ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်ဆိုတာ ဘာလဲ

June 22, 2024 Aung Khant Mon 0

ဝေဖန်ပိုင်းခြားနိုင်တဲ့ တွေးခေါ်မှုစွမ်းရည်ဆိုတာ ဘာလဲ။ Critical Thinking လို့အားလုံးသိထားကြပြီးသားပါ။ အချက်အလက်များကိုခွဲခြမ်းစိတ်ဖြာဖို့၊ ဆင်ခြင်တုံတရားနဲ့ဖြေရှင်းဖို့အတွက် သင်အသုံးပြုနိုင်တဲ့ စွမ်းရည်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ဒီဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်က သင့်အတွက် ထိရောက်တဲ့ ပြဿနာဖြေရှင်းခြင်းနဲ့ဆုံးဖြတ်ချက်ချခြင်းတို့ကို လှုံ့ဆော်ပေးတဲ့ စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်ဉာဏ်သွေးအမျိုးအစားတခုဖြစ်ပါတယ်။ဝေဖန်ပိုင်းခြားနိုင်တဲ့ တွေးခေါ်မှုစွမ်းရည်တိုးတက်ဖို့ သင်ကြိုးစားကြည့်ဖူးပါသလား၊ဒီအချက်တွေက သင့်ကို အကူအညီဖြစ်စေပါလိမ့်မယ်။ ဒီစွမ်းရည်ကပျော့ပြောင်းတဲ့စွမ်းရည်တွေဖြစ်ကြပြီး အလေ့အကျင့်လုပ်ယူလို့ရနိုင်ပါတယ်။ ခွဲခြမ်းစိတ်ဖြာတွေးခေါ်ခြင်း ခွဲခြမ်းစိတ်ဖြာတဲ့ […]

မယိမ်းမယိုင် သစ္စာရှိတယ်လို့ နာမည်ကျော်တဲ့ ရာသီခွင် (၄)ခု

June 21, 2024 Aung Khant Mon 0

နက္ခတ်ဗေဒင်တွေအရ သစ္စာစောင့်သိမှုရှိကြတဲ့ ရာသီခွင် (၄)ခုရှိကြပါတယ်။ ခိုင်မြဲသောမိတ်ဆွေ ဒါမှမဟုတ် လက်တွဲဖော်ကိုရှာဖွေနေသူတွေအတွက်တော့ ဒီရာသီဖွား လေးခုကမယိမ်းယိုင်တဲ့ သစ္စာစောင့်သိမှုကိုရှာတွေ့နိုင်ပါလိမ့်မယ်။ ဒါက နက္ခတ်သဘောအရပြောတာဖြစ်လို့ လူတိုင်းအတွက် မှန်မယ်လို့ မပြောနိုင်ပါဘူး။ အရမ်း Serious မထားဖို့မေတ္တာရပ်ခံလိုပါတယ်။ Taurus: April 20-May 20 တည်ကြည်တဲ့အဖော်ကိုလိုချင်ရင်တော့ ဒီရာသီဖွားလေးတွေရှိပါတယ်။ သူတို့က […]

လုပ်ငန်းခွင်ထဲက မျိုးဆက် ၅ ခု

June 21, 2024 Aung Khant Mon 0

လုပ်ငန်းခွင်တခုမှာ မတူညီတဲ့မျိုးဆက်တွေရှိတာ အားနည်းချက်တခုလို့ထင်ကောင်းထင်နိုင်ပေမဲ့ အသက် ၂၅နှစ်ကနေ အသက်၅၉အရွယ်အထိမတူညီတဲ့ဘဝအတွေ့အကြုံတွေ၊ စွမ်းရည်တွေ၊ ရှုထောင့်တွေရှိတာကိုတော့မေ့ထားလို့မရပါဘူး။ လူတိုင်းရဲ့အားသာချက်အား နည်းချက်တွေကို လေးစားမှုနဲ့ဂရုတစိုက်ဆက်ဆံတဲ့အခါမှာ မျိုးဆက်ကွာခြားမှုက အားပြိုင်မှုတခုမဟုတ်တော့ပါဘူး။သင်တို့ရဲ့လုပ်ငန်းခွင်တွေမှာရှိလေ့ရှိထရှိတဲ့ မျိုးဆက်ငါးခုကို သင်သိပါသလား။သင်တို့ရဲ့လုပ်ငန်းခွင်မှာရော မျိုးဆက်ဘယ်နှခုလောက်အထိရှိသလဲဆိုတာ သုံးသပ်ကြည့်ဖူးသလား။ ဒီဆောင်းပါးလေးဖတ်ပြီးတဲ့အခါမှာတော့စဉ်းစားသုံးသပ်ကြည့်မယ်လို့ မျှော်လင့်ပါတယ်။ ရှေးရိုးသမားများ Silent Generation လို့လည်း လူသိများတဲ့ ဒီမျိုးဆက်ကို […]

အကောင်းမြင်စိတ်ကြောင့်ဆွဲဆောင်မှုရှိတဲ့ ရာသီခွင် (၄)ခု

June 20, 2024 Aung Khant Mon 0

အကောင်းမြင်စိတ်နဲ့ အကောင်းမြင်ဝါဒက လူတွေကိုဆွဲဆောင်မှုရှိတယ်ဆိုတာသင်သိပါသလား။ ဒီရာသီဖွားလေးတွေကတော့ သွားလေရာမှာကောင်းမွန်တဲ့ခံစားချက်ကိုဖြန့်ကျက်ပေးနိုင်တာကြောင့် နာမည်ကြီးပါတယ်။ဒီအပြုသဘောဆောင်တဲ့ ရာသီခွင်တွေက ဘယ်ရာသီ ခွင်တွေဖြစ်မလဲဆိုတာမျှဝေပေးသွားချင်ပါတယ်။ Aries : March 21-April 19 ဒီရာသီဖွားတွေက အကောင်းဆုံးအကောင်းမြင်သမားတွေဖြစ်ပါတယ်။ဒီရာသီဖွားတွေရဲ့အပြုသဘောဆောင်တဲ့ စွမ်းအင်တွေရှိတာကြောင့် တခြားသူတွေကိုကူးစက်စေပါတယ်။ သူတို့ရဲ့စိတ်အားထက်သန်မှုနဲ့ ပြင်းပြတဲ့ ရဲရင့်မှုတွေ၊ ရဲစွမ်းသတ္တိတွေကတခြားသူတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ Leo: July […]

ထိရောက်တဲ့ ညှိနှိုင်းမှုအတွက် အကြံပြုချက် (၆)ချက်

June 20, 2024 Aung Khant Mon 0

ထိရောက်တဲ့ညှိနှိုင်းမှုကလည်း ဘယ်လိုနယ်ပယ်မှာမဆို လိုအပ်ပါတယ်။ ကိုယ်လိုချင်တဲ့အရာကိုရရှိနိုင်ဖို့အတွက် ကိုယ့်မှာ ညှိနှိုင်းရေးစွမ်းရည်ကောင်းကောင်းရှိဖို့လိုပါတယ်။ဒီအချက်တွေကတော့ အဲဒီလိုညှိနှိုင်းရေးမှာ သိသင့်တဲ့ထိရောက်တဲ့အကြံပြုချက်တွေဖြစ်ပါတယ်။။ ယုံကြည်မှုရှိပါ ပထမအရေးကြီးဆုံးအချက်ကတော့ ယုံကြည်မှုရှိဖို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ကညှိနှိုင်းရေးမှာ အဓိက အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ဒီအချက်ကိုစေ့စပ်ညှိနှိုင်းရေးမလုပ်ခင်မှာ ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။မျက်နှာချင်းဆိုင်စကားပြောတဲ့အခါ မျက်လုံးချင်းဆုံးပြီး ကြည့်ဖို့မမေ့ပါနဲ့။ လေးစားမှုရှိပါ ညှိနှိုင်းရေးမှာ ဒုတိယအရေးကြီးတဲ့အချက်ကတော့ အပြန်အလှန်လေးစားမှုပါ။ကိုယ့်ရဲ့တောင်းဆိုမှုအတွက် မာနရှိပါ။ ဒါပေမဲ့ တဖက်မှာလည်း […]

အောင်မြင်မှုရရန် ဖြစ်နိုင်ချေအရှိဆုံး ရာသီခွင် (၄) ခု

June 19, 2024 Aung Khant Mon 0

အောင်မြင်ဖို့ အလားအလာ အရှိဆုံး က ဘယ်ရာသီခွင်တွေဖြစ်မလဲ။ နက္ခတ်ဗေဒင်အရကိုယ်ရည်ကိုယ်သွေးတွေကိုက်ညီပြီး အောင်မြင်မှုအတွက် အလားအလာအရှိဆုံးရာသီခွင်တွေကိုဖော်ပြပေးချင်ပါတယ်။ ဒါကို ဖျော်ဖြေရေးအနေနဲ့သာ ဖတ်ဖို့နဲ့ Serious မထားဖို့အကြံ ပေးချင်ပါတယ်။ Aries – March 21-April 19 ဒီရာသီဖွားတွေက သူတို့ရဲ့မကြောက်ရွံ့တတ်တဲ့စိတ်ကြောင့် လူသိများပါတယ်။ သူတို့တွေကခေါင်းဆောင်ကောင်းတွေဖြစ်ကြပြီး စိန်ခေါ်မှုအသစ်အတွက် အမြဲတမ်းလက်ခံဖို့အဆင်သင့်ပါပဲ။ […]

အချိန်ပိုင်းအလုပ်ရဲ့ ကောင်းကျိုး (၅)ခု

June 19, 2024 Aung Khant Mon 0

အချိန်ပိုင်းအလုပ်များတွေက ပုံစံအမျိုးမျိုးရှိကြပါတယ်။ ဒီအချက်တွေကတော့အချိန်ပိုင်းအလုပ်လုပ်ရတာရဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။ ပြောင်းလွယ်ပြင်လွယ်ဖြစ်တာ သင်က အချိန်ပိုင်းလုပ်တဲ့သူတယောက်ဆိုရင် ကိုယ့်ရဲ့အချိန်ဇယားကို ပြောင်းလွယ်ပြင်လွယ်စေ့စပ်ညှိနှိုင်းဖို့လွယ်ကူပါတယ်။ အချိန်ပိုင်းအလုပ်ကို စာချုပ်နဲ့လုပ်တာမျိုးဆိုရင် ဥပဒေအရပိုမိုအကာအကွယ်ရရှိနိုင်ပါတယ်။ ငွေကြေးလွတ်လပ်မှု အချိန်ပိုင်းဝန်ထမ်းများက အချိန်ပြည့်ဝန်ထမ်းများလို လစာဝင်ငွေပုံမှန်မရှိပေမဲ့ သူတို့ကအလုပ်ရရင ရသလို ဝင်ငွေလည်းများကြပါတယ်။ တလလုပ်ပြီး ၃လလောက်ထိုင်စားလို့ရကြပါတယ်။ ဒါကြောင့်လည်း သူတို့ကိုငွေကြေးလွတ်လပ်မှုရှိတယ်လို့ပြောကြတာပါ။ သူတို့က တပတ်ကို […]

ပြင်းပြတဲ့ အချစ်ရေးကြောင့် လူသိများတဲ့ ရာသီခွင် (၄)ခု

June 17, 2024 Aung Khant Mon 0

စိတ်အားထက်သန်ပြီး ပြင်းပြတဲ့ အချစ်နဲ့ချစ်တတ်တာကြောင့် နာမည်ကျော်တဲ့ရာသီခွင်လေးခုရှိပါတယ်။ သင်က ဒီလိုအချစ်မျိုးနဲ့ ကြုံဖူးပါသလား။ ဒါမှမဟုတ်သင့်ရဲ့ချစ်သူက ဒီရာသီခွင်တွေထဲက တခုလား။ Aries (Mar 21 – Apr 19) Aries လေးတွေကတော့ ထိပ်ဆုံးက ပါနေပါတယ်။ သူတို့ရဲ့စိတ်အားထက်သန်တဲ့ အချစ်ကသူတို့ရဲ့ဆက်ဆံရေးထဲကို စိမ့်ဝင်သွားတတ်ပါတယ်။ အေးရီလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ဒီရာသီခွင်လေးတွေ […]

အင်တာဗျူးမတိုင်ခင် ပြင်ဆင်ရမယ့် အကြံပြုချက် (၄)

June 17, 2024 Aung Khant Mon 0

ထူးချွန်သော အင်တာဗျူးစွမ်းရည်က ဒီအတိုင်းရောက်မလာတတ်ပါဘူး။သေချာပြင်ဆင်ဖို့လိုအပ်ပါတယ်။ ယုံကြည်မှု၊ စိတ်ဖိစီးမှုကိုစီမံခန့်ခွဲနိုင်တဲ့စွမ်းရည်၊ဖောက်ထွက်တဲ့အတွေးစတာတွေကို ကြိုတင်လေ့ကျင့်ပြီး ခိုင်မာအောင်ပြင်ဆင်နိုင်ပါတယ်။ဒီအချက်တွေကတော့ အင်တာဗျူးမတိုင်ခင်မှာ ကြိုတင်ပြင်ဆင်ဖို့အတွက်အကြံပြုချက်တွေပဲဖြစ်ပါတယ်။ အိမ်စာလုပ်တာ အင်တာဗျူးသွားဖြေတဲ့အခါ အိမ်စာလုပ်တဲ့သူက တပန်းသာတာပါပဲ။ အိမ်စာလုပ်တယ်ဆိုတာအဖွဲ့အစည်းအကြောင်း၊ သူတို့ရဲ့အခန်းကဏ္ဍအကြောင်း တတ်နိုင်သမျှလေ့လာဖို့ပါ။ကုမ္ပဏီဝက်ဘ်ဆိုက်တွေမှာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ သူတို့ရဲ့ရည်မှန်းချက်တွေ၊ပန်း တိုင်တွေကို အကြမ်းဖျင်းလေ့လာနိုင်ပါတယ်။ ဒီအရာတွေကို ကိုယ်နဲ့ရင်းနှီးအောင်လုပ်ပါ။ပြီးတော့ ဒီလေ့လာချက်တွေကနေတဆင့် သင့်ရဲ့အရည်အချင်း၊ […]

ဘယ်လိုအသက်မွေးဝမ်းကျောင်းအတွက်မဆို လိုအပ်တဲ့ Teamwork Skills (၆)ခု

June 16, 2024 Aung Khant Mon 0

အခုမျှဝေပေးချင်တာကတော့ ဘယ်လိုအသက်မွေးဝမ်းကျောင်းအတွက်မဆို အရေးကြီးတဲ့အဖွဲ့လိုက်လုပ်ဆောင်မှုစွမ်းတွေပဲဖြစ်ပါတယ်။ အဖွဲ့လိုက်လုပ်ဆောင်မှုရဲ့အရေးပါမှုကိုသံသဝင်စရာမရှိပါဘူး။ ဒီစွမ်းရည်တွေက ဘယ်လိုနယ်ပယ်မှာမဆို သင့်ကိုထူးချွန်စေဖို့ ကူညီပေးပါလိမ့်မယ်။ Communication လုပ်ငန်းခွင်မှာ ဆက်သွယ်မှုပုံစံအမျိုးအစားများစွာရှိပါတယ်။လူတွေရဲ့အကြောင်းလေ့လာခြင်းအားဖြင့် ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကို မြှင့်တင်ဖို့မရှိမဖြစ်လိုအပ်တယ်ဆိုတာကို သက်သေပြနိုင်ပါတယ်။ အမျိုးမျိုးသော ဆက်သွယ်မှုတွေကိုနားလည်ပြီး ပိုမိုထိရောက်တဲ့ ဆက်သွယ်ရေးကို ဦးဆောင်ဖို့အတွက် လိုအပ်တာတွေကိုသိရှိလာနိုင်ပါတယ်။ ဒီဆက်ဆံရေးတွေထဲမှာ နားထောင်ခြင်းစွမ်းရည်ကလည်း လျစ်လျူရှုထားလို့မရတဲ့ အစိတ်အပိုင်းတခုဖြစ်တယ်ဆိုတာကို သတိချပ်သင့်ပါတယ်။တက်ကြွစွာနားထောင်ခြင်းကလည်း […]