ကောင်းမွန်တဲ့ အပြောင်းအလဲအတွက် နေ့စဉ်လုပ်သင့်တဲ့ Positive Affirmation များ – အပိုင်း (၁)
Positive Affirmation ဆိုတာ ဘာလဲဆိုတာကို မသိသေးတဲ့သူတွေအတွက်အရင်ဆုံးပြောပြချင်ပါတယ်။ Positive Affirmation ဆိုတာ အပြုသဘောဆောင်တဲ့ကတိသစ္စာပြုခြင်းပါပဲ။ ဘယ်သူ့ကိုလဲဆိုရင် ကိုယ့်ကိုယ်ကိုယ်ပါ။ ဒီအပြုသဘောဆောင်တဲ့ကတိသစ္စာပြုခြင်းကနေ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့ကိုယ်ရေးကိုယ်တာအခြေအနေတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ကိုယ်ကအဆိုးမြင်တတ်တဲ့သူတယောက်ဆိုရင် ဒီအချက်လေးတွေ ပြောင်းလဲပြီးလုပ်ကြည့်ပါ။အကျိုးရှိလာပါလိမ့်မယ်။ ဒီလိုကတိသစ္စာပြုတာက နှုတ်ကနေ ရွတ်ဆိုရတာပါ။ ကိုယ်ဖြစ်ချင်တဲ့ကောင်းမွန်တဲ့ဆန္ဒလေးတွေကို နှုတ်ကနေရွတ်ဆိုတာက Positive Affirmation […]