ကိုယ့်ရဲ့ အွန်လိုင်းဂုဏ်သတင်းကို ဘယ်လိုတည်ဆောက်မလဲ
ဝန်ထမ်းတဦးပဲဖြစ်စေ၊ အဖွဲ့အစည်းကြီးတခုမှာ တာဝန်ကြီးကြီးမားမားယူထားသူပဲဖြစ်စေအွန်လိုင်းပလက်ဖောင်တွေမှာ နာမည်ဂုဏ်သတင်းတည်ဆောက်ဖို့ အရေးကြီးပါတယ်။လူမှုကွန်ရက်စာမျက်နှာတွေမှာ ကိုယ့်ရဲ့ ဂုဏ်သတင်းကိုဘယ်လိုတည်ဆောက်မလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။ ပို့စ်မတင်ခင်ထပ်ခါ ထပ်ခါ စဉ်းစားပါ ဒီအချက်က အရေးအကြီးဆုံးပါပဲ။ ကိုယ်ကိုလူတွေကဘယ်လိုလူတယောက်အဖြစ်မြင်ချင်သလဲဆိုတာကို အွန်လိုင်းကနေတည်ဆောက်ပုံဖော်နေကြပါတယ်။ ကိုယ်က အွန်လိုင်းပေါ်မှာဒရာမာတွေခင်းတတ်တဲ့လူမျိုးလား၊ ကိုယ်က အလုပ်အကြောင်းကိုတချိန်လုံးဖောင်းထုနေတတ်တဲ့သူမျိုးလား၊ ကိုယ်က တခြားသူတွေကိုပြစ်တင်ပြောဆိုဝေဖန်နေတတ်တဲ့သူလားစတဲ့ ကိုယ့်ရဲ့တင်လိုက်တဲ့ပို့စ်တွေကနေ ကိုယ်ကဘယ်လိုလူမျိုးလဲဆိုတာကို အကဲခတ်နိုင်ကြပါတယ်။ ခုနောက်ပိုင်းအလုပ်လျှောက်တဲ့အခါမှာ […]