အလုပ်သွားရမှာကို ကြောက်တဲ့စိတ်ဖြစ်နေတဲ့အချက်ပါ။ကိုယ့်ရဲ့အ လုပ်ပတ်ဝန်းကျင်က ကိုယ့်အတွက် Toxic ဖြစ်စေပြီးတော့ အလုပ်သွားဖို့အတွက်ကြောက်တဲ့စိတ်ဖြစ်နေပြီဆိုရင်တော့ သင်က Toxic အလုပ်ပတ်ဝန်းကျင်ထဲမှာရောက်ရှိနေပါပြီ။ အဆိပ်အတောက်ဖြစ်စေတဲ့အလုပ်ပတ်ဝန်းကျင်ဆိုတာက […]